Sunday, March 15, 2015

နီယန်ဒါတယ်

ကျွန်​​တော်​၏ဘ​လော့များ
Blog_4
နီယန်​ဒါတယ်​လူ
ရှေးဦးလူသတ္တဝါများ၏တတိယကွင်း
ဆက်​ဖြစ်​​သော သတ္တဝါမှာ စတုတ္ထ​ရေခဲ​ခေတ်​နှင့် တတိယ​ရေခဲ​ခေတ်​အကြား ​ရှေးနှစ်​​ပေါ်င်း
တစ်​သိန်း​လေး​သောင်းခန့်က​ပေါ်ထွန်းခဲ့​သော လူလိုလိုသတ္တဝါကို နီယန်​ဒါတယ်​(Neanderthal man)ဟု​ခေါ်သည်​။ထိုသတ္တဝါတို့၏ အရိုးစုများကို ဂျာမနီပြည်​ နီအန်​ဒါတယ်​အနီးရှိ ဂူများအတွင်းမှာ စတင်​​တွေ့ရှိခဲ့ကြခြင်းဖြစ်​သည်​။ယင်းတို့သည်​ အင်​ဒိုနီးရှား၊အာရှအလယ်​ပိုင်း​ဒေသများ၊အာဖရိကတိုက်​နှင့်ဥ​ရောပတိုက်​များသို့ လှည့်လည်​​နေထိုင်​ခဲ့ကြ
ပြီး ​ကျောက်​​ခေတ်​ဦးဒုတိယပိုင်းကိုပျိုး​ထောင်​ခဲ့သည်​။
ပညာရှင်​များကမူ နီအန်​ဒါတယ်​တို့သည်​အ​အေးကြိုက်
သော သတ္တဝါတစ်​မျိုးဖြစ်​ပြီးအ​အေးဓာတ်​ကုန်​ဆုံး
သွား​သောအခါ ယင်းတို့လည်း ​ပျောက်​ကွယ်​သွား
ရသည်​ဟုခန့်မှန်းကြသည်​။နီယန်​ဒါတယ်​တို့သည်​ ​ရှေး​ကျောက်​​ခေတ်ဦးအစ၌ ထွန်းကားခဲ့ေ​သာ လူတို့၏ အသုံးအ​​ဆောင်ပစ္စည်းများထက်ယင်းတို့ကပိုပြီးသုံးစွဲခဲ့သည်ကိုလည်း တွေ့ရှိခဲ့ကြသည်။ယင်းတို့သည်
ကျောက်တုံး ကျောက်ခဲများကိုထုခွဲပြီးကျောက်လက်
နတ်များဖြစ်သောလှံသွားများ ကျောက်ဓါးများကို ပြုလုပ်ခဲ့ကြသည်။ထိုလက်နတ်များဖြင့်
ယင်းတို့သည် ဆင်ရိုင်းကြီးများနှင့် အမွှေးထူးသော ကြံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။သို့သော် ထိုကြီးမားသောသတ္တဝါတို့ကို ဖမ်းဆီး
ရန်မှာ တစ်မိသားစုအင်အားနှင့်မဖြစ်နိုင်ချေ။ထိုကြောင့် ယင်းတို့သည်အဖွဲ့အစည်းဖြင့် နေထိုင်ကြသည်မှာ ထင်ရှားပေသည်။ထိုသို့ ဖွဲ့စည်း​​နေထိုင်ခြင်းအားဖြင့် ဘာသာေ​​​ရးဆိုင်ရာ ယဉ်ေ​​ကျးမူများကိုလည်း စတင်ခဲ့
ကြသည်။ယင်းတို့သည်လူေ​​​​​သများကိုလည်းအထူးတလည် တူးထားေ​သာကျင်းများတွင်မြှပ်နှံေ​​​လ့ရှိကြသလို မျိုးတူသတ္တဝါများကို သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်း နှင့် စားသုံးခြင်းများလည်းပြုလုပ်တတ်ကြပြန်သည်။ယင်းတို့နှင့် ပတ်သတ်ပြီး ထူးထူးခြားခြားတွေ့ရှိခဲ့ရသည်မှာ
ရောမမြို့တောင်ဘက် ဆာစီ(circe)တောင်ရှိ ဂူအတွင်းတွင်လူသေအလောင်းကိုတမူထူးစွာမြှပ်နှံထားခြင်းပင်ဖြစ်သည်။ထိုဂူထဲတွင်သတ္တဝါတို့၏အရိုးများကို ဖြန့်ခင်းထား၏။ဂူ၏အလယ်တွင် ကျောက်တုံး
များကို ဘဲဥပုံစံစီထားပြီးလျှင် ထိုအထဲမှာပင် ဦးခေါ်င်းခွံတစ်ခုကိုနေသားတကျထားထားလေသည်။ယင်းကိုထောက်ကြည့်ခြင်းအားဖြင့်
နီယန်ဒါတယ်တို့သည် ရေခဲခေတ်မကုန်ဆုံးမီကပင် ဘာသာရေးအစွဲအလမ်းကြီးခဲ့ကြသည်ကို ညွှန်ပြနေပေတော့သည်။

march 15.2015
minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်