Thursday, November 5, 2015

မင်းဆက်​​ဝေ _မှန်​တစ်​ချပ်​ရဲ့ရာဇဝင်​ ၇

မင်းဆက်​​ဝေ_မှန်​တစ်​ချပ်​ရဲ့ရာဇဝင်​၇
ဒါ​ပေမယ့် ပြန်​ကျလာတဲ့လက်​​တွေဟာ
ရင်​ဘတ်​​ပေါ် ​ရောက်​ခွင့်မရခဲ့ပါဘူး။
အတုဟာ ရုတ်​တရက်​​ရောက်​လာပြီ
သူမရဲ့လက်​ကို ချုပ်​ကိုင်​တားစီးလိုက်​တယ်​။
အဲဒီ​နောက်​ သူတို့နှစ်​​ယောက်​ အကြည့်ချင်းဆုံသွားကြတယ်​။
သူမမျတ်​ဝန်းကမျတ်​ရည်​​တွေ ကျလာတယ်​။
ဒါကို အတုက လက်​က​လေးနဲ့တယုတယသုတ်​​ပေးတယ်​။
ပြီး​တော့ သူတို့မျတ်​နှာ​တွေ ပြုံးသွားကြတယ်​။
သူမက လက်​ထဲကမှန်​ကွဲစကို လွှတ်​ချလိုက်​တယ်​။
"ချလွမ်း"
ငါ့ဘဝ ထပ်​ပြီးတစ်​စစီပြန့်ကြဲသွားတယ်​။သူတို့က​တော့ပြုံးလို့ရွင်​လို့နဲ့ ခုတစ်​မျိုး ​တော်​ကြာတစ်​မျိုး​တွေပါလား။
ဘာ​တွေလဲ နားမလည်​​တော့ဘူး။
ငါအသံကုန်​ ​အော်​ဟစ်​ပစ်​လိုက်​တယ်​။
အဲမှာငါနိုးထလာတာပါပဲ။ ​ဝေဒနာအက်​ကွဲစ​တွေနဲ့​ပေါ့။
(I)
ကဲ အဲဒီအိမ်​မက်​ကို မင်းဘယ်​လိုသ​ဘောရလဲ။
တကယ်​ပဲ ငါဟာ ​မြေစာပင်​ဖြစ်​ရ​တော့မှာလား။
အခုထိ​တော့ ငါ့အခန်းထဲမှာ ငါရှိ​နေတုန်းပဲ
(အက်​​ကြောင်း​တွေနဲ့)
အတုကလည်း သူ့ဘဝမှန်​ကို သူလာ​တောင်း​နေတုန်းပဲ
နောက်​ပြီး
အိမ်​မက်​​တွေကို ဆက်​မက်​​နေတုန်းပဲ။
Oct.5.2011
Minsetwai

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်