Wednesday, March 18, 2015
တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ
ဆရာတာရာမင်းဝေ၏စာအုပ်များသည်တစ်ချိန်က လူငယ်များကြား အတော်ကလေးမှ ရေပန်းစားခဲ့ပါသည်။ထိုအတူ
ဆရာတာရာမင်းဝေ၏ လတ်ဆတ်သောအရေးအသားများနှင့် စာပေခံယူချက်များကလည်း စာဖတ်သူအများစုကို နှစ်သက်သဘောကျစေခဲ့သည်။ထိုနှစ်သက်သဘောကျသူများထဲတွင် ကျွန်တော်လည်းရှေ့ဆုံးမှပါခဲ့ပါသည်။ကျွန်တော်သည်ဆ၇ာတာရာမင်းဝေကိုနှစ်သက်သူပီပီ သူ၏ထူးခြားသောစာသားများနှင့် စာပေခံယူချက်များကို မဖတ်လိုက်ရသေးသူများအတွတ် ပြန်လည်မျှဝေချင်မိသည်။ ထိုကြောင့် ဦးစွာ ဆရာတာရာမင်းဝေ၏ ပြိုင်မြင်းတို့၏ခွါသံဆိုသောစာအုပ်ကို ဖော်ပြပါမည်။ထိုစာအုပ်ထဲတွင်ဆရာတာရာမင်းဝေက_
(အနုပညာဟူသောစကားလုံး၏ အဓိပ္ပါယ်ကို ယနေ့ထက်တိုင်မည်သူကမျှ ပြည့်စုံအောင်မဖွင့်ဆိုနိုင်ပါ။တတ်စွမ်းသမျှသော ဖွင့်
ဆိုချက်များသည်လည်း တစ်ယောက်နှင့်တစ်ယောက်ကွဲလွဲခဲ့ကြပါသည်။အနုပညာဆိုတာဒါတော့အနုပညာမဟုတ်ဘူးဟု ပြောနိုင်ကြ
သောလည်း၊ အနုပညာဆိုတာ ဒါပဲဟူ၍ကားပြတ်သားစွာဖွင့်ဆိုနိုင်ခြင်းမရှိကြ။ထိုသို့ အနုပညာအပေါ် အမြင်မညီညွတ်မူများသည် ကွဲလွဲ
သော အနုပညာလုပ်ဆောင်မူများကိုလည်းဖြစ်ပေါ်စေခဲ့သည်။pg.6)ဟု အနုပညာ၏သဘောသဘာဝကို ထိထိမိမိရှင်းပြထားသည်။
ထိုနောက် ထပ်၍ဖော်ပြပြန်သည်က_
စာပေအနုပညာကို လေ့လာရသည်မှာ ပျော်စရာကောင်းသလို ရယ်စရာလည်းကောင်းလှပါသည်။ အရှေ့တိုင်းအလင်္ဏကျမ်း
တစ်စောင်ဖြစ်သော သုဗောဓာလင်္ဏရကျမ်းကယခုရေးသားနေကြသော သိစိတ်အလျဉ်ရေးနည်းကို အပေတတ္တဒေါသ သင့်သည်ဟုဆို
ထားပါသည်။စိတ်ထဲမှာ ထင်ရာမြင်ရာများကိုအရှုးလို လျှောတ်ရေးသောကြောင့်ဟုဆိုသည်။အတိသယ၀ုတ္တိအလဏ်ကိုမူ ဟိုက်ပါဘိုလီ(
Hyperbole)ဒေါသ သင့်သောအရေးအသားအဖြစ် အနောက်တိုင်းအလဏ်ကျမ်းတစ်စောင်မှာတွေ့ရသည်။မဖြစ်နိုင်သည်များကို မောက်မို့
ချဲ့ ကားစွာ ရေးထားသောကြောင့်ဟုဆိုသည်။ထိုကျမ်းနှစ်စောင်ကို ပြန်ဖျေပေး၍ရမည်မဟုတ်ပါ။သို့သော် အနုပညာမြောက်အောင်ဖော်
ဆောင်နိုင်လျှင် ဒေါသကိုရေးလင့်ကစား အလဏာင်္ မြောက်၏ ဟုထိုကျမ်းနှစ်စောင်လုံးကဆိုသည်။ကျွန်တော်အလွန်လေးစားသွားမိပါ
သည်။အနုပညာကို တရားသေဆုတ်ကိုင်၍မရကြောင်းကို နားလည်ခဲ့ရပါသည်။pg.7)ဟူ၍ဖြစ်ရာ အနုပညာ၏သဘောသဘာဝကို အမြင်
ကျယ်ကျယ်ဖြင့်သုံးသပ်ပြထားသည်ကိုတွေ့ရပေသည်။
ထပ်ပြီးဆရာတာရာမင်းဝေက သူဝထ္ထူများအားဝေဖန်ခံရခြင်းအပေါ် ပြန်လည်ဖော်ပြပေးပြန်ရာ-
(ကျွန်တော်နားလည် ယုံကြည်မိတဲ့ အတိုင်း ၀ထ္ထူတိုလေးတွေရေးခဲ့ ပါတယ် ။ ကျွမ်းကျင်တဲ့ဆရာသမားတွေက မော်ဒန်ဝထ္ထူတိုအဖြစ် သတ်မှတ်ကြပါတယ် ။ ကျွန်တော်ဖတ်မှတ်လေ့လာမူအရလည်း ကျွန်တော်ဝထ္ထူတိုတွေဟာ မော်ဒန်ဝထ္ထူတိုတွေ
ရဲ့ အင်္ဂါရပ်တော်တော်များများနဲ့  သွားရောက်ကိုက်ညီနေတာကိုတွေါ့ရပါတယ်။ ဒီနေရာမှာကျွန်တော်ပြောချင်တာက ကျွန်တော်ရေးတတ်
သလိုရေးလိုက်တာပဲဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ ကိုက်ညီအောင် မော်ဒန်ဖြစ်လာအောင်ဆိုပြီး ရေးတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်မှာ
မော်ဒန်ဆေးကြိမ်လုံးမရှိပါဘူး။pg-23)
(ကျွန်တော်ဝထ္ထူတိုတွေဟာ မော်ဒန်ဝထ္ထူတိုဟုတ်တယ်လိုပြောလာရင် ၇ယ်နေမှာဖြစ်သလို ။ မဟုတ်ဘူးလို့ ပြောလာရင်လည်း ရယ်နေမှာပါပဲ။ ဒီလိုဖြစ်နေတာကျွန်တော်တစ်ယောက်တည်းပဲလာလို့  ဆက်စဉ်စားတဲ့ အခါ ပြသ-နာကကြယ်ပြန့် လာပါတယ်။ တခြား
လူငယ်တွေလည်း ကျွန်တော်လိုပဲရှိတယ်။ ကိုယ်ဘာသာအနုပညာဖန်တီးတယ် ။မော်ဒန်အနုပညာဆန်တယ်။အဲဒီမှာအစွတ်စွဲခံရတော့တာ
ပဲ။pg-23) ရေးသားထား၏
ဆရာတာရာမင်းဝေသည် သူ့ ဘ၀၏စာပေခံယူချက်ကိုဖော်ပြရာတွင် သူ့ အတွတ်ကိုရှေ့တန်းမတင်ဘဲ လူငယ်တစ်ရပ်လုံးအ
တွတ် ကာကွယ်ရပ်တည်ပေးသွားသည်ကို ထူးခြားစွာမြင်ရသည်။ မိမိခံစားချက်ဖြင့် မိမိပုံဖော်ခဲ့ သော အနုပညာက သူတစ်ပါးပြု
လုပ်ထားသောပစ္စည်းနှင့် တူကောင်းတူပေလိမ့်မည်။သို့ သော် မိမိပြုလုပ်သောအနုပညာပစ္စည်းက မိမိကိုယ်ပိုင်ပစ္စည်းပင်ဖြစ်သည်။
အတုမဟုတ်ဟု ဆရာတာရာမင်းဝေက ချေပထားခဲ့ ခြင်းဖြစ်သည်။
ဆရာတာရာမင်းဝေက သူကိုယ်သူအစွန်းရောက်သူဟု ၀န်ခံခဲ့ဖူးသည်။ထိုအချက်ကြောင့်ဆရာတာရာမင်းဝေကို ကျွန်တော်ပိုလေးစားသွားမိသည်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်မှာလည်းအစွန်းရောက်သောစိတ်ရှိသောကြောင့်ဖြစ်သည်။ထိုသို့အစွန်းရောက်သမားများအတွတ် ဆရာတာရာမင်းဝေ၏ဒသ-နက ဓားတစ်လတ်ကိုအထက်မြဆုံးသွေးချင်လျှင် အစွန်ဆုံးဦးချွန်ဆီ
ရွေ့လျားရမှာပဲဟူ၏ထိုဒသ¿နသည် သူ၏စိတ်ကိုကျောက်သားကဲ့သို့ခိုင်မာအောင်ပြုလုပ်ပေးနိုင်ခဲ့ပုံပင်။ ဆရာတာရာမင်းဝေသည် အားနာတတ်သောသူတစ်ယောက်လည်းဖြစ်သည်။ထိုကြောင့်သူ့ကိုသူမိတ်ဆွေများက ဆူပူတတ်ကြသည်။သူကိုယ် တိုင်လည်း ထိုသို့စိတ်သဘောထားကြီးမူမှာနေရာတိုင်း မကောင်းကြောင်း သိသည်။ သို့သော် သူသည်အားမနာတတ်သောသူများကို အရှုံးပေးစမြဲ
ဖြစ်သည်။ယင်းမှာ သူသည် အနုပညာကို ဖတ်တွယ်ရင်း ဒုက္ခနွံအနစ်ခံကာ ပေးဆပ်ပြခြင်းပင်ဖြစ်သည်။
ဆရာတာရာမင်းဝေသည် ကွယ်လွန်သွားခဲ့သည့်အထိ ခံယူချက်ကိုမကျိုးပေါ်က်အောင် ထိန်းထားနိုင်ခဲ့ပြီး ကွယ်လွန်သွားသည့်အ
ထိအနုပညာအပေါ်ရူးသွပ်ပြနိုင်ခဲ့သည်။ ထိုအတွတ် ကျွန်တော်တို့မှသူကို လေးစားအားကျမိသည်။ ထိုကြောင့်သူ၏ခံစားချက်များကို ထပ်မံပြီးဖော်ထုတ် ပြချင်မိသည်။ထိုအတွတ် ဆရာတာရာမင်းဝေ၏စာအုပ် ထဲမှ ၂၀၀၆ခုနှစ်က ထုတ်ဝေခဲ့သော မျဉ်းဖြောင့်ဧရိယာဟု အမည်ပေးထားသော စာအုပ်ကိုရွေးချယ်တင်ပြချင်ပါသည်။ထိုစာအုပ်သည် ဆရာတာရာမင်းဝေက သူ၏အတွေးအခေါ်ပေါ်င်းများစွာဖြင့် ထုံးမွှန်ရေးဖွဲ့ထားခဲ့ချေသည်။ ဆရာတာရာမင်းဝေ၏ ထိုစာအုပ်မှ လူနှင့်ကမ္ဘာပတ်လမ်းဆိုသောခေါ်င်းစဉ်အောက် တွင် စတင်တွေ့ရသောအတွေးအခေါ်တစ်ခုမှာ_
( လောကထဲမှာ လမ်းလျှောတ်နေသော
သချိုင်းမှတ်တိုင်များကို
လူဟုခေါ်သည်။pg_10)ဟူ၍ဖြစ်သည်။ယင်း အတွေးအခေါ်မှာ လူ၏အဓိပ္ပါယ်ကို ဆရာတာရာ မင်းဝေက မော်ဒန်ဆန်ဆန်ဖြင့် ဖွင့်ဆိုလိုက်ခြင်း ဖြစ်သည်။ထိုအဓိပ္ပါယ်သည်အလွန်မှ လေးလေးနတ်နတ်၇ှိလှသာကြောင့် အလုံစုံဖွင့်ဆို ပြဖို့၇ာ ခက်ခဲံလှပေ
သည်။လူသည် တစ်နေ့နေ့ တွင်သေရမည်မှာမုချဖြစ်သည်။ထိုကြောင့်သေခြင်း ကိုစောင့်ဆိုင်းနေရသော မှတ်တိုင်တစ်ခုပင်ဖြစ်
သည်။သို့သော်စောင့်ဆိုင်းနေရာတွင် လူဟူသည် ငြိမ်သက်၍စောင့်ဆိုင်းနေရခြင်းမျိုးမဟုတ်။ လှုပ် ရှားရုန်းကန်ပြီး ဘ၀ကိုဖြတ်ကျော်သွားလာနေရ သောကြောင့် လူဟူသည် လမ်းလျှောတ်သွားနေ သောမှတ်တိုင်ပင်ဖြစ်ပေတော့သည်။ထိုနောက် ထပ်ပြီးတွေ့ရသော ဆရာ၏အတွေးအခေါ်တစ်ခု မှာ_
(အက်တမ်ဗုံးတစ်လုံး ပေါ်က်ကွဲပြီးနောက်
နောက်တစ်လုံးထပ်ပေါ်က်လုပေါ်က်ခင်
ကြားကာလကိုသာ ငြိမ်းချမ်းရေးဟု
လူတို့ခေါ်ဆိုလာကြရပေမည်။pg_10)ဟူ၍ ဖြစ်သည်။မှန်ပါသည်။ယနေ့ကမ္ဘာသည် ငြိမ်းချမ်း ခြင်းမရှိဖြစ်နေသည်။အကြမ်းဖက်မူ
ပေါ်င်းမြောက် များစွာဖြင့် ၊ကပ်ရောဂါပေါ်င်းမြောက်မြားစွာဖြင့် လူသားတို့မှာ အသက်ရှင်နေထိုင်လျှက်ရှိရာ ငြိမ်း ချမ်းခြင်းဟူသည် တစ်ခဏတာသာ ရနိုင်ပေ တော့သည်။ထိုအကြောင်းကို ဆရာတာရာမင်းဝေ က ထိထိရောက်ရောက်ရေးသားပြခဲ့ခြင်းဖြစ် သည်။ထပ်၍ _
(စိတ်ရှိလက်ရှိ ဆွဲဖြဲခံလိုက်ရသော
ဘူဖဲတစ်ချပ်လို ဘ၀သည်ပြဲထွက်သွား၏။ Pg _10)ဟု ဆရာတာရာမင်းဝေကရေးဖွဲ့ ပြန်သည်။ထိုစာသားသည် အလွန်တရာမှမော်ဒန် ဆန်လွန်းပါသည် ။ဘာလုပ်လုပ်အဆင်မပြေသော ဘ၀ကို နာကျည်းခံပြင်းသောကြောင့် ထွက်ကျ လာသောစာကြောင်းတစ်ကြောင်းလားတော့ မသိ ချေ။နောက်ထပ် ကျွန်တော်သဘောကျမိသည်ခေါ်င်းစဉ်မှာ ကောင်ကင်သွားတောလား ဟူ၍
ဖြစ်သည်။ထိုအခန်းတွင် ဆရာတာရာမင်းဝေက သူ၏ဒဿနအတွေးများကို စကားပြောခန်းများဖြင့်ဖန်တီးတင်ပြထား
သည်။သူ၏တင်ပြပုံတစ်ခုမှာ_
( လူသားတစ်ယောက်သည် သူ၏အပြစ်မှလွတ်မြောက်ရန် ရဟန်းတစ်ပါးထံမှ အကူအညီ
တောင်းခံလေသည်။ထိုအခါ ရဟန်းက
မကယ်နိုင်တာကိုခွင့်လွှတ်ပါ
ဗုဒ္ဓလမ်းစဉ်ကိုနားလည်ပါ
ဗုဒ္ဓဟာကယ်တင်ရှင်မဟုတ်ဘူး
ဗုဒ္ဓဟာ လမ်းညွှန်သင်ကြားသူသာဖြစ်
တယ်။ကိုယ်ကိုကိုယ် ကယ်မှရမယ်ဟု မိန့်တော်မူသည်။pg_21)ဟူ၏ ထိုစာစုသည်အတွေးအမြင်ကြွယ်ဝသလို ဆရာတာရာမင်းဝေ၏ ဘာသာရေးခံယူချက်ကိုလည်း တစ်စိတ်တစ်ဒေသဖော်ထုတ်ပြနိုင်ခဲ့သည်။ဟုတ်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားသည် အခြားအခြားသော ဘုရားများကဲ့သို့လူသားတို့အား ဒုက္ခအပေါ်င်းမှ ကယ်တင်ပါမည်ဟုမိန့်တော်မမူ။သံသ၀ဠ်ဆင်းရဲအပေါ်င်း မှ လွတ်ငြိမ်းရာ လမ်းစဉ်ကိုပြသတော်မူသည်။ ထိုကြောင့်အမှန်ကိုနားမလည်သူများမှာ ဘုရားဟူသည် မိမိတို့အား ကယ်တင်ပေးနိုင်သည်ဟုအထင်မှားနေကြသည်။လူသည်မိမိကိုမိမိကာကွယ်၊မိမိကိုယ်မိမိကယ်တင်၊ယင်းသည်သာအမှန်တ ရားမည်ပေသည်။ထိုအရာကို ဆရာတာရာမင်းဝေက သတိပြုမိအောင် ရေးသားပြခြင်းပင်ဖြစ်သည်။နောက်ထပ် တွေ့ရပြန်သည်မှာ_
(သူတွင်မျတ်လုံးနှစ်လုံးရှိသည်။ နှစ်ခုစလုံးနှင့်ကြည့်သည်သို့သော် ဘာမှမမြင်သူဖြစ်သည်။ ဥစ္စာဓန၏ ညှို့ငင်မူ၊ရုပ်ဝထ္ထူတို့၏အိပ်မွေ့ချမူကို ခံထားရသောသူဖြစ်သည်။ထိုသူက ရဟန်းကို
အိမ်မက်ကောင်းများပေးပါ ဟုတောင်း၏
ရဟန်းက
ကောင်းသောစိတ်နဲ့သာ အိပ်ရာဝင်ပါဒကာ
အိမ်မက်တင်မဟုတ်၊နံနက်ခင်းပါလှလာလိမ့်
မယ်ဟုမိန့်သည်။pg.22)ဟုရေးသားထားသည်။ထိုစာသားသည် အလွန်မှအဓိပ္ပါယ်ရှိလွန်းပါသည်။ထိုစာသားကို ကျွန်တော်အမြင်ဖြင့်ပြန်လည်တင်ပြရမည်ဆိုလျှင် လူတို့သည်နေ့စဉ်နှင့်အမျှ လောဘ၊ဒေါသ၊မောဟတို့ကို တွေ့ကြုံခံစားရ
သည်။ထိုခံစားနေရသော လူသားတို့အား သဘာဝလောကကြီးမှသဘာဝတရားနှင့်ဖြစ်ပျတ်ဓမ္မတာများ၊သင်္ခါရနှင့်
အနိစ္စများကိုမြင်နိုင်ရန် မျတ်လုံးဆိုသောအရာကိုပေးထားပါ၏သို့သော် ယင်းတို့သည် ညဏ်ဖြင့်ကြည့်မှသာမြင်နိုင်သောအရာဖြစ်၏ ထိုညဏ်သည် လောဘ၊ဒေါသ၊မောဟများကြောင့်ပင် ဖုံးကွယ်နေရပေသည်။ထိုသို့ညဏ်ကန်းသောလူသားတို့မှာ အရာရာတွင် အကောင်းမြင်စိတ်အားနည်းကုန်ကြလေရာ ကောင်းစွာအိပ်စက်ခြင်းဟူသည်မရှိကြတော့ချေ။ထိုကြောင့်ဆရာတာရာမင်းဝေကကောင်းသောစိတ်နဲ့သာ အိပ်ယာဝင်ပါ နံနက်ခင်းပါကောင်းလာလိမ့်မည်ဟု ဆို
လိုက်ခြင်းပင်ဖြစ်သည်။
နောက်ထပ် ဆရာတာရာမင်းဝေ၏ စာအုပ်တစ်အုပ်ကိုလည်း ထပ်တင်ပြချင်ပါသည်။ထိုစာအုပ်မှာ
၂၀၀၅ခုနှစ် ဇန်န၀ါရီတွင် ဒုတိယအကြိမ် ပြန်လည်ပုံနှိပ်ခဲ့ရသော ပြိုင်မြင်းတို့၏ခွါသံဆိုသောစာအုပ်ပင်ဖြစ်သည်။ထိုစာအုပ်ကို စာဖတ်သူအနေဖြင့်ဖတ်ကြည့်မည်ဆိုလျှင် မော်ဒန်၏သဘောတရားကိုကြိုတင်လေ့လာထားဖို့တော့လိုသည်။သို့မှသာ ထိုစာအုပ်မှပေးသော အနှစ်သာရကိုထုတ်ယူခံစားနိုင်ပေလိမ့်မည်။ထိုစာအုပ်ထဲမှ စတင်ကြိုက်မိသော ဆရာတာရာမင်းဝေ၏အယူအဆတစ်ခုမှာ
(ယနေ့ခေတ်သည် အသိပညာခေတ်၊အတတ်ပညာခေတ်တို့ကို လွန်မြောက်ပြီးသော နည်းပညာခေတ်ဖြစ်သည်။သိပ္ပံကမ္ဘာမှာ ယနေ့ခေတ်လူတို့၏ အသိညဏ်မှာ ပိုမြင့်မားလာခဲ့သည်။အာရုံ၏အချက်အလတ် (sensory data)တွေ များပြာ;လာသည်။ထိုကြောင့်အနုပညာတစ်ဦး၏ အနုပညာအာရုံဝင်စားမူ(Inspiration)သည်လည်း လျိုဝှတ်ဆန်ပြားလာသည်။
အချို့ကဗျာ၊အချို့ဝထ္ထူများသည် မျဉ်းသဘော၊အကွတ်သဘောတို့ကိုကျော်လွန်ကာ ပင့်ကူအိမ်သဘောကိုပင် ဆောင်သည်အခါဆောင်လာ၏။pg.8)ဟူ၍ဖြစ်သည်။မှန်ပါသည်။အရာရာသည် ပြောင်းလဲနေသလိုပင် စာပေပုံစံ၊ကဗျာပုံစံများသည်လည်း ခေတ်ကိုလိုက်၍ပြောင်းလဲလိုလာကြသည်။ခေတ်ကြီးပြောင်းနေသလို လူတို့၏ သုံးစွဲသောပစ္စည်းများမှာလည်း ခွဲထွက်မူပုံစံများ၊အသစ်အဆန်းများစွာတို့နှင့် ဆန်းကြယ်ရှုပ်ထွေးလာသည်။ထိုသို့ ဆန်းကြယ်လာသည်နှင့်အမျှအနုပညာဖန်တီးမူနှင်ခံစားမူများမှာလည်း ဆန်းကြယ်ရှုပ်ထွေးလာသည်ကို တင်ပြထားခြင်းပင်ဖြစ်သည်။ထပ်ပြီး ဆရာတာရာမင်းဝေက_
(ကျွန်တော်လို ကလန်ကဆန်ကောင်မျိုးကတော့ ဒါထက်မကလည်းတွေးဖြစ်ပါတယ်။ဥပမာ၆ ဆိုတဲ့ဂဏန်းတစ်လုံးကို တွေ့မိတယ်ဆိုပါတော့ကျွန်တော်က အဲဒီ ၆ ရဲ့နောက်ကွယ်က အရာတွေကိုပါ သိချင်နားလည်ချင်တယ်။ဒီ ၆ ဟာ၁၊၂၊၃ ဆိုတဲ့ ဂဏန်းလေးတွေကနေ အားကောင်းဖွံ့ဖြိုးပြီးဖြစ်လာတဲ့ ၆လား၊ဒါမှမဟုတ် ၈၊၉၊၁၀ ဆိုတဲ့ဂဏန်းကြီးတွေက ယုတ်လျော့ကျဆင်းလာတဲ့ ၆လား၊ ဒါမှမဟုတ် သူဘာသာအစကတည်းက ၆ သန့်သန့်ပဲဖြစ်လာတဲ့ ၆လား။အဲ
ဒါမျိုးပေါ့။pg.20)ဟုရေးပြထားသည်။ ယင်းမှာဆရာတာရာမင်းဝေက သူ၏စနစ်တကျတွေးတောပုံကို ချပြခြင်းဖြစ်သည်။အောင်မြင်သူအများစုသည် ယခုကဲ့သို့ပင် အရာရာကိုစနစ်တကျ တွေးခေါ်တတ်ကြသူများပင်ဖြစ်သည်။ထပ်၍ ဆရာတာရာမင်းဝေက_
(ကဗျာဆရာတို့၏ ကာရန်ဗဟိုပြုဝါဒသည်အလွန်ပင်အားကောင်းပြင်းထန်ခဲ့၏ ကာရန်ပါလျှင်ကဗျာ၊ ကာရံမပါလျှင် စကားပြေဟု ခွဲခြားကြ၏ ထိုခွဲခြားချက်တွင် ကဗျာကို ကာရံက ကိုယ်စားပြုနေကြောင်း ထင်ထင်ရှားရှားတွေ့ရလေပြီ။ကဗျာသစ်
တွေထွင်ကြ၏ ကဗျာသစ်ဟုပြောကြ၏ သို့သော်ကာရံသစ်သာဖြစ်ခဲ့သည်။ကဗျာဆရာကိုယ်တိုင်ပင်လျှင် ကဗျာနှင့်ကာရံကို ထပ်လျှက်ကျနေသယောင် လုံးထွေးမြင်ယောင်ခဲ့သည်။ကာ၇ံတစ်ခုရိုအီလာလျှင် ကာရံပုံစံနောက်တစ်ခုကိုတီထွင်ကြ
သည်။ကဗျာပဒေသာကျမ်းကြီးမှာလည်း မာတိကာတိုး၍ စာမျတ်နှာထူလာသည်။ထိုသို့ ဖြင့် ကဗျာသည် ကာရံဟူသော အရာတစ်ခု၏ ပုံစံမျိုးစုံနှင့်လှည့်ပတ်တုတ်နှောင်မူကို မရူမလှခံလာရပါတော့သည်။ထိုသည်ကိုသတိပြုမိသော ကဗျာဆရာအ
ချို့က တွေးခေါ်ဆင်ခြင်လာကြသည်။ကဗျာဆိုသည်မှာအဘယ်နည်း။ထိုပြင်ကာရံဆိုသည်မှာအဘယ်နည်း။pg.102)ဟူ၍ရေးသားထားသည်။ဆရာတာရာမင်းဝေသည် ကိုယ်တိုင်ကဗျာဆရာဖြစ်ခဲ့သူပီပီ ခေတ်သစ်ကဗျာအပေါ် ကာရံ၏ခြယ်လှယ်မူများကို တွန်းလှန်နေသော မော်ဒန်စာရေးဆရာတစ်ယောက်ပင်ဖြစ်သည်။မြန်မာနိုင်ငံတွင် မော်ဒန်ကဗျာများ ပေါ်ပေါ်က်လာသောအခါရှေးရိုးစွဲကဗျာပုံစံနှင့် များစွာကွဲလွဲသောကြောင့် ကဗျာဆရာများကြား ခံယူချက်တိုက်ပွဲများဖြစ်ခဲ့ကြရသည်။တ
ချို့ကဗျာဆရာများက ကာရံပါမှကဗျာ၊တချို့ကဗျာဆရာများက ကာရံရှိမှကဗျာမဟုတ်၊စသကဲ့သို့ ခံယူမူအမျိုးမျိုးဖြင့် ကဗျာတော်လှန်ရေးကြီးဆင်နွဲကြကုန်သည်။ထိုအထဲတွင် ဆရာတာရာမင်းဝေက ကာရံမရှိလည်းကဗျာဖြစ်သည်ဟူသော မော်ဒန်ကဗျာဆရာများဘက်မှ ရဲရဲဝံ၀ံတိုက်ပွဲဝင်ခဲ့သူပင်ဖြစ်သည်။နောက်ထပ် ဆရာတာရာမင်းဝေက
(လူ့ယဉ်ကျေးမူမြင့်မားပြီး ခေတ်စနစ်တို့ တိုးတတ်လာသည်နှင့်အမျှ အနုပညာတည်ဖွဲ့မူသည်လည်း သိမ်မွေ့နတ်နဲလာကြသည်။ ကဗျာ၏အဓိပ္ပါယ်ကိုရှာရင်းဖြင့် ကဗျာဆရာမျိုးဆတ်သစ်တွေလည်း ထက်မြတ်ရင့်ကျတ်လာကြသည်။ လူငယ်ပီပီဆန်းစစ်ဝေဖန်ကြ၏ ကာရံသည် ကဗျာ၏အစစ်အမှန်တရား(Reality) မဟုတ်သည်ကို သူတို့ရှာ
တွေ့ကြ၏ ကဗျာ၏အပေါ်ယံပုံစံမှာသာ တည်ကြောင်းသိလာသည်။ကဗျာက ချမှတ်ပေးသောခွင်(Frame)အတွင်းသို့ စကားလုံးများ အကန့်အသတ်ဖြင့်ပေးသွင်းနေရခြင်းမှာလည်း ခါးသီးစိတ်ပျတ်ဖွယ်ရာဖြစ်လာ၏ စာလုံးအနေအထား၊အသံ
အနေအထားမှာ ထိုသို့ဖြစ်ရမည်ဟူသော ကာရံ၏စီးမိုးခြယ်လှယ်မူကို သူတို့မနှစ်မြို့ကြ၊ပြဋ္ဌာန်းခံဝါဒ၊တရားသေ၀ါဒများကို လူငယ်တွေအနေနှင့် မမုန်းသည့်တိုင်အောင် မချစ်သည်ကတော့ သေချာခဲ့်သည်။Pg.103)ဟုရေးသားပြန်သည်။ယင်းမှာ ယနေ့ခေတ်ကဗျာဆရာများဘက်မှာ ဆရာတာရာမင်းဝေကရှေ့နေလိုက်ပေးလိုက်ခြင်းပင်ဖြစ်သည်။ယနေ့ခေတ်မော်ဒန်ကဗျာဆရာများသည် ကာရန်ကိုပစ်ပယ်လိုက်ခြင်းမဟုတ်သော်လည်း ကဗျာတိုင်းတွင်ကာရံကို သုံးသင့်သောအခါမှ သုံးကြသည်။မော်ဒန်ကဗျာဆရာများအတွတ်က ကာရံသည် အရေးမကြီးဟု ဆိုလီုက်ခြင်းပင်ဖြစ်သည်။ထိုနောက် ဆရာတာရာမင်းဝေက_
(လူမှန်လျှင် ယုံကြည်ချက်တစ်ခုတော့ရှိရမည် ဟူသော လောကကြီးထဲမှာ အနုပညာသမားတို့၏ ယုံကြည်ချက်က ပိုမိုလေးနတ်ပြင်းထန်လိမ့်မည်ဟုထင်ပါသည်။ကိုယ်ယုံကြည်ရာအတွတ် ကိုယ်ဘ၀ကိုပုံအောဆောင်ရွတ်နေရသဖြင့် သူတစ်ပါး
၏ယုံကြည်ချက်ကို မလိုမုန်းထားဖြစ်မိရန် အချိန်ပင်မရှိပါ။ယုံကြည်ချက်မတူ၍လည်း ၀မ်းနည်းစရာမလိုဟုနားလည်ထားပါသည်။ပန်းစိုက်သမားချင်းကိုယ်အပင်မှာပွင့်သောပန်းနှင့် သူအပင်မှာပွင့်သောပန်းဟုသာသဘောထားလိုပါသည်။pg.110)ဟုရေးထားပြန်ရာ ဆရာတာဝန်၏ နားလည်မူထားတတ်ပုံကို မြင်တွေ့ရသည်။ကိုယ်နှင့်အမြင်မတူတိုင်း ရန်သူဟု သတ်မှတ်စရာမလိုကြောင်း ထုတ်ဖော်ထားသည်မှာလေးစားဖွယ်ရာဖြစ်သည်။ဆရာတာရာမင်းဝေ၏ယခုစာအုပ်တွင် ကျွန်တော်ကြိုက်သော ခံယူချက်များစွာ ကျန်ရှိနေသေးသော်လည်းနောက်ထပ် တင်ပြလိုသောစာအုပ်က ရှိနေသေး
သောကြောင့် ယခုလောက်နှင့်ပင် ရပ်လိုက်ပါသည်။နောက်ထပ် ကျွန်တော်ထပ်၍တင်ပြချင်သောဆရာတာရာမင်းဝေ၏ စာအုပ်မှာ ခေတ်နေအတွတ်စာတစ်ရွတ်ဟုအမည်ရသောစာအုပ်ဖြစ်သည်။ထိုစာအုပ်သည် ဆရာတာရာမင်းဝေက သူ
၏သားခေတ်နေအတွတ် ရည်ရွယ်ရေးထားခဲ့သောစာအုပ်ဖြစ်သည်။ထိုစာအုပ်ကို ၂၀၀၅ အောက်တိုဘာတွင်ထုတ်ဝေခဲ့ပြီး စာအုပ်၏အစတွင် ဆရာတာရာမင်းဝေက_
(အခု ဒီစာအုပ်ဟာ သားကိုရည်ရွယ်ပြီး ဖေဖေရေးခဲ့တယ်။ သားကိုမွေးကတည်းက ဘာအမွေပေးရမလဲလို့ ဖေဖေ
စဉ်းစားခဲ့တယ်။ခတ်တာက ဖေဖေဟာ စီးဟွးရေးသမားတစ်ယောက်မဟုတ်ဘဲ စာရေးဆရာတစ်ယောက်ဖြစ်
နေတယ်။အသိပညာအမွေကိုပဲ ပေးနိုင်တယ်။pg.6)ဟု ရေးသားထားခဲ့သည်။ဆရာတာရာမင်းဝေ၏ ထိုအမှာစာကိုကြည့်ခြင်းအားဖြင့် ဖခင်ကောင်းပီသသောစိတ်ဓာတ်နှင့် အနုပညာရူးသွပ်မူကို အတိုင်းသားတွေ့မြင်ရပေသည်။ဆတ်လတ်ပြီးဆရာတာရာမင်းဝေက
(လောကမှာ လူတွေများပေမယ့် မိတ်ဆွေနည်းတယ်။ မိတ်ဆွေလို့ ထင်နေသူတွေကိုယ့်အနားမှာ
ဝိုင်းနေတတ်ပေမယ့် အခြေအနေလေးတစ်ချက်တိမ်းစောင်းသွားတာနဲ့ ကိုယ်ဘေးမှာ ဘယ်သူမှမရှိ
တော့မှာကို သားတွေ့ကြုံရဦးမှာပဲ။ဖေဖေအတွတ်တော့အဲဒါမျိုးတွေများလှပါပြီကွယ် ။နာမည်ကို ပေါ်င်းတဲ့မိတ်ဆွေ ၊လိုအပ်ချက်တစ်ခုအတွတ် ကြိုးရှည်ရှည်လှန်ပြီး လာပေါ်င်းတဲ့မိတ်ဆွေတွေ ဖေဖေဘ၀မှာ မွစာကြဲလို့ပေါ့။အဲဒါတွေထဲမှာမှ တစ်နပ်
စားညဏ်ကိုသုံးတဲ့မိတ်ဆွေလည်းရှိတယ်။pg.22)ဟုသူ၏သားကို သူ့အတွေ့အကြုံနှင့်ယှဉ်ပြီး ဆုံးမထားသည်မှာ လေးစားအားကျဖွယ်ဖြစ်သည်။သူဘ၀တွင် လူပေါ်င်းစုံနှင့်ဆက်ဆံခဲ့ရပြီဖြစ်သောကြောင့်လူတို့၏အကြောင်းကို ကောင်းကောင်းကျေညတ်ခဲ့လေရာ သူ့သား၏ဘ၀ခရီးတွင် လူပေါ်င်းမမမှားရအောင် ထပ်မံဆိုဆုံးမထားသည်က_
(လောကမှာ လူတွေကို သူ့အတိုင်းအတာနဲ့သူဆက်ဆံရတယ်။အသီးပေးသင့်သူကို အသီးပေးပြီးအပွင့်ပေးသင့်သူကို အပွင့်ပေးရတယ် ။ တချို့ကရနံပေးရုံလောက်နဲ့ ရပါရဲ့။တချို့ကိုကျတော့ အရိပ်ပါပေးရပြန်ရော။ လိုက်လျောညီထွေတဲ့ အပေးအယူနဲ့ဆက်ဆံရတယ်။အဲဒီအတွတ် တစ်ဖတ်လူရဲ့အကန့်အသတ်ကိုတော့ အကဲခတ်တတ်ဖို့လိုတယ်။pg.35)ဟုဖြစ်သည်။ဆရာတာရာမင်းဝေသည် သူ၏သားကို ဆရာလိုတစ်မျိုး၊မိဘလိုတစ်သွယ်၊သူငယ်ချင်းလိုတစ်ဖုံဖြင့် လောက၏အဆိုး
အကောင်းနှင့် အကျိုးအကြောင်းတို့ကို နားလည်လွယ်အောင် ရှင်းပြနိုင်ခဲ့ပေသည်။ထပ်ပြီးသူကလူတွေအကြောင်း ထပ်မံပြောပြပြန်သည်မှာ_
(သားကိုတစ်ခုပြောရဦးမယ်။မိန်းမတွေကိုသတိထားကွ။ဖေဖေပြောတဲ့ ဒီစကားဟာ မိန်းမတွေကိုနှိမ့်ချပြီးပြောတာမဟုတ်ဘူး။ဒါပေမယ့်အားနွဲ့တတ်တဲ့ မိန်းမသဘာဝအရ သူ့နည်းသူ့ဟန် ရုန်းကန်မူတွေဟာ ဘေးပတ်ဝန်းကျင်ကိုအနှောင့်အယှတ်ဖြစ်စေတတ်တယ်။အထူးသဖြင့် ယောကျာ်းသားတွေကို ခေါ်င်းခဲစေတဲ့ ကိစ္စတစ်ရပ်ကို ယောကျာ်းတစ်ယောက်မြင်ပုံနဲ့ မိန်းမတစ်ယောက်မြင်ပုံမတူဘဲ ကွဲပြားတတ်တယ်။ယောကျာ်းတွေနဲ့အပြိုင်တည်ငြိမ်ရင့်ကျတ်တဲ့မိန်းမတွေ၊ယောကျာ်းထက်ပို
ပြီးသဘောထားကြီးနိုင်တဲ့မိန်းမတွေလည်း ရှိပါတယ်။ဒါပေမယ့် ထမင်းအိုးကြီး ၇ အိုးလောက် သိုးအောင် မင်းရှာရလိမ့်မယ်။ဘယ်လိုပဲ ဖြစ်ဖြစ်လေလူပိန်းဆန်တဲ့ မိန်းမတွေကတော့ ပိုများတယ်။)ဟူ၍ဖြစ်သည်။ဆရာတာရာမင်းဝေသည် သူ့၏သားကို လူလောကသဘာဝအကြောင်း ပြည့်ပြည့်စုံစုံ သင်ကြားပြသပေးရာတွင် ဆန့်ကျင်ဘတ်လိင်ဖြစ်သော မိန်းမတို့်၏ သဘောသဘာဝကိုပါ ထည့်သွင်းဆုံးမခဲ့ခြင်းဖြစ်သည်။ယခု ဆရာတာရာမင်းဝေ၏ အတွေးအခေါ်. အယူအဆ အမြင်တို့မှာ စာဖတ်သူရင်ကို ထိမှန်စေသော မျှားချက်များပင်ဖြစ်ပေလိမ့်မည်။သူသည် ကွယ်လွန်သွားခဲ့သည်မှာ မှန်သောလည်း သူ၏နာမည် နောင်စာပေလောကသားများအပေါ် ထာဝရစိုးမိုးသွားမည်မှာ သေချာသည်။ထိုစာပေလောကသားများကလည်း သူ့အားတလေးတစားနှင့်အမြဲ ထာဝရမေ့နိုင်မည်မဟုတ်သည်မှာသေချာလွန်းလှပေသည်။ဆရာတာရာမင်းဝေအားအစဉ်လေးစားလျှက်။
မင်းဆက်ဝေ
June.28.2013
11:05pm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်