Thursday, February 23, 2017

မှော်​​ကြေးမုံ

မှော်​​ကြေးမုံ

မှော်​ဆရာတို့၏အ​ဆောင်​များစွာထဲတွင်​မှော်​​ကြေးမုံမှာလည်းအ​ရေးကြီး​သောအစိတ်​အပိုင်းတစ်​ခုဖြစ်​သည်​။မှော်​ဆရာတို့က ထို​မှော်​​ကြေးမုံကို မ​ကောင်းဆိုးဝါးများကို ​ခေါ်ယူရာတွင်​ အသုံးပြုကြပြီး ​ပျောက်​ဆုံးသွား​သောပစ္စည်းများကို ပြန်​ရှာ​ဖွေ​သောအခါများတွင်​လည်း အသုံးပြုကြပြန်​သည်​။တရုတ်​တို့ကမူထို​ကြေမုံကို ဂမ္ဘီရ​ကြေမုံဟု​ခေါ်ကြသည်​။ထိုဂမ္ဘီရ​ကြေးမုံ၏အထက်​ပိုင်း နဖူးတည့်​တည့်​တွင်​ ချိုတစ်​​ချောင်း​ပေါ်က်​​နေ​သော မြင်းရုပ်​ပုံနှင့်​​လောင်​ဇူး၏​တောက်​ဆိုင်​ရာ သ​င်္ကေတများမွမ်းမံခြယ်​သထားကြသည်​။ရှေး​ဟောင်းကျမ်းတစ်​ဆူဖြစ်​​သော စီကျင်းဆာကျိ(Siking Tsahki)ကျမ်းတွင်​ဂမ္ဘီရ​ကြေးမုံဆိုင်​ရာ အဖြစ်​အပျတ်​အများအပြားကို မှတ်​တမ်းတင်​ထားသည်​။ထိုဂမ္ဘီရ​ကြေးမုံကို မ​ကောင်းဆိုးဝါးများကြည့်​မိလျှင်​ ကိုယ်​ရုပ်​ကိုယ်​ပြန်​မြင်​ရပြီး ​ကြောက်​လန့်​ကြကုန်​သည်​။ထို​ကြေးမုံကို တရုတ်​တို့ကအပမှီခြင်းကို ကုသ​သောအခါတွင်​လည်းအသုံးချကြသည်​။ထို​ကြေးမုံကို မည်​သို့ပြုလုပ်​စီရင်​ရ​ကြောင်း လျိုဝှတ်​ချက်​ရှိပါ​သော်​လည်း ရှိချန်း(Shi Cheng)ဟူ​သော ပညာရှိတစ်​ဦးကမူ နှစ်​​ပေါ်င်း​မြောက်​မြားစွာ အဝတ်​စဖြင့်​ဖုံးအုပ်​သိမ်းဆည်းထား​သော ​ကြေးမုံဟူသမျှသည်​မ​ကောင်းဆိုးဝါးများကို ​ဖော်​ထုတ်​​မောင်းနှင်​ရာတွင်​ အသုံးချနိုင်​သည်​ဟု ဆိုခဲ့​လေသည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်