Saturday, November 7, 2015

မင်းဆက်​​ဝေ_​ကော်​ကပ်​ထား​သောအတိတ်

မင်းဆက်​​ဝေ_အဇ္စတ္တရိုင်း
(​ကော်​ကပ်​ထား​သောအတိတ်)
(A)
သူကို လူအများက ​သွေး​အေးသည်​ဟု စွတ်​စွဲ​ပြောဆိုကြသည်​။
ထို​ကြောင့် သူကိုယ်​သူ​မေးခွန်းပြန်​ထုတ်​ကြည့်မိသည်​။
သူဟာ အမှန်​ပဲ​သွေး​အေးသတ္တဝါတစ်​​ကောင်​ဖြစ်​​နေသလား။
(သူ ​သွေးမ​အေးပါ)
သေချာပါသည်​ ။ သူဟာ​သွေး​အေး​သောသူမဟုတ်​။
သူတွင်​ ​အလွယ်​တကူ​သွေးဆူနိုင်​​သော အတိတ်​တို့ရှိသည်​။
ထိုအတိတ်​ထဲတွင်​ မိန်​ခ​လေးတစ်​​ယောက်​ရှိသည်​။
ထိုမိန်​ခ​လေးသည်​ သူကို ညို​သောမျတ်​ဝန်းများဖြင့်ကြည့်၏။
ထိုမိန်​ခ​လေးသည်​ မာယာကိုထုံးလို​ချေ ​ရေလို​နှောက်​နိုင်​ခဲ့သည်​။
ယခု သူမနှင့်သူ ပြန်​ဆုံ​တွေ့ကြ​လေပြီ။
တစ်​ချိန်​က ဆူပွက်​ခဲ့ပါသည်​ဆို​သော ​သွေးတို့သည်​ အဘယ့်​ကြောင့်
ဆူပွက်​ရန်​ တုန့်ဆိုင်း​နေရပါသနည်း။
သူမ၏ အံသြခြင်းတို့သည်
သူ၏​ခြေရင်းတွင်​ စုပုံဝပ်​ဆင်းလာခဲ့သည်​။
သို့​သော်
သူသည်​ကား မတုန်​မလှုပ်​ စာ​ခြောက်​ရုပ်​လို......။
(ထုံးစံအတိုင်း​နော်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်