မင်းဆက်ဝေ_အဇ္စတ္တရိုင်း
(ကော်ကပ်ထားသောအတိတ်_၂)
(B)
ဖြစ်စဉ်(၁) သူကိုစိတ်မရှည်ဖြစ်နေသော ထိုမိန်းမ၏ အကြည့်များ
သည် ဒေါသများ ယိုဖိတ်လျှက် ပါးပျဉ်းထောင်နေသော မြွေဟောက်တစ်ကောင်နှင့် တူချေသည်။
ဖြစ်စဉ်(၂) သူသည် ထိုအဆိပ်ပြင်းသော အကြည့်များကို လျစ်လျူ ရူလျှက် ကော်ဖီဆိုင်မှပြန်လွင့်လာသော Three Days Grace ၏ last to known ဆိုသောသီချင်းကိုသာ အာရုံစိုက် လိုက်ညည်းနေခဲ့သည်။
ဖြစ်စဉ်(၃) သူနှင့်ထိုမိန်းမ၏ ဖြစ်အင်ကိုကြည့်ပြီး ဘာလုပ်လို့ ဘာ
ကိုင်ရမှန်းမသိသော သူ့၏သူငယ်ချင်းကိုဦးမှာ ခေါ်င်းကိုသာ တွင်တွင်ခါယမ်းနေခဲ့၏။
ဖြစ်စဉ်(၄) ထိုမိန်းမ၏မျတ်လုံးများသည် တဖြည်းဖြည်းနှင့် အ
ရောင် မှေးမှိန်လာခဲ့ပြီး တိမ်မှုန် တိမ်လိပ်များ ဖုံးလွှမ်းကာ မိုးကြီးရွာချရန် အုံဆိုင်းလာခဲ့သည်။
ဖြစ်စဉ်(၅) သူရှေ့မှာ မြင်နေရသော ထိုမိန်းမသည် သူ၏အတိတ်ထဲက မိန်းခလေးဟု သူ မြင်ယောင်ကြည့်၍မရ။
ဖြစ်စဉ်(၆) ထိုကဲ့သို့ တိတ်ဆိတ် ငြိမ်သတ်ပြီး ဘာမှထူးခြားခြင်း
မရှိသော အခြေအနေသည် သူမအတွတ် သားရဲတွင်းထဲမှ သိုးငယ်
ကဲ့သို့ ဖြစ်နေရှာသည်။
(ရှေ့ဆက်ရန်)

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်