ခေါ်င်းလောင်း
မှော်ဆရာတိုင်းတွင် မှော်ဆန်သောအဆောင်ပစ္စည်းဟူသည် ရှိကြစမြဲဖြစ်သည်။ထိုကဲ့သို့အဆောင်ပစ္စည်းများစွာထဲမှ ခေါ်င်းလောင်းဟူသည် မကောင်းဆိုးဝါးကိုနိုင်သော ပစ္စည်းတစ်မျိုးပင်ဖြစ်သည်။ခေါ်င်းလောင်းများသည်လေပြင်းမုန်းတိုင်းများ၊ကပ်ဆိုးများနှင့်မကောင်းဆိုးဝါးများကို နှင်ထုတ်နိုင်စွမိးရှိပေသည်။ထိုအပြင်မီးကိုလည်းငြိမ်းနိုင်ပေသည်။ပြင်သစ်နိုင်ငံတွင် မိုးကြိုးမီးရန်မှ ကာကွယ်ရန် ဘုရားရှစ်ခိုးကျောင်းတွင် ခေါ်င်းလောင်းများကို တီးခတ်ကြသည်။အချို့လူများကမူ ခေါ်င်းလောင်းကို သေခါးနီးလူနာနားတွင် တီးပေးခြင်းဖြင့်မကောင်းဆိုးဝါးများကိုနှင်ထုတ်ပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ခေါ်င်းလောင်းများကို အလွန်ရှေးကျလှသော ကာလများစွာကတည်းက သုံးစွဲလာခဲ့ကြရာ အစ္စလာမ်ဘာသာမှလွဲပြီး အခြားဘာသာတိုင်းလိုလိုမှ အသုံးပြုခဲ့ကြသည်။ရှေးခေတ်ကမူ ခေါ်င်းလောင်းကိုသိဒ္ဓိတင်ရန် တိရိစ္ဆာန်၏သွေးကို အသုံးချခဲ့ကြလေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်