Saturday, March 14, 2015
ဆရာနီကိုရဲ၏ပုရွတ်ဆိတ်
ကျွန်တော်သည် အရင်က ဆရာနီကိုရဲ၏စာအုပ်တော်တော်များများကိုဖတ်ရူခဲ့ သည်။ ဆရာနီကိုရဲ၏ စာအုပ်တော်တော်များ
များထဲမှ မကြည်ပြာနှင့်အပြာရောင်နဂ္ဂတစ်များကို အကြိုက်ဆုံးဖြစ်သည်။ဆရာနီကိုရဲကွယ်လွန်ပြီးနောက်တွင်မူ ဆရာနာမည်ကို အသုံးချ
ပြီးထွက်ရှိလာသောဝထ္ထူများကို ကျွန်တော်မဖတ်ရူတော့ချေ။ ဆရာအရေးအသားဆိတ်သုန်းသွားခဲ့ ပြီဟုသာ ခံစားရသည်။သို့ သော်လည်း
အမှတ်မထင် စတိုင်သစ်မဂ္ဂဇင်းဟောင်းတစ်ခုကိုဖတ်ကြည့်မိရာ အမှတ်မထင်ပဲ ဆရာနီကိုရဲ၏လက်ရာဟောင်းဝထ္ထူတိုတစ်ပုဒ်ကို သွားဖတ်မိခဲ့ သည်။ထိုဝထ္မူတိုကို ဆရာနီကိုရဲက ပုရွတ်ဆိတ်တစ်ကောင်နေရာမှ ခံစားရေးဖွဲ့ ထားရာ အလွန်မှ စိတ်ဝင်စားဖွယ်ကောင်းချေ
သည်။ကျွန်တော်သည် ထိုကဲ့ သို့  သူတစ်ပါးမတွေးသောရှုထောင့်မှတွေးတောရေးဖွဲ့ ခြင်းမျိုးကိုအရမ်းသဘောကျသူတစ်ယောက်ဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်း နာရီ၊စီကရက်၊မှန် အစရှိသောသက်မဲ့ ပစ္စည်းများနေရာတွင်ဝင်ရောက်ခံစားရေးဖွဲ့ ဖူးပါသည်။ ထိုအတူ ဆရာနီ
ကိုရဲ၏ ခံစားရေးဖွဲ့ ခဲ့ မူမှာလည်း ကျွန်တော်အလွန်တရာမှကြိုက်နှစ်သက်မိပါသည်။ဆရာနီကိုရဲက သူဝထ္ထူတိုကင်ုပုရွတ်ဆိတ်တစ်ကောင်
၏ မှတ်တမ်းဟုနာမည်ပေးထားသည်။ထိုဝထထ္ထူတိုတွင် ဆရာနီကိုရဲ လက်စွမ်းပြထားပုံမှာ---
(ကျွန်တော်တို့  ပုရွှတ်ဆိတ်တပ်ဖွဲ့ ကြီးမှ တပ်မှုးကြီး ဂါဘလီ ညွှန်ကြားထားသောလမ်းကြောင်းအတိုင်း မှန်မှန်ချီတတ်
လာကြသည်။ချီတတ်ရသောလမ်းကြောင်းမှာ နောက်ဖေးမီဖိုချောင်၏ ဒုတိယတိုင်လမ်းကြောင်းအတိုင်းတန်းစီပြီးချီတတ်ရခြင်းဖြစ်သ ည်။)
ထိုအေ၇းအဖွဲ့ ကိုကြည့်ခြင်းအားဖြင့်ဆရာနီကိုရဲသည် ပုရွတ်ဆိတ်များကို အသေးစိတ်လေ့လာခဲ့ သလောဟု သံသယ
ဝင်စရာပင်ဖြစ်နေသည်။ အကြောင်းမှာဆရာနီကိုရဲကပုရွှတ်ဆိတ်များချီတတ်သည် လမ်းကြောင်းကအစအသေးစိတ်ဖော်ပြထားသည်။ ထပ်ပြီး ဆရာနီကိုရဲ ရေးထားသည်က
(ကျွန်တော်ကတော့ ဒီအိမ်၊ဒီမီဖိုချောင် ကို အကြိမ်ကြိမ်ချီတတ်ခဲ့ ရသူဖြစ်သဖြင့် အတွေ့ အကြုံ့ အတော်ရင့်နေပြီဖြစ်နပြီဖြစ် သည်။ ယခု ကျွန်တော်တို့ သွားနေတာက အရင်အကြိ မ်တွေတုန်းကလို ထမင်းလုံးသယ်ဖို့ မဟုတ်၊ငါး အရိုး၊မုန့်ဟင်းခါးဖတ်တစ်စ၊သွားကြားထိုးပြီး
ကျနေသော သွားကြားထဲမှ ဟင်းဖတ်တစ်ဖတ် မဟုတ်၊သကြားဖြစ်သည်။)ဟူ၏ ဆရာနီကိုရဲ၏ ထိုအရေးအဖွဲ့ကိုကြည့်လျှင် အတော်မှအနုပ ညာမြောက်နေသလို ခံစားရသည်။ထိုကြောင့် ဆရာနီကိုရဲအနေဖြင့် အားသွန်ခွန်စိုက်ရေးခဲ့ခြင်းမှာပညာယူစရာပါပင်။ဆက်ပြီး ဆရာနီကို ရဲရေးဖွဲ့ပြပြန်သည်က
(ပုရွတ်ဆိတ်ဆိုတာက ဆံပင်ချည်ကို လည်းသယ်ရသည်။မစင်၊ခြင်အသေနှင့်အနံရှိသော စားစရာအားလုံးကိုသယ်
ရသည်။သို့  သော် သကြား၊ထညက်ခဲနှင့်ချိုသောအစားအ စာမျိုးဆိုလျှင် သယ်စရာမလို။ထိုနေရာမှာပင် စားခွင့်ရှိချေသည်။သကြားပွင့်ကို သယ်နေ သောပုရွတ်ဆိတ်ဟူသည် ဒီကမ္ဘာမြေပေါ်မှာ မ ရှိပါ။အချိုကိုတွေ့လျှင်တွေ့သောပုရွတ်ဆိတ်သည် ကင်းထောက်မဟုတ်ပါက ထိုနေရာတွင်ပင် စားပေေ၇ာ့ဆိုသည် ဥပဒေက ကျွန်တော်တို့  ပုရွတ်ဆိတ်လောကမှာ ဒီနေ့ထိကျင့်သုံးနေ သောဥပဒေပင်ဖြစ်သည်။)ဟူ၏
ဆရာနီကိုရဲ၏ ခရေစေ့တွင်းကျ ပုရွတ် ဆိတ်ခံစားချက်မှာ ထိုမျှနှင့်မပြီးသေးပါ။ဆရာ နီကိုရဲက တကယ့်ကို အတွင်းကျကျ နိုက်နိုက် ချွတ်ချွတ်လေ့လာပြီး ပုရွတ်ဆိတ်လောကကို အသေးစိတ်ထပ်မံတင်ပြပြန်သည်။ ဆရာနီကိုရဲကပုရွတ်ဆိတ်လောကတွင်လည်းအဆင့်အတန်းခွဲခြားထားမူ၊စည်းလုံးမူ၊အသင်းစိတ်ဓာတ်ရှိမူ စသကဲ့သို့ သော်အရာများကို လူ့ ဘ၀၏သရုပ်တွင်ထင်ဟပ်လာအောင်ရေးဖွဲ့
ပြလေရာ_
(မိမိရလာသော စားစရာအလိုက် အဆင့်ခွဲခြားမူကလည်းရှိသေးသည်။ဆေးလိပ်ပြာသယ်လာသူ၊ထမင်းလုံးသယ်လာသူ၊ငရုတ်သီးဖတ်သယ်လာသူတို့ ကအခြေအနေမကောင်း)ဟူ၏ ထိုစာပိုဒ်အရကြည့်မည့်ဆိုလျှင်လူ့ဘ၀တွင်အဆင့်အတန်းခွဲခြားမူများရှိသလို
ပုရွတ်ဆိတ်လောကတွင်လည်း အဆင့်အတန်းခွဲခြားမူရှိသည်ဟု ဆိုလိုချင်ပုံပင်။ထိုနောက်ဆရာနီကိုရဲက သူ၏ဇတ်ကောင်ပုရွတ်ဆိတ်အ
ကြောင်းကိုပြန်လည်တင်ပြပြန်ရာ_
(ကျွန်တော်၏ပထမနေ့တွင် သူငယ်ချင်းကိုးဦးအနတ် သုံးဦးပြန်ရောက်သည်။တိလဲ က ပဲပြုတ်အညှာတစ်ခုကို သယ်လာသည်။
ဝမ်ဘစ် က ပလူတောင်ပံကျိုးကိုသယ်လာသည်။ကျွန်တော်ကတော့ကံကောင်းစွာ ငါးကြင်းအကြေးခွံတစ်ခုကို အောင်မြင်စွာ သယ်ဆောင်လာနိုင်ခဲ့သည်။ကျန်သည့် သူငယ်ချင်းခြောက်ယောက်ကတော့ ဘယ်လိုကံကြမ္မာဆိုးဝင်သည်မသိ နေရပ်သို့ပြန်မလာနိုင်ကြ
တော့။နောက်မှသတင်းကြားရသည်က တစ်ဦးကရေနစ်သည်။သုံးဦးက ကော်ဖီခွက်ထဲပြုတ်ကျသည်။နှစ်ဦးက လက်ဖတ်ခွက်ဆီထဲမှာ နစ်
ကျသေဆုံးသည်)ဟူ၏။
ဆရာနီကိုရဲရေးဖွဲ့ပြထားသောပုရွတ်ဆိတ်လောကသည် အသက်အန္တရာယ်များလှပုံကိုဖော်ညွှန်းနေ၏။ထိုပုရွတ်ဆိတ်များသည်
နေ့စဉ်နှင့်အမျှ စွန့်စားနေထိုင်အသက်ရှင်နေရသည်ဟုဆရာနီကိုရဲက တင်ပြချင်နေသလိုပင်။ထပ်၍ဆရာနီကိုရဲက သူ၏ ပုရွတ်ဆိတ်များစွန့်စားကြပုံကိုဖော်ပြထားသည်မှာ_
(ကျွန်တော်တို့ချီတတ်လာသောလမ်းကြောင်းက သကြားပုလင်းရှိရာစင်၏ အောက်ခြေသို့ရောက်လာသည်။ကင်းထောက်
ပုရွတ်ဆိတ်များနှင့်ပိုမိုတွေ့ဆုံလာရကာ ချီတတ်ရသောလမ်းကြောင်းက ပိုမိုကျပ်တည်းလာပြီး ပု၇ွှတ်ဆိတ်တပ်သားတွေထူထပ်လာ
သည်။ထိုအချိန်တွင်ပုရွတ်ဆိတ်ချီတတ်ရာလမ်းကြောင်းကြီးရုတ်ရုတ်သဲသဲဖြစ်သွား၏အမြန်စုံစမ်းကြည့်တော့နို့ဆီနံကိုရသောကြောင့်ဖြစ်
သည်။ကင်းထောက်တပ်သားများထဲမှလည်းနိုဆီဗူးပွင့်နေသည်ဆိုသောသတင်းကို မှန်မှန်ကြားနေရသည်။)ဟူ၏
ထိုအရေးအဖွဲ့သည် ဆရာနီကိုရဲပုရွတ်ဆိတ်များကိုမည်မျှ လေ့လာထားကြောင်းဖော်ပြနေသလိုပါပင်။ဆ၇ာနီကိုရဲ၏အတွေးကအလွန်မှလှပသေသပ်လွန်းသည်။သူ၏အတွေးကိုအကောင်းဆုံးရေးဖွဲ့ပြနိုင်မူကြောင့် စာဖတ်သူမှာ ပုရွတ်ဆိတ်များ၏ တကယ့်ဖြစ်ရပ်မှန်ဇတ်
လမ်းဟု ထင်မှတ်ပေလိမ့်မည်။ထိုသို့ ထင်မှတ်အောင်ရေးဖွဲ့နိုင်ခြင်းမှာ စာရေးဆရာတစ်ယောက်၏ကျွမ်းကျင်မူနှင့်လိမ္မာပါးနပ်မူများပင်
ဖြစ်လေရာ ကျွန်တော်မှာ ဆရာနီကိုရဲကိုအထင်မကြီးဘဲမနေနိုင်ချေ။ထိုနောက်ဆရာနီကိုရဲက အဆုံးသတ်အနေဖြင့်_
(ပုရွတ်ဆိတ်တပ်မှုူးကြီး၏သား ရှာလီကိုယ်တိုင် နို့ဆီထဲနစ်သေခဲ့ကြောင်းကို ကျွန်တော်တို့ သိပြီးပြီ။ထိုနေ့က ပုရွတ်ဆိတ်
ပေါ်င်း၅၈၀ ကျဆုံးခဲ့သည်။)ဟုရေးခဲ့သည်။နောက်ဆုံးဆိုလိုချင်သည်မှာလူတို့၏မဆင်မခြင်အပြုအမူများကြောင့်
ပုရွတ်ဆိတ်များနေ့စဉ်သေကြေနေကြပုံကိုဆရာနီကိုရဲ က တင်ပြချင်ပုံရသည်။ထိုသို့  ပုရွတ်ဆိတ်များသည်လည်း လူသားများကဲ့သို့
ဝမ်းစာအတွတ်လှုပ်ရှားရုန်းကန်နေကြပုံကိုအကောင်းဆုံးရေးဖွဲ့ပြနိုင်ခဲ့ခြင်းမှာ ဆရာနီကိုရဲ၏အကောင်းဆုံးသောစာပေလက်ရာတစ်ခုဟု
ကျွန်တော်ထင်မှတ်ယူမိပါသည်။
1:55pm
19.7.2013
Minsetwai
မြန်မာသူငယ်ချင်းဆိုဒ်မှ
+♥*♥*♥*+Snow Hninn*♥*♥*♥*+ ကမှတ်ချက်ပေးသွားပါတယ်ဗျို့  (မနေ့က )
ကျွန်တော်သည် ထိုကဲ့ သို့  သူတစ်ပါးမတွေးသောရှုထောင့်မှတွေးတောရေးဖွဲ့ ခြင်းမျိုးကိုအရမ်းသဘောကျသူတစ်ယောက်ဖြစ်သည်။
ဟုတ် အနှင်းလည်းတူတူပါပဲနောက်ပြီး သူငယ်ချင်းရေးတဲံ စီးကရက် ဆိုတာလေးကိုလည်းသဘာကျမိပါရဲ့
နောက်ပြီး တကယ်တော်တဲ့စာရေးဆရာတွေရေးတဲ့ပုံပြင်တွေကိုပြောင်းပြန်လှန်ပြီးေ၇းလိုက်တဲ့စာလေးတွေကိုလည်းသဘောကျတယ်
ဥပမာ- ယုန်နဲ့လိပ် ပုံပြင်ရယ်( ဒီပုံပြင်ထဲမှာ ယုန်ကအနိုင်ရသွားတာလေ) ပုရွက်ဆိတ်နဲ့နှံကောင်ရယ် ( ဒီထဲမှာနှံကောင် က ကြီးပွားသွားတာလေ)အဲလိုရှုထောင့်မတူတဲ့ရှုထောင့်အတွေးလေးတွေကိုသဘောကျမိပါရဲ့...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်