မင်းဆက်ဝေ-
မင်းဆက်ဝေ
Sunday, August 19, 2018
Tuesday, July 31, 2018
တာရာမင်းဝေအား လေ့လာခြင်း (၂၃)
သူနှင့်မိန်းမ
*
ကျွန်တော်တို့ရဲ့ လောကကြီးမှာ မိန်းမတွေဟာလည်း ယောကျာ်းတွေကြောင့် ခံစားကြရပြီးနောက် ယောကျာ်းတွေအကြောင်း ပြောလာကြပါတယ်။ ထိုနည်းတူပါပဲ ယောကျာ်းတွေဟာလည်း မိန်းမတွေကြောင့်ခံစားကြရပြီးနောက် မိန်းမတွေအကြောင်းကိုပြောလာကြပါတယ်။ ဒီလိုပါပဲ ဆရာတာရာမင်းဝေလည်း ခံစားခဲ့ဖူးလို့ ထင်ပါရဲ့ မိန်း မတွေ အကြောင်းကို အနည်းအကျည်းတော့ ပြောပြခဲ့ပါတယ်။
ဆရာတာရာမင်းဝေဟာ မိန်းမတွေအပေါ်မှာ ဘယ်လို သဘောထားတယ်ဆိုတာကို ခေတ်နေအတွက် စာတစ်ရွက်မှ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ ဆရာတာရာမင်းဝေက သူ့သားအတွက် မိန်းမတွေအကြောင်းကို အခုလို ထုတ်ဖော်ပြောထားပါတယ်။
(သားကို တစ်ခုပြောရဦးမယ်။ မိန်းမတွေကို သတိထားကွ ၊ ဖေဖေပြောတဲ့ ဒီစကားဟာ မိန်းမတွေကို နှိမ့်ချပြီး ပြောတာမဟုတ်ဘူး။ ဒါပေမယ့် အားနွဲ့တတ်တဲ့ မိန်းမ သဘာဝအရ သူ့နည်း သူ့ဟန် ရုန်းကန်မူတွေဟာ ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှတ် ဖြစ်စေတတ်တယ်။ အထူးသဖြင့် ယောကျာ်းသားတွေကို ခေါ်င်းခဲစေတဲ့ ကိစ္စတစ်ရပ်ကို ယောကျာ်းတစ်ယောက် မြင်ပုံနဲ့ မိန်းမတစ်ယောက်မြင်ပုံ မတူဘဲ၊ ကွဲ ပြားတတ်တယ်။ ယောကျာ်းတွေနဲ့အပြိုင် တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမတွေ ၊ ယောကျာ်းထက်ပိုပြီး သဘောထားကြီးနိုင်တဲ့ မိန်းမတွေလည်း ရှိပါတယ်။ ဒါပေမယ့် ထမင်းအိုးကြီ (၇)အိုးလောက် သိုးအောင် မင်းရှာရလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ လူပိန်းဆန်တဲ့ မိန်းမတွေက ပိုများတယ်။)
(ခေတ်နေအတွက် စာတစ်ရွက်မှ)
ဒါက ဆရာတာရာမင်းဝေမြင်လိုက်တဲ့ အမြင်ပါ။ အထင်အရ ဆရာတာရာမင်းဝေဟာ မိန်းမတွေနဲ့ ပတ်သတ်ပြီး အယူအဆလေး နည်းနည်းလေးများ အစွန်းရောက်သလားလို့တော့ ထင်စရာရှိပါတယ်။ ဒီလိုထင်ရအောင်လည်း တစ်ခါတစ်လေ သူရဲ့ဖော် ထုတ်ပြမူက သက်သေပြနေပြန်တယ်။
("စကားပုံတစ်ခုရှိတယ်။ ခင်ဗျားတို့ မကြားဖူးဘူးလား။"
"မကြားဖူးဘူး။ပြောစမ်းပါဦးဗျ ဘာများလဲ။"
"Wives and mats best when newတဲ့။"
"ဟုက်ကဲ့"
"မြန်မာလိုပြန်ရရင်တော့ မိန်းမတွေနဲ့ ဖျာတွေဟာ အသစ်ဘဝမှာပဲ အကောင်းဆုံးတဲ့။") (ကျွန်တော်နှင့် အရုပ်မြို့တော်မှ)
ဒါတင်မကသေးပါဘူး။ နောက်ထပ်အချက်အလတ်တွေလည်း ရှိပါသေးတယ်။ ဆက်ပြီးကြည့်ပါ။
("တမီးလ်စကားပုံ တစ်ခုရှိတယ်၊"
"လုပ်စမ်းပါဦး။"
"He who listens to the advice of woman is a fool"တဲ့။ "မိန်းမတွေရဲ့ အကြံပေးစကားကို နားထောင်တဲ့လူဟာ အရူးပဲလေဗျာ။ ကျုပ်လိုကောင်မျိုးပေါ့။")
(ကျွန်တော်နှင့် နတ်ဘုရားရုပ်တုမှ)
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဆရာတာရာမင်းဝေဟာ မိန်းမတွေအပေါ်မှာ သိပ်ဘဝင်မကျဖြစ်နေပုံရပါတယ်။ ဘာကြောင့် ဘဝင်မကျသလဲဆိုတာကို သူက အတွေးအခေါ်တွေနဲ့ ခုလိုမျိုး ထုတ်ထုတ်ပြပါတယ်။ နောက်ထပ် မှော်ဆရာရဲ့ကျောင်းစာအုပ်ထဲမှာလည်း သူရဲ့ မိန်းမတွေအပေါ် တင်ပြချက်အမြင်တစ်ခုက သစ်ဆန်းနေပြန်ပါသေးတယ်။
(မိန်းမတွေက နာရီလိုပဲဗျ၊ အင်မတန် အပြောင်းအလဲ မြန်တာ၊ တစ်ခါကြည့်ရင်
တစ်မျိုးဖြစ်နေတယ်။)
(မှော်ဆရာရဲ့ ကျောင်းစာအုပ်မှ)
သူပြောတာကလည်း ဟုတ်သလိုလိုကြီးရယ်ပါ။ ကျွန်တော်တောင် လက်သင့်ခံချင် သလိုလိုပါပဲ။ မိန်းမနဲ့အဆင်မပြေသူတွေအတွက်ကတော့ဒီစကားလုံးက အင်မတန် ကောင်းမွန်တဲ့ စကားလုံးလို့ဆိုရမှာပါ။ နောက်ထပ် ဟာသဆန်ဆန် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ချို့ကိုလည်း တွေ့ရှိရပြန်ပါတယ်။
("ပူဖောင်းနဲ့ တူတဲ့ မိန်းမကို မယူနဲ့"
"ဘာဖြစ်လို့လဲဆရာ၊ ဝတိုတိုဖြစ်နေလို့လား။"
"မဟုတ်တာကွာ၊ ဥပမာ ပြောတာပါ။"
"နားမရှင်းဘူးဆရာ။"
"သြော်...ပူဖောင်းကကွာ၊ အပေါ်ယံတင်းပြီး မာကျောနေတယ်။ အထဲမှာ လေပဲရှိပြီး ကြည့်လို့လည်း မမြင်ရဘူး။") (ဝတ်မှုန်တစ်စက်ရဲ့ အတ္ထုပတ္တိ)
တစ်ခါတစ်လေမှာ ဒီလိုမျိုး ဟာသဆန်ဆန် ဥပမာလေးတွေနဲ့လည်း မိန်းမတို့ရဲ့ အတွင်းစိတ်ကို သူက ဖော်ထုတ်ပြတတ်ပါသေးတယ်။ မိန်းမတွေ အတွက်တော့ စိတ်ဆိုး စရာကြီးတော့ ဖြစ်နေမှာပေါ့။ ဒါပေမယ့်လို့တော့ အပြစ်တော့မမြင်စေချင်ပါဘူး။ သူက ခံစားထားရသူမို့ ဒီလိုစကားမျိုးတွေ ထွက်ခဲ့သလားမှ မသိတာနော်.. ။
posted from Bloggeroid
Saturday, July 28, 2018
Tuesday, July 24, 2018
ဥပက္ခောတိမ်တိုက်
၁။
ဟောဒီမှာလေ...
ငါ မော့မော့ကြည့်ရတဲ့ တိမ်ဖြူတစ်ချို့ရှိတယ်...
ငါ့ ညာဘက်လက်ထဲ
ငါ့ကိုယ့်ငါ မညာဘဲ
သူကို ချောင်းကြည့်နေခဲ့ဖူးတယ်....။
၂။
မာယာတွေနဲ့
ချည်နှောင်ထားသလားပဲ
အသွင်ပြောင်းပြောင်းပြတဲ့
တိမ်ဖြူ ရေ
ခံစားချက်တွေ
ဟိုး...
အနက်ရှိုင်းဆုံးအထိ
တိုးဝင်အမြစ်တွယ်ရင်း
ရုန်းထွက်မရဖြစ်နေရပြီ...။
၃။
လေပြေတွေနဲ့ ဆော့ကစားဖို့
ဟောဒီ မြက်ခင်းစိမ်းစိမ်းတို့မှာ ငေးနေ...
ပန်းချီ ကားတစ်ချပ်လို တိမ်ဖြူဖြူ မာယာစုတ်ချက်တွေက
လှောင်ပြောင်ရယ်မောနေကြသလားလို့...
ခုလို အိမ်အိုဟောင်းလေးထဲက
ချောင်းချောင်းကြည့်ရတာကိုက
ပြက္ခဒိန်ဇာတ်လမ်းတွဲလေးပါပဲ တိမ်ဖြူရယ်.....။
၎။
တိမ်ဖြူ
မင်းဟာ
ငါရေးဖြစ်တဲ့ ငါ့ကဗျာပဲပေါ့
င့ါကဗျာမှာ
မင်းအငွေ့အသက်တွေချည်း
အမည်မသိကြည်နူးမှုအတွက်တော့
ငါတစ်ယောက်ထဲ
ပြုံး..ပြုံးနေမိတယ်လေ...။
၅။
ပြုံးနေမိတဲ့ ငါ့ကို အရူးတစ်ယောက်လို့ ဆိုမှာလား တိမ်ဖြူ
ငါ့က ဥသြတစ်ကောင်ရဲ့ နွေနေ့လည်နဲ့
သံစဉ်အပိုင်းပိုင်းကြားမှာ အလွမ်းထူခဲ့ရသူပါ...
ငါ့ကို ဖေးကူလှည့်ပါ တိမ်ဖြူ
မြက်ကန်သင်းဟာ ခြောက်သွေ့ကောက်ရိုးနှယ် ဆိုပေမယ့်
လောင်စာကောင်းလို ဟုန်းခနဲ တောက်နိုင်တယ်ဆိုတာ
မင်း အသိသားနဲ့
ခုလို လွမ်းမောစေချင်ခဲ့သလားကွယ်
ငါ့မှာ ခြောက်ခြောက်သွေ့သွေ့နဲ့ကို လွမ်းရတယ်။
၆။
တိမ်ဖြူရေ
အလွမ်းရိပ်တွေ မြင်နေလျက်နဲ့
ဥပက္ခာမပေးပါနဲ့...
ငါ့ ချစ်တတ်ခြင်းတွေ
ခံစားမိမှာပါ
ငါ့ရင်ကိုသာ ၀င်ကြည့်လှဲ့ပါတော့
ကမ္ဘာဦးတေးသွားတွေနဲ့
မင်းအလာကို ကြိုနေရစ်နေတယ်ဆိုတာ...။
၇။
မင်းမသိခဲ့ဘူးကွယ်....
မင်း ထွက်ခွာသွားပြီးတဲ့နောက်.....
မင်း ဒိုင်ယာရီလေးက ငိုနေခဲ့တယ် တိမ်ဖြူ
ငါတို့ရဲ့ လှပခဲ့တဲ့အတိတ်နေ့စွဲတစ်ချို့ဟာ
ဒီလိုမျိုး စာအုပ်ကြားထဲမှာ ညှပ်နေဖို့ပဲလားလို့
စဉ်းစားတွေးခေါ်နေခဲ့တဲ့ ဒီကာလဆိုး
ငါတို့ရဲ့ ပျော်ရွှင်မြူးတူးဖွယ် စမ်းချောင်းအိုင်ထက်မှာမှ
ပန်းတွေ ဆိုတာများ
အလိမ့်လိုက် ကြွေကုန်ကြရှာပေါ့...ကွယ်...။
၈။
အလွမ်းရင့်ရင့်အရောင်တွေနဲ့
ရစ်ခြုံထားတဲ့
ငါ့ပစ္စုပ္ပန်တွေဟာ
နွမ်းလျလွန်းနေတယ် တိမ်ဖြူ...
ငိုနေတဲ့ ဒဏ္ဍာရီမှာ
အတိတ်ခြေရာတွေ
လတ်လတ်ဆတ်ဆတ် ရှိနေဆဲ
တကယ်ပါ
ကြည်နူးခဲ့ရတဲ့ စာမျက်နှာဆီကို
မင်းပုံရိပ်တွေနဲ့
တမ်းတမ်းဆွေးဆွေး
တစ်ယောက်ထဲပြန်ငေးနေမိတယ်ဆိုတာ
တိမ်ဖြူ ... မင်းသိရင်သိပ်ကောင်းမှာပဲ...။
၉။
ပြောသာပြောရပါတယ်....တိမ်ဖြူရယ်
အခုထိပေါ့....နံရံ ပေါ်က
ငါ့လက်ရာ နင့်ပန်ချီကားတွေဟာ
ငါ့ကို ကြက်ကန်းဆန်အိုးတိုးပြီး
နင့်အချစ်ကို ရရှိခဲ့သူတစ်ယောက်ရယ်လို့
လက်ညိုးငေါက်ငေါက်ထိုးပြီး
လှောင်ပြောင် ရယ်မောနေတုန်းပဲပေါ့ကွယ်
ဒါပေမယ့်...ငါ ခိုးခိုးနမ်းခဲ့တယ်..။
၁၀။
ရာသီဥတုက
ကိုယ်တို့ကို မျက်နှာသာပေးတဲ့
အဲ့ဒီနေ့ကို လွမ်းမိတယ်
တွေ့ဆုံခြင်းက
ဂန္တ၀င်ဆန်ဆန်မဟုတ်ခဲ့ပေမယ့်
ဒီလူ့ရင်ထဲ
တစ်သက်တာ
တက်တူးထိုးပေးလိုက်သလိုပဲ
တိမ်ဖြူရေ...
အဲ့ဒီနေ့ကို ငါမေ့လို့မရဘူးပေါ့ဟာ...။
၁၁။
ဘဝတွေရှိပါတယ်.....တိမ်ဖြူ
ဒါပေမယ့် တွန့်လိမ်ခေါက်ကြေသွားခဲ့တယ်နော်
ဘယ်တော့များ... အလွမ်း ဆုံးမှာလဲ
နင်ရော၊ ငါရော အလွမ်းပတ်လည်ဝိုင်းနေတဲ့ ကျွန်းထဲကနေ
ပင်လယ်တစ်ခုထဲ စီးဝင်ဖို့ဆိုတာ
အဲဒီလောက် ခက်နေမယ်မှန်းသိရင်
အစကတည်းက..
ငါ့လိပ်ပြာ ငါလုံအောင် ထိန်းခဲ့ပါတယ်ကွယ်....။
၁၂။
တိုက်ဆိုင်မိတိုင်း
ငါ့ရင်ကတမ်းတခြင်းတွေတော့
မဖယ်ထုတ်နိုင်ခဲ့ပါဘူး
ငါ သိချင်မိတယ်
နင်ကော?
တိုက်ဆိုင်မှုတွေမှာ
နင်ဟန်ဆောင်နေဆဲလားလို့လေ...
တိမ်ဖြူရေ
နင်မှတ်မိမှာပေါ့
အပွင့်လင်းဆုံးနဲ့ရင်ခုန်သံတွေမညာကြေးဆိုတာလေ!
ရင်ခုန်သံတွေကို
အညင်သာဆုံးနဲ့ နင်သတ်သွားခဲ့တယ်နော်
ငါ့မှာတော့ ဒီအရိပ်တွေနဲ့
တိုက်ဆိုင်တိုင်း နင့်နေအောင်ခံစားနေရတုန်းဟာ...။
၁၃။
နင် ကိုယ်ချင်း မစာနာတတ်ခဲ့ဘူးနော်
ချစ်သူဆိုတာလည်း မိသားစုဝင်မဟုတ်ဘူးလားကွယ်
နင်ခြွေချတဲ့ အဆိပ်သီးတိုင်းက
အဲဒီလို သူစိမ်းဆန်ပြတာတောင်
ငါ့မှာ ကောက်ကောက်စားရင်း
အရူးရင့်သထက်ရင့်၊ စိတ်ပဋိပက္ခ ဖြစ်
အသဲတွေ မွှမွှကြေနေပုံများ
အညိုအမဲစွဲနေတဲ့ညတွေက သက်သေခံပါ တိမ်ဖြူရယ်...။
ငါလေ နင့် ရဲ့ နှုတ်ခမ်းထက်ကမှဲ့ကို ချစ်ခဲ့တယ်...
ငါ လေ နင့်ရဲ့ ရယ်သံလွင်လွင်တစ်ချက်ကို ချစ်ခဲ့တယ်
ငါ လေ နင့်ရဲ့ စူးရှတဲ့ အကြည့်တစ်ချက်ကို ချစ်ခဲ့တယ်
အဲလို ငါ့အချစ်မှာ ငါမက်မောဖက်တွယ်နေမိတာ
ငါ သိပ်မှားခဲ့သလား တိမ်ဖြူရယ်....
နင်ကတော့ အဖြေကို ကျောခိုင်းပြခဲ့ပေါ့ကွယ်.....။
၁၄။
သိပ်ချစ်ခဲ့တယ်
အဲ့ဒီချစ်ခြင်းကိုလည်း သိပ်မက်မောခဲ့တယ်
သိပ်မြတ်နိုးခဲ့တယ်
သိပ်ချစ်ခဲ့ရသလို
ချစ်လည်းချစ်နေဆဲပဲ
ဆက်ပြီးလည်းချစ်နေမိဦးမှာ...
တိမ်ဖြူ ရယ်
နင်အပြောင်းအလဲသိပ်မြန်တာပဲဟာ
ဘ၀ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ချစ်ခြင်းတွေကို နင် စွန့်ခွာရက်တယ်
အေးအတူပူအမျှ ဆိုတာ
နင်ပဲပြောခဲ့တာလေ
ငါတို့ပျိုးခဲ့တဲ့အိပ်မက်တွေကို
နင်နုတ်ယူသွားတယ်
သိပ်ရက်စက်တာပဲဟာ....။
၁၅။
အင်တိုက်အားတိုက် ပြေးနေတဲ့ နင့်လို လူအတွက်
ငါ့ကြောင့် ခလုတ်တိုက်လဲ မှာကိုလည်း မလိုလားပါဘူး
ပင့်ကူတွေ ပန်းချီကားမှာ အိမ်ဖွဲ့တဲ့အထိ
ငါက ဟောဒီပြတင်းပေါက်နေ နင့်ကိုမျှော်နေမယ်
ဟော...ဟိုက မြက်ပင်ရိုင်းတွေနဲ့ ခရေပင်တွေ
လေအဝှေ့  မှာ လှုပ်ယိမ်းသွားတာတွေ့တိုင်း
ဖြူလွှလွှသဏ္ဍာန်တစ်ခုကို ငါ အာရုံမြင်မက်နေမယ်
စိတ်ချတိမ်ဖြူ....
နှင်းဆီတွေ သေဆုံးခြင်း မရှိသေးပါဘူး
ပွင့်အာခြင်းထဲမှာ နင်ဆိုတာ ပါခဲ့သည်ချည်းပါပဲ.....။
၁၆။
တယုတယထွေးပိုက်မြတ်နိုးထားရခြင်းမှာ
နင့်ဥပက္ခာတွေလည်းပါတယ်. ..တိမ်ဖြူ...
ငါ မဟုတ်တဲ့ တစ်ပါးသူအကြောင်းတွေ
နင် သည်းကြီးမဲကြီးရင်ဖွင့်တိုင်း
ဒီ စွန့်ပစ်ခံ ရပ်ဝန်းက
ဥပက္ခာ မပြုရက်ပြန်ဘူးလေ...
နင့် နှလုံးသားနာကျင်ရခြင်းက
ငါ့ကို ပိုနာကျင်စေပါတယ်ဟာ
နင်ရွေးချယ်တဲ့လမ်း
သာယာဖြောင့်ဖြူးပါစေ...။
၁၇။
တကယ်ပါ...တိမ်ဖြူ
ဆုတောင်းခြင်းထဲမှာ ငါ့အတ္တ လုံးဝ လုံးဝကို မပါဝင်ပါဘူးကွယ်
နင် လူတွေကြားမှာ ဂရုစိုက်ပါနော်
သံယောဇဉ်တွေ၊ အထိအတွေ့တွေ တိုးခိုက်ကြတဲ့အခါ
နင့်ရဲ့ ဘယ်လက်တစ်ဖက်ထဲက ငါ့ကို လွှတ်ချပစ်လိုက်ပါ
ဝန်ပေါ့ဖို့အတွက်ဆိုတာ
ငါ.....နားလည်ရပါတယ် တိမ်ဖြူ
အချစ်ထက် ပိုအရေးကြီးတဲ့ အရာတွေ အများကြီးရှိကြောင်း
မင်းကိုယ်တိုင် သက်သေ အခိုင်အမာ ပြနေမှာတော့
ငါ့လို ကဗျာဆရာကို
ပင်လယ်သမုဒ္ဒရာအောက်မှာ နစ်မြှပ်ခဲ့ သဘောင်္ပျက်တစ်စင်းလို
ရှာဖွေဖို့ အကြိမ်ကြိမ်ခက်ခဲနေမယ်ဆိုတာ
ဝန်ခံမပြောလည်း အဖြေမှန်က ထွက်ခဲ့ပြီးသားပါကွယ်
ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်ပေါ့ကွယ်
ငါ့လှိုင်းတွေ ဟာ
နင့်သောင်ပြင်ပေါ်ကို
အကြိမ်ကြိမ် ရောက် လာနေဆဲဆိုတာတော့
နင်... တစ်ချက်ကလေး ကြည့်ပေးပေါ့ကွယ်။
၁၈။
ဟိုး...အမြင့်ကိုပဲ နင်ကလှမ်းကြည့်နေခဲ့တာကိုး
တစ်ချက်ကလေးစောင်းငဲ့ကြည့်ပေးပါ
ရင်ဘတ်ခြင်းထပ်တူကျခဲ့တာ
အပျော်တမ်းရင်ခုန်ခဲ့ကြတာမှမဟုတ်တာ
အနာဂတ်ရင်ပြင်မှာ
အိပ်မက်ကြယ်တွေတလက်လက်တောက်ဖို့လေ
ဟုတ်ပါတယ်လေ တိမ်ဖြူ
ကြယ်ဆိုတာက
နင်ပြောပြောနေတဲ့
နေမင်းလောက်အလင်းရောင်မှမပေးစွမ်းနိုင်တာပဲ...
သာရာမှာသာ သာလိုက်ပါ တိမ်ဖြူ
ညအရိပ်မှာ နားစက်ခိုတိုင်း
အဝေးကနေပဲ
လှမ်းမျှော်ကြည့်ရင်း
ငါ့ရင်တွေ တဖြုတ်ဖြုတ်ကြွေပေးပါ့မယ်...
ဒီညလည်း နင်မှေးစက်ပျော်ပါစေ...။
၁၉။
ဒီလို အလွမ်းနေ့ဆိုးတို့ ကြားမှာပေါ့
ငါ ဆွဲဆွဲဆန့် နေတဲ့ကြိုးက နှောင်ကြိုးတွေတဲ့လား
မျက်ဝန်းအိမ်မှာ မျက်ရည်စို့ရလွန်းလို့
အသဲတို့က တဆစ်ဆစ်ကိုက်ခဲရပါတယ် တိမ်ဖြူ
နင့်နှောင်ကြိုးတွေက ငါ့ကိုယ်ပေါ်မှာ တစ်ရစ်ပြီးတစ်ရစ်
မြဲမြံတဲ့အလွမ်းတွေနဲ့ အတိတ်တွေ ဗဟိုပြုပြီး
ရှေ့တူရှုမှာ
မာယာမီးတွေထွန်းလို့အလျှံတညီးညီးနဲ့ပါလားလို့
နင်....ပြန်လာပါတော့... တိမ်ဖြူ
နင်ခြယ်သထားတဲ့ အစိမ်းရောင် ပြတင်းဘောင်ထက်က
ငါ တီးတိုးစကားတွေ လျောလျောကျရင်း
ငါပြန်ကြားရတဲ့ ဂီတာခတ်သံကြားမှာ
တိမ်ဖြူဆိုတဲ့ နင့်နာမည်နဲ့ အလံဖြူစိုက်ခဲ့တယ်
တကယ်ပါကွယ်...
ငါ့ကိုယ်ငါ ထုံဆေးထိုးဖို့တော့ လိုကိုလိုနေတယ်။
၂၀။
အခုများ နင်မရှိတဲ့နောက်
မြင်မြင်သမျှဟာ စိတ္တဇဆန်ဆန်ကို ရိုင်းတယ် တိမ်ဖြူ...
ခြံထဲမှာ ပန်းတွေလည်း သေနေကြတယ်
သစ်ရွက်ခြောက်တွေလည်း ဖွာလန်ကြဲနေတယ်
မြက်ပင်ရိုင်းတွေက အုပ်စုတောင့်တောင့်နဲ့
အဲဒီထဲမှာပဲ...
ခွေးတွေ တစ်ချက်၊တစ်ချက် ထိုးထိုးဟောင်နေပုံက
နင့်ကိုမြင်လို့ပဲလားလို့ ငါယောင်ယမ်းတွေးနေတယ်
ယမကာခွက်ထဲမှာ မင်းစကားသံတွေ ပါလာတယ်
မျိုချပြီးတဲ့နောက် မင်းရဲ့တိုးငင်ငင်ရယ်သံကို ကြားတယ်
ပြတင်းပေါက်က လှမ်းမြင်ရတဲ့ စေတီတစ်ဆူက
ပိုလွမ်းမောစရာ ပုံရိပ် ဖြစ်ဖြစ်သွား
အုပ်ဆိုင်းဆိုင်း သစ်ပင်ဝါးပင်တွေအောက်မှာ
နင် ထိုင်နေလို၊ ထိုင်နေငြား
ငါ မီးထိုးထိုးကြည့်ခဲ့ပေမယ့်
ဖြစ်ရပ်မှန်ဟာ ဖြစ်ရပ် မမှန်ဘဲလေ....။
ငါ ဘယ်လောက်ကြာကြာတောင်
မျှော်ငေးမိနေတာလဲ တိမ်ဖြူ
ငါရှေ့မှာ မိုးတွေရွာလိုက်
နှင်း တွေကျလိုက်၊ နေတွေပူလိုက်နဲ့
နာရီလက်တံတွေကို
ရန်သူကြီးတွေလို ငါရင်မဆိုင်ဘဲ
ငါရပ်တည်နေမိတာဟာ
နင်ဟာ ထာဝရမို့....
နင်ဟာ ထာဝရမို့......
နင်ဟာ ထာဝရမို့.....
တကယ်... ထာဝရမို့ပါ တိမ်ဖြူရယ်။
Nov 13 2017
Minsetwai, Snow Hninn
Friday, July 20, 2018
ရခိုင်ရောက်နေစဉ်
မိုးတွေက အတိတ်ကို ရစ်ယူသွားတယ်
ငါဟာ ရခိုင်မှာ ရှိနေတယ်
မုန်တိုင်းက တရင်းတနှီးနဲ့ လာနူတ်ဆက်တယ်
ဘီယာနဲ့ဝက်စွတ်ပြုတ် သောက်တယ်
ရမ်းဗြဲရောက်နေတဲ့
သူငယ်ချင်းက ငါ့ကိုဂရုစိုက်ဖို့ လှမ်းမှာတယ်
မအီနဲ့အမ်း၊ အမ်းနဲ့မအီ၊
မအီနဲ့အမ်း၊ အမ်းနဲ့မအီ
တာဝန်တွေထမ်းပြီး မုန်တိုင်းထဲ လျှောတ်လို့သွားတယ်
ရူခင်းတွေ လေတရမ်းရမ်းနဲ့
တာဝါတိုင်တွေလည်း လှုပ်ခါယမ်းနေမယ်
ရန်ကုန်မှာလည်း ဘယ်လိုဖြစ်နေမယ်
မီးပျက်ညထဲ မီးတဖွဲဖွဲကျနေသလိုပဲ
လေတိုက်သံတွေကိုလည်း
အသာအယာ နားစွင့်နေရဆဲ
မကြာခင် ရေဒီယိုကတော့ကြေညာမယ်
အပျက်အစီးခပ်များများနဲ့
ကြိုတင်ကာကွယ်ထားမူမရှိတဲ့အရာတွေ
ပြန်လည်ဆောက်တည်ဖို့
စိတ်ဓာတ်ကျသူများနဲ့
ပေးဆပ်ခြင်း၊ ကူညီခြင်းနဲ့
နာမည်ကြီးခြင်းသူတစ်ချို့
ငါတကယ်ပဲတွေးလိုက်တယ်
ငါဟာ ရခိုင်မှာရှိနေတယ်
မုန်တိုင်းလည်း ရှိနေတယ်
ရှိနေခြင်းထဲမှာပဲ
ဖြစ်ပျက်ဓမ္မတာတွေ
ရောသမမွှေနေတော့တယ်။
May29.2018
Minsetwai
Thursday, July 19, 2018
မျော
မျော
***
တိုးလျိုပေါ်က်က ချောင်းကြည့်မိတော့
ငါတို့ဟာ..
ကွင်းပြင်ကြယ်ကြီးတဲ့ ပြေးလွှားနေကြတဲ့ ပုရွက်ဆိတ် တွေလို
အချိုအဆိမ့်နဲ့ အီတဲ့အရသာတွေကို ပိုက်ထွေးပြီး
ကိုယ့်အိမ်ကလေးထဲ အိပ်မောကျနေသူတစ်ချို့
စကားစမြည်းပြောကြ..
ရယ်ကြ၊ ငိုကြ
နောက်..တံခါးဖွင့်သံကြားမိတဲ့အခါ
ဝင်လာသူလား၊ ထွက်သွားသူလား
နားစွင့်လိုက်မိကြ..
များပြားထွေပြားတဲ့အဖြစ်သနစ်တွေကြား
မျတ်နှာမွဲမဟုတ်ကြောင်း ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်ကြ
တကယ်က
မျောချင်တိုင်းမျောပါနေရတဲ့
ရဟတ်ကောင်တွေဆိုတာ
ဝပ်ကျင်းများက အသိပါ။
May9.2012
Minsetwai
Monday, July 16, 2018
ဗလာသက်သက်
*************
မနက်ဖြန်ဟာ ဗလာသက်သက်ပဲ ဖြစ်တယ်..
ငါ့ကျောရိုးထဲမှာ လူမဆန်မူတွေ သိမ်းဆည်းချုပ်လုပ်ထားတယ်ပဲ ဆိုဆို..
သွေးမထွက်ရဲတဲ့ အနာဟတ်တတ်နဲ့ကောင် ငါ... လူ၏ပြုကျင့်ခြင်း၊ လူ၏ဝေဝါးထွေပြားခြင်း လူ၏ ဇာတ်သိမ်းမလှ၊ လူ၏ ဇာတ်သိမ်းအစ....
အဲဒီလို...
ရေအတက်မှာ လှေတစ်စင်းလို မျောပါလိုက်လို့သွား ငါ့တစ်ကောင်ဟာ..အကျင့်သိက္ခာကိုက ညှီရောင်ပုတ်စို့နေတဲ့အခါ ဘယ်မှာလဲ...ကောက်ရိုး တကယ်မရှိတဲ့အဖြစ်သနစ်နဲ့ တိုးတဲ့သပွတ်လို... ဗေဒါတွေလည်းပျောက်... ကမ်းနံပါးတောက်လျှောတ်.. လှေနံဓားထစ်နေတဲ့အရူးလို့.. အဲဒီမှာ တကယ် ဘာမှ မရှိဘူး...။
ကဗျာစပ်မနေပါနဲ့.. အသုံးမဝင်တဲ့ကောင်အတွက် .. မနက်ဖြန်ဟာ ဗလာသက်သက်ပဲ ဖြစ်တယ်..။
မနက်ဖြန်ဟာ ဗလာသက်သက် ဘာလို့ဖြစ်နေလဲ...
အရင်နေ့တွေလောက် အံသြစရာမကောင်းတော့တဲ့ အဖြေတစ်ခုကို မျှော်လင့်ခြင်းမဲ့စွာ စွန်တစ်ကောင်လိုပဲ လွှတ်တင်လိုက်တော့.. ကုန်ပေါ်ပြန်ပြန်တတ်လာတဲ့ လိပ်.. အသုံးမကျစွာ ခြေကုန်လက်ပန်းကျ မိုးရာသီရဲ့ ပို့စို့ပက်စက်ပွင့်လင်းမူထဲမှာမှ ချောင်ပိတ်မိနေတဲ့ နံရံဟောင်းဟာ ဆေးသားအိုအိုတွေ ကွာကျ
ငါ့ဒုက္ခ...ငါ့ဒုက္ခ...ငါ့ဒုက္ခ
မိမိကံ၊ မိမိခံရုံပဲ နတ္တ
ဘာဆိုဘာမှမရှိတော့မှ.. ငါ့လက်တွေ အမှန်တကယ် အေးစက်ကုန်တော့တယ်...။
အားတင်းနေထိုင်မနေပါနဲ့.. မနက်ဖြန်ဟာ ဗလာသက်သက်ပဲ ဖြစ်တယ်...။
ခေါ်က်ရိုးတွေ အကုန်ကျိုးကြေနေပြီပဲ အိမ်အပြင်ဘက်ကို လှမ်းကြည့်ရင်တောင် အနာတရတော့ ပါပါစေ... အိပ်မက်တွေကိုတော့ အိမ်နောက်ဖေးက ချောင်းမှာ လွှင့်ပစ်လိုက် ရှိခဲ့ဖူးတဲ့ သံယောဇဉ်တစ်ချို့ဟာ အခုလို ဝမ်းထဲမှာ မြှပ်မနေသင့်ဘူးဆိုပေမယ့် မရှိခဲ့ဘူးသော အရာတွေထက်စာရင် ရှိနေသော အသားစိုင်တစ်ခုက လူ့ဘဝကို ဆက်လက်ရှင်သန်ရာမြေဖြစ်စေတယ်..
ဒါက.. အားအင်
ဒါက..မေတ္တာ
ဒါက...အတ္တ
ဒါက...နာကျဉ်းမူ
ဒါက...ဘဝရဲ့ယုတ္တိတန်မူ
ဒါက...မျဉ်းကောက်လှလှလေးတစ်ခု အတွင်းမှာ ဘာအနှစ်သနစ်မှာတော့ မရှိဘူး ရေစုန်ရာ၊ ရေဆန်ရာ မနက်ဖြန်ထဲမှာ ဗလာနယ်ကို ကျော်လွန်ဖို့အတွက်.. ဆေးရောင်ခြယ်လေးတစ်ခု.. ကောက်ရတယ်ပဲ သဘောထားလိုက် မနက်ဖြန်၏အမှိုက်.... အမိုက်တွေ ဆေးရောင်ပြယ်စေမယ် ဒါပေမယ့် မနက်ဖြန်ကတော့ ဗလာသက်သက် အငွေ့တွေ တထောင်းထောင်းထနေတာတောင် မနက်ဖြန်ဟာ ဗလာသက်သက်။
ကဲ.... အကျည်းတန်တဲ့ကောင်ကို အကျည်းတန်စွာ ဆဲဆိုနေလည်း မနက်ဖြန်ဟာ.. ဗလာသက်သက်ပဲ ဖြစ်နေမယ်... ဆိုတော့.. မြေမြှပ်သဂြိုလ်တဲ့နည်းတွေ... ကဗျာတွေထဲမှာ ရေးထားပါ အားတင်းစရာ နေ့ရက်များမှာ... ဗလာကောင်ကို နောက်ချန်လို့ အဝေးသို့ ပြေးနိုင်တဲ့အခါ မနက်ဖြန်ဟာ ဗလာသက်သက်မဖြစ်ပါစေနဲ့လို့ ဆုမွန်တောင်းရင်း ဗလာနယ်ထဲက နူတ်ဆက်တယ်။
July16.18
Minsetwai
Saturday, September 16, 2017
တာရာမင်းဝေအား လေ့လာခြင်း - မင်းဆက်ဝေ
သူနှင့် ကြံဖန်တွေးတတ်မူ
***
ဆရာတာရာမင်းဝေဟာ ကြံကြံဖန်ဖန်ရှာဖွေတွေးတတ်သူ တစ်ယောက်ဖြစ်ကြောင်းကို သူ့စာအုပ်အများစုမှာ ရှာဖွေတွေ့ရှိရပါတယ်။ ကြံကြံဖန်ဖန်တွေးတာများ ဘာထူးခြားလို့လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ဟုက်ကဲ့ ။ အဲဒီ ကြံကြံဖန်ဖန်အတွေးတွေကို လက်ဆုပ်လက်ကိုင် ဖမ်းထားဖို့က အတော်ခက်ပါတယ်။ အဲဒါကိုပဲ ပြန်ရေးပြဖို့ဆိုတာကလည်း အတော်ခက်ပါတယ်။ သူ့အတွေးလေးတွေကို ကြည့်ကြည့်ပါ။
(လူ့လောကို ဘာတွေနဲ့ ဖွဲ့စည်းထားသနည်းဆိုတော့ မေးခွန်းရှိခဲ့ဖူးပါသည်။ "အမည်နာမတွေ၊ အခေါ်အဝေါ်တွေနှင့် ဖွဲ့စည်းထားသည်။"ဟူသော အဖြေရှိခဲ့ဖူးပါသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ "ဟိုဘက်က ဟာကြီးကို ဒီဘက်ကဟာကြီးက ကိုက်လိုက်တာ အဲဒီလိုကြီး ဖြစ်သွားတယ်။ "ဆိုလျှင် မကောင်းပါ။ ညွှန်ပြသူမရှိလျှင် နားလည်မည်မဟုတ်ပါ။ နာမည်တွေ၊ အခေါ်အဝေါ်တွေက အရေးကြီးနေပါတော့သည်။)(ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ....)
ဒါက အမည်နာမအားဖြင့်အရေးပါပုံကို ကြံဖန်ပြီး သူက ပေါ့ပေါ့ပါးပါးတွေးလိုက်တာပါ။ ပြောရရင် သူရဲ့အဲဒီလို ကတ်ကတ်သတ်သတ် တွေးတောမူတွေကို သူရဲ့စာအုပ်အများအပြားမှာ တွေ့ရှိရတယ်ဆိုပေမယ့် သူရဲ့အဲဒီအတွေးတွေဟာ စာဖတ်သူတွေအတွက် ချုပ်နှောင်ခံထားရတဲ့စိတ်ကို လွတ်မြောက်သွားစေနိုင်စွမ်း ရှိနေတာက အမှန်ပါ။ သူ့ရဲ့ ကြံဖန်အတွေးလေးတွေဟာ စာဖတ်သူတွေအတွက် ပျော်စရာကောင်းခဲ့ပါတယ်။
နောက်ထပ်လည်း သူ၏ ကြံကြံဖန်ဖန်အတွေးတစ်ခုကို ထပ်ကြည့်စေချင်ပါသည်။
( ကျွန်တော် ပြဿနာ တစ်ခုခု ကြုံသည်အခါ "ဒုက္ခ"ဟု ကျွန်တော်မညည်းပါ။ "သုခဝင်ပေါ်က်"ဟု ကျွန်တော် နာမည်မှည့်ထားပါသည်။ ပျင်းတတ်လျှင် ပျင်းရိငြီမွေ့ဖွယ်ကောင်းသော ကျွန်တော်စာဖတ်ခန်းလေးကို "အနုပညာဓာတ်ခွဲခန်း"ဟု အမည်တပ်လိုက်ခြင်းဖြင့် ကျွန်တော်ဘာသာ နေသာထိုင်သာ ရှိရပါသည်။)(ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ)
ဆရာ တာရာမင်းဝေသည် ဒုက္ခကို သုခဝင်ပေါ်က်ဟု၎င်း၊ စာကြည့်ခန်းလေးကို အနုပညာဓာတ်ခွဲခန်းဟု၎င်း ကြံကြံဖန်ဖန် နာမည်ပေးပြတာပါ။ ဖြစ်တော့လည်း ဖြစ်နိုင်တာပါပဲ။ လူအများက ဒုက္ခပြီးရင်သုခလာတယ်လို့ ဆိုကြတာကို၊ အဲဒီတော့ သုခဝင် ပေါ်က်ပေါ့။ စာကြည့်ခန်းကြတော့ အနုပညာဓာတ်ခွဲခန်းတဲ့။ ဒါတွေကြောင့်လည်း သူဟာ နာမည်မသေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေရတာပါ။
နောက်ထပ်လည်း ရှိပါသေးတယ်။
("တောထဲမှာ ထင်းရှာမတွေ့ခဲ့ဘူးလား။"
"ဟင့်အင်း.. ကျွန်တော် တောထဲမှာ သစ်ပင်တွေပဲ မြင်ခဲ့တယ်။"
"သစ်ပင်တွေဟာ ထင်းမဟုတ်ဘူးလား။"
"မဟုတ်ဘူး ထင်ပါတယ်။ သစ်ပင်နဲ့ ထင်းကြားမှာ ပုဆိန်တစ်လတ်ခြားသေးတယ်လေ။")
(ကျွန်တော် တူးဖော် ခဲ့သော မြေစိုင်ခဲများမှ) ပုဆိန်တစ်လတ် ခြားသေးတယ်တဲ့။ လူချင်းတူပေမယ့် အမြင်ချင်းတော့ မတူကြပါဘူး။ ဟုတ်ပါတယ်။ သစ်ပင်ကို ခုတ်လှဲပြီးမှ သစ်ပင်ဟာ ထင်းဖြစ်ရတာပါ။ မခုတ်လှဲသရွေ့တော့ သစ်ပင်ဟာ သစ်ပင်ပါပဲ။ ထင်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ လူတွေဟာ ကိုယ့်လိုအင်ဆန္ဒကိုပဲ ဦးစားပေးနေကြတဲ့အခါ အမှန်ကို မမြင်နိုင်ကြတော့ပါဘူး။ ကိုယ်ထင်းလိုချင်ရုံ သက်သက်အတွက် သဘာဝရဲ့အမွေအနှစ်ဖြစ်တဲ့ သစ်ပင်တွေက အလကားသေဆုံးပေးရမယ်ဆိုတာ ပြန်တွေးကြည့်တော့လည်း မတရားပါဘူး။ လူတွေရဲ့ ဒီလို လောဘဇော တွေကြောင့်ပဲ ရာသီဥတုတွေ ပျတ်စီးလာရတာပါ။ လူတွေက အသုံးမဝင်တဲ့ ပစ္စည်းလို့ ယူဆထားပေမယ့် သဘာဝတရားကြီးအတွက်တော့ အရာအားလုံးဟာ သူ့သဘောနဲ့သူ အသုံးဝင်နေကြပါတယ်။ ဒါတွေကို ဆရာတာရာမင်းဝေက အလေးအနတ်ထားပြီး ဖော်ထုတ်ပြလိုက်တာပါ။ ဒါပေမယ့် ဒီလိုဖော် ထုတ်ပြရာမှာ သူရဲ့ ကြံဖန် တွေးတော်မူလေးက အလွန်မှ သဘောကျစရာ ကောင်း နေပါတယ်။ ရှိပါသေးတယ်။ နောက်ထပ် ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းတဲ့ သူ့ရဲ့ အတွေးလေးတွေပေါ့။
("ခဂ္ဂါ"
"ဘာလဲ"
"ငါမသိတာတစ်ခု နင့်ကိုမေးမလို့"
"ဘာမေးမလို့ လဲ။"
"သုညဟာ စုံဂဏန်းလား၊ မဂဏန်းလား" )
(ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လတ်မှ) ဒီအတွေးလေးတွေက ပေါ့ပေါ့ပါးပါးလေးတွေနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်ခဲ့တဲ့ အချက်တွေဆိုတာ ငြင်းလို့မရပါဘူး။ တစ်ခါတစ်လေ သူဟာ အဲလိုပေါ့ပေါ့ပါးပါးအတွေးလေတွေနဲ့ ခရီးထွက်နေတဲ့လူတစ်ယောက်လို့တောင် ထင်မြင်မိပါတယ်။ သူ့ဟာ ဆပ်ပြာပူဖောင်းလေးလိုမျိုး ပေါ့ပေါ့ပါးပါးအတွေလေးတွေနဲ့ စာတွေအများကြီးရေးနိုင်ခဲ့တာဟာ ချီးကျူးစရာပါ။ သူစာအုပ်တွေထဲက သူ့အတွေးလေးတွေကို ဆက်လတ်ထုတ်ဖော်ပေးပါ့မယ်ခင်ဗျ။
(မင်းဆက်ဝေ)
Tuesday, September 5, 2017
သူနှင့်ကျွန်တော်
သူနှင့်ကျွန်တော်
***
"တာရာမင်းဝေ မသေပါ...
ကျွန်တော် သူ့ ကို မြင်နေရ၏။"
(မင်းဆက်ဝေ)
ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝတုန်းကပေါ့ ကျွန်တော်တို့ထက် အသက်နည်းနည်းကြီးသူတွေက တာရာမင်းဝေရဲ့စာအုပ်တွေအကြောင်းကို အရမ်းပြောခဲ့ကြပါတယ်။ အဲဒီအခါ ကျွန်တော်က ကလေးအတွေးနဲ့ တာရာမင်းဝေရဲ့ စာအုပ်တွေဟာ ဘယ်လောက်ကောင်းနေလို့လဲပေါ့။ အရင်ကတော့ အိမ်မှာ စာအုပ်အဌားဆိုင်လေး ဖွင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖတ်ဖြစ်တာက မောင်စိန်ဝင်း၊ မောင်လှမျိုး၊ လယ်တွင်းသား စောချစ်၊နေနော်၊ ကလျာ၊ လွန်ထားထား၊ ရှင်မိုး တို့ပါ။ တာရာမင်းဝေတော့ မပါဘူး။ စာအုပ်ဆိုင် မဖွင့်တော့တဲ့နောက်မှာတော့ ဒီလောလူပြောများနေတဲ့ တာရာမင်းဝေ ဖတ်ကြည့်ဦးမှပဲလို့ တွေးတောပြီးစာအုပ်ဆိုင်မှာ သွားဌားပြီး ဖတ်ကြည့်ပါတယ်။ အဲဒီမှာ ဒုက္ခရောက်တာတော့ပါပဲ။ ကိုယ်ဖတ်ဖူးနေကျဝထ္ထူတွေနဲ့ သူရေးတဲ့ဝထ္ထူက အများကြီး ကွဲပြားလို့ နေလေရဲ့။
ဆရာတာရာမင်းဝေ ရေးထားတဲ့ စာကြောင်းတွေက ကျွန်တော် ဦးနှောက်သေးသေးလေးနဲ့ ဘာတစ်ခုမှ နားမလည်ဘူးဖြစ်နေလေရဲ့။ မြန်မာစာနဲ့ ရေးထားတာပါပဲ ၊ အဲဒါ ငါဘာလို့နားမလည်ရတာလဲလို့ ကလေးအတွေးနဲ့လည်း တွေးမိတယ်။
ဒီလို နဲ့ မကျေနပ်လို့ နှစ်ခေါ်က်၊ သုံးခေါ်က် ပြန်ဖတ်ပါတယ်။ ဝထ္ထူသာ ပြီးသွားတယ် ။ ဆိုလိုရင်းကို နားမလည်ပြန်ဘူး။ အဲဒါနဲ့ နောက် တာရာမင်းဝေ ဌားမဖတ်တော့ဘူးကွာ ဆိုပြီး ကျွန်တော်နေလိုက်တယ်။ တခြားစာရေးဆရာတွေဖြစ်တဲ့ နီကိုရဲတို့၊ ဒဂုန်ရွှေမျှားတို့ကို လျှောတ်ဖတ်တယ်။
ဒါပေမယ့် အကြောင်းတိုက်ဆိုင်သွားတိုင်းမှာ တာရာမင်းဝေရဲ့
အဲဒီနားမလည်နိုင်တဲ့ စာကြောင်းတွေက ကျွန်တော် ဦးနှောက်ထဲမှာ တဝဲလည်လည်ပေါ်ပေါ်လာ
တယ်။ အဲဒီစာကြောင်းဟာ ဘယ်လိုအဓိပ္ပါယ်ရှိတာလဲ ဆိုတာကို ကျွန်တော် နားလည်ချင်နေမိတယ်။ စာသားလေး တစ်ခုကိုတော့ ကျွန်တော်မှတ်မိနေပါ
တယ်။ အဲဒီစာသားကတော့..
လူတစ်ချို့ဟာ အပြင်ထွက်တဲ့အခါ ဖိနပ်ရှာကြတယ်။
လူတစ်ချို့ကျတော့ အပြင်ထွက်တဲ့အခါ ခြေထောက်ရှာကြတယ်။တဲ့......။
အဲဒီတုန်းက ကျွန်တော်ကလည်း ခလေးဆိုတော့ စာတွေနှံနှံစပ်စပ် မဖတ်ဖြစ်သေးပါဘူး။ ဒီအဓိပ္ပါယ်ကိုလည်း မဖော်နိုင်ဘူး ဖြစ်နေတယ်။ တွေးရင်း၊ တွေးရင်းနဲ့  ဒါဟာ နတ်နဲလွန်းတဲ့ စာကြောင်းပဲဆိုတာ နားလည်လာရတယ်။ ဒါပေမယ့် ဘာအဓိပ္ပာယ်လည်းဆိုတာ ကျွန်တော် နားမလည်သေးဘူး။ အဲဒီနောက်ပိုင်းမှာတော့ အစက မဌားတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ တာရာမင်းဝေ စာအုပ်ကိုပဲ မရမက ဌားဖတ်လာပါ
တော့တယ်။ အဲဒီတော့ ကျွန်တော်ကို မေးချင်ပါလိမ့်မယ်။ ဌားဖတ်ပြီဆိုတော့ တာရာမင်းဝေရဲ့စာတွေကို နားလည်သွားလို့လားလို့။ ဟင့်အင်း။ ကျွန်တော် အမှန်အတိုင်းပဲ ဝန်ခံမယ်။ သူ့စာတွေ ဖတ်တိုင်း ဖတ်တိုင်း နားမလည်ခြင်းတွေပဲ ပိုပိုတိုးလာနေတယ်။ ဒါပေမယ့် အဲဒီနားမလည်တဲ့အရာတွေကို တစိမ့်စိမ့်ပြန်တွေးနေရတာကပဲ ကျွန်တော်ကြိုက်လာရတဲ့ အကြောင်းရင်း ဖြစ်ပါတော့တယ်။
ကျွန်တော်နည်းနည်းအရွယ်ရောက်လာတဲ့နောက် ဆရာတာရာမင်းဝေရဲ့ ရေးပုံရေးနည်းဟာ ဘာဆိုတာ နည်းနည်းသဘောပေါ်က်လာပါတယ်။ အဲဒီနောက်ပိုင်းကာလတွေမှာ ကျွန်တော်ဟာ သူရဲ့အမာခံ ပရိတ်သတ်ဖြစ်သွားပါပြီ။ နောက်ဆုံး ကဗျာရေးတော့လည်း သူ့ကိုကြိုက်မိလို့ မင်းဆက်ဝေဆိုပြီး နာမည်ပေးလိုက်တယ်။ ကျွန်တော်လည်း သူ့လိုမျိုး အတွေးတွေ ရဲတင်းပစ်ချင်တယ်။
အခုထိပေါ့ ။ ကျွန်တော်တို့ဟာ ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေကို အခေါ်က်ခေါ်က်အခါခါ ပြန်လည်ဖတ်ရူနေကြရဆဲပါ။ ဖတ်ရူတိုင်းလည်း ရိုးသွားတယ် မရှိပါဘူး။ အတွေးအခေါ် တစ်ခုမဟုတ်၊ တစ်ခု ရနေတာချည်းပါပဲ။ ပြီးတော့ ဆရာတာရာမင်းဝေရဲ့ လတ်ဆတ်တဲ့ စကားလုံးတွေ၊ ပြေပြစ်တဲ့ အရေးအသားတွေနဲ့ သူ့ရဲ့ စာပေခံယူချက်တွေဟာ ကျွန်တော်တို့ သဘောကျနှစ်ခြိုက်ရတဲ့ အကြောင်းရင်းခံတွေပဲ ဖြစ်ပါတော့တယ်။ ဒီတော့ ကျွန်တော်ဟာ ဆရာတာရာမင်းဝေကို နှစ်သက်သူပီပီ သူ့ကောင်းကြောင်းတွေကို ဖော်ကောင်လုပ်ချင်တာကြောင့် ဒီစာအုပ်ကို ရေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ နေရာတွေမှာတော့ သူနဲ့ကျွန်တော် ခံယူချက်တွေကွဲပြားနေတာမျိုးတွေ ရှိပါတယ်။ အဲလိုရှိပေမယ့် ကျွန်တော်ပုဂ္ဂိုလ်စွဲပြီး အတင်းချည်း လိုက်ရေးထားတာမျိုးမရှိပါဘူး။ ကျွန်တော်အမြင်ကိုပါ ကျွန်တော်ထည့်သွင်းဖော်ပြထားပါတယ်။
ဖတ်ကြည့်ပါ။ ပြီးတော့ သုံးသပ်ပါ။ ညံဖျင်းခဲ့တယ်ဆိုရင်တော့ ကျွန်တော် အပြစ်သာ ဖြစ်ပါကြောင်း............။
July28.2017
Minsetwai
Wednesday, August 9, 2017
ကမ္ဘာမြေပေါ်မှ မျှော်လင့်ဆုတောင်းသံ
ကမ္ဘာမြေပေါ်မှ မျှော်လင့်ဆုတောင်းသံ
/!\ /!\ /!\ /!\ /!\ /!\ /!\ /!\ /!\ /!\
မျှ တ မှု ကို ဆာ လောင် နေ တုန်း
မျက် နှာ ကြီး ရာ ဟင်း ဖတ် ပါ သွား တယ်...
လွတ် လပ် ခြင်း ကို တမ်း တ မျှော် တုန်း
မိုး ခါး ရေ တွေ ရွာ တယ်...
အ တ္တ ကိုယ် စီ နဲ့
ကိုယ့် ဘ ၀ ကိုယ် ချည် နှောင် ထား ကြ...
အ ရိပ် နေ နေ အ ခက် အ ချိုး ချိုး မ လုပ် နဲ့ ဆို ပြီး
အ ကြိမ် ကြိမ် ပြော လည်း ပြော
ချိုး လည်း ချိုး ကြ တဲ့
လော ဘ ထမ်း သူ တွေ များ လာ တော့
က မ္ဘာ ကြီး ဒဏ် ရာ ဗ ရ ပွ....
တိုး တက် ခြင်း အ ရိပ် ဆိုး က
စာ နာ ကင်း စိတ် တွေ
တွဲ လက် များ ဟာ
တွန်း လက် အ ဖြစ်
အ ရောင် ပြောင်း ပြီး
ဝါး ကူ ထိုး မယ့် လက် တွေ ...
ဓား သွား လို ထက် တဲ့ အ ပြုံး တွေ က
သိပ် သ ရုပ် ဆောင် ကောင်း ကြ တာ...
လူ လူ ချင်း စာ နာ ရေး
အ ဖြူ အ မည်း မ ခွဲ ခြား ရေး ခေါင်း စဉ် နဲ့
လက် နက် ကိုင် မျက် စောင်း ခဲ နေ လိုက် ကြ တာ များ
ငြိမ်း ချမ်း ခြင်း ချိုး ငှက် တွေ
အ သက် ပါ ကုန် တယ်...
လက် အုပ် ချီ ဆု တောင်း ခြင်း မှ တ ပါး
စိတ် ဖြေ ရာ မ ရှိ ပြီ မို့
သိ သိ သာ သာ ကော
မ သိ မ သာ ကော
ခြေ ထိုး ခံ ခြင်း ကင်း ဝေး ပါ စေ...
အ နာ ဂတ် ရဲ့ ရင် သွေး ငယ် များ
ချစ် တတ် ခြင်း နဲ့ သာ ရောက် လာ ကြ ပါ စေ...
ဘ န ဖူး သိုက် တူး
အ တွေး များ လွင့် ပျောက် ပါ စေ...
နောက် ကျော ဓား ထိုး မယ့်
လော ဘ များ ကင်း စင် ကြ ပါ စေ...
အ မုန်း ကင်း ပြီး
စာ နာ ထောက် ထား
မု ဒိ သာ ပွား သော
ကြင် နာ စိတ် က လေး သာ လွှမ်း မိုး ကြ ပါ စေ....
Snow Hninn
(မျှော်လင့်ချက်ခပ်ပါးပါးဖြင့်)
27 Feb 2017
3:17 PM