ရှေးခေတ်မှော်လူမျိုးများ
ရှာမင်များ
ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ တန်ဂပ်စ်လူမျိုးစုတို့သည်မှော်ဆရာများကို ရှာမင်ဟုခေါ်ကြလေသည်။ရှာမင်
ဟူသည်မှာ မှော်ပညာတစ်ခု၏နာမည်
ကို အစွဲပြုကာ ပေါ်ပေါ်က်လာခြင်းဖြစ်ပြီး ထိုအတတ်ပညာကိုတတ်သောလူမျိုးတို့ကို ရှာမင်ဟု ခေါ်ကြခြင်းပင်ဖြစ်သည်။ထိုရှာမင်များသည် ကမ္ဘာအနှံအပြားသို့ သွားလာနေထိုင်တတ်ကြသည်။အထူးသဖြင့် ယင်းတို့ကိုတိဗတ်နှင့်ဘူတန်နိုင်ငံများတွင် ပို၍တွေ့ရှိရသည်။အချို့က ရှာမင်များကို ဆေးဆရာများဟုလည်း ခေါ်ကြသည်။ထိုရှာမင်တို့သည် လူ၏ဦးနှောက်ဖြင့်မမှီလိုက်သော အတွေ့အကြုံများကို လိပ်ပြာလွှင့်ပြီး လိပ်ပြာလောကမှ နတ်များ၊ပရလောကသားများထံမှ အကျိုးအကြောင်းစုံစမ်းပြီး ဆေးကုကြခြင်းဖြစ်သည်။သို့သော် ခေတ်သစ်ရောက်လာချိန်တွင်မူ အမြင်မကြည်သူများကယင်းတို့်ကို လူသတ်သောမှော်ဆရာများသာဖြစ်သည်ဟုစွတ်စွဲခဲ့ကြသည်။ထိုသို့စွတ်စွဲရသော အဓိကအကြောင်းရင်းမှာ ရှာမင်တို့က လူများရောဂါရခြင်းသည်နတ်မိစ္ဆာများပြုစားခြင်းသာဖြစ်သည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။ထိုကြောင့်လည်း ရှာမင်တို့သည် နတ်မိစ္ဆာများရှိရာ ပရလောကသို့ ရောက်အောင်သွားတတ်ကြသည်။ယင်းတို့က ပရလောကသို့သွားရာတွင် သာမန်သိစိတ်ဖြင့် ဝင်ရောက်၍မရနိုင်သောကြောင့် မေ့မြောသွားအောင်လုပ်ယူပြီး သွားကြသည်။ မေ့အောင်လုပ်ယူရာတွင်ဗုံတီးပြီး ဝိုင်းပတ်ကာ ကကြသည်။ထိုအခါ ရှာမင်သည် ဗုံ၏စည်းချက်ထဲတွင် နစ်မြောသွားပြီး နှလုံးခုန်စည်းချက်မှာ ပြောင်းလဲသွားလေသည်။ရှာမင်တို့သည် ဆေးကုသကြရာတွင်မကောင်းဆိုးဝါးများကို နှင်ထုတ်ရန်အတွတ်သာ မဟုတ်ဘဲ အခြားသော မကောင်းမူများကိုပါ ကုသပေးကြလေသည်။ရှာမင်တို့သည်မိုးကိုလည်းရွာစေနိုင်သည်။ဝိညာဉ်လောကသို့လည်းဆက်သွယ်ပေးနိုင်သည်။ထိုကြောင့် ရှာမင်တို့သည် လူသိများသော မှော်ဆရာများ ဖြစ်ခဲ့ကြသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်