ဟီးအာပတ်
ဟီးအားပတ်မှာ ကိုရီးယားနိုင်ငံသူ shaman ရှာမင်တစ်ဦးဖြစ်သည်။သူမသည် ဈာန်ဝင်စားသော ဘာသာရေးအခမ်းအနားကို နိုင်နင်းသူဖြစ်သည်။ကိုရီးယားနန်းတွင်းတေးဂီတပညာရှင်နှင့် ကချေသည်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။၁၉၈၁ခုနှစ်တွင် ရှာမင်ဖြစ်လာသည့် အချိန်မှစ၍ နိုင်ငံအနံအပြားသို့ခရီးသွားကာ ရှာမင်ဘာသာရေးအခမ်းအနားအက၊ဈာန်ဝင်စားသောအက၊ရှေးရိုးကိုရီးယားအကများကို ကပြခဲ့သည်။ထိုကဲ့သို့ သူမ၏ လုပ်ဆောင်မူများကြောင့် ရှေးဟောင်းကိုရီးယားဝိညာဉ်ဆိုင်ရာ ကျင့်စဉ်နှင့်ကုသမူများကို လူအများစိတ်ဝင်စားလာကြသည်။သူမသည် နာမကျန်းရောဂါဖြစ်နေသော လူနာကို ခုတင်ပေါ်တင်၍ ထားရှိပြီး (သမထ)ဈာန်ဝင်စားလျှက် နန်းတွင်းသုံးအဝတ်အထည်များကို ဝတ်ဆင်ကာ သာယာနာပျော်ဖွယ်အဖြစ် ရုပ်နှင့်အသံ ပြောင်းလွဲသီဆိုပြီး လူနာကိုဆေးကုသပေးသည်။သူမ၏ သီဆိုကပြဖျော်ဖြေမူ ပြီဆုံးသွားသည်နှင့် လူနာမှာ အကောင်းပကတိပြန်လည်ကျန်းမာလာသည်ဟူ၏။ထိုနည်းဖြင့် သူမသည် လူနာပေါ်င်း မြောက်မြားစွာကို ဆေးကုသပေးခဲ့လေရာ ရှာမင်ဆေးကုသမူအဖွဲ့တွင် ဂုဏ်ပြုခံရလေသည်။
(မူရင်းရေးသားသူ =ထူးလွင်)

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်