Sunday, September 21, 2014

အ​နောက်​တိုင်းမှ​မှော်​ပညာ

အေ​နာက်တိုင်းမှ​​မှော်​ပညာနှစ်​မျိုး

စ​ကော့လူမျိုး မနုဿ​ဗေဒပညာရှင်​ ဆာ
ဂျိမ်းဖ​ရေဇာ (Sir James Frazer)က ​မှော်​ပ
ညာနှစ်​မျိုးရှိ​ကြောင်း သူ၏ဂန္တ၀င်​​မြောက်​ကျမ်း
တစ်​ဆူဖြစ်​သည့်​ ​ရွှေသစ်​ကိုင်း (The Golden
Bough)တွင်​ ရှင်းလင်းပြသထားသည်​။သူရှင်း
ပြထားပုံမှာ ​မှော်​ပညာနှစ်​မျိုးရှိရာ ပထမ​မှော်​ပ
ညာမှာ ဆင်​တူ​မှော်​ပညာဖြစ်​သည်​။ ထိုဆင်​တူ
မှော်​ပညာတွင်​ ပုံစံလုပ်​သရုပ်​တူ​စေဆိုသကဲ့သို့
ဆင်​တူပြုလုပ်​ခြင်းဖြင့်​ တူညီ​သောအကျိုးကို
ဖြစ်​​ပေါ်​စေသည်​။ဥပမာအားဖြင့်​ လူတစ်
ယောက်​၏ပုံတူကိုပြုလုပ်​ကာ ထိုသူကိုနာကျင်
စေ​သောနည်​မျိုးပင်​ဖြစ်​သည်​။ ဒုတိယ​မှော်​ပ
ညာကမူဓာတ်​ကူး​မှော်​ပညာဟု​ခေါ်သည်​။ ထိုပ
ညာတွင်​ထိ​တွေ့ မူကြာရှည်​ရှိ​နေ​သောအရာ
သည်​ ထိ​တွေ့သူနှင့်​ကွဲကွာသွား​သောလည်း ယင်းသည်​ ထိ​တွေ့သူနှင့်​တစ်​ထပ်​တည်းကျ
ကာ ထိုသူ၏ကိုယ်​ဟွးဖြစ်​​နေ​ချေသည်​။ ဥပမာ
ဖြင့်​ရှင်းပြရလျှင်​ မြန်​မာအယူအဆတစ်​ခုတွင်
ရေနစ်​​သေ​သော်​အ​လောင်းကိုရှာမ​တွေ့ပါက ထို​ရေနစ်​သူအုံးခဲ့​သော​ခေါ်င်းအုံးကို ​ရေထဲသို့ 
ပစ်​ချကြသည်​။ထိုအခါ ​ခေါ်င်းအုံးသည်​ အ​လောင်းရှိ​သော ​နေရာတည့်​တည့်​တွင်​ တ၀ဲလည်​လည်​လည်​​နေတတ်​သည်​။ ယင်းမှာ ​ခေါ်င်းအုံးသည်​ ​သေဆုံးသူနှင့်​ထိ​တွေ့မူများ
သော​ကြောင့်​ ​သေ သူ၏ကိုယ်​ဟွးဖြစ်​သွားခြင်း
ဖြစ်​သည်​။ယင်းအချက်​ကိုအသုံးချ​သောပညာကို ဓာတ်​ကူး​မှော်​ပညာဟု​ခေါ်ဆိုကြ​ပေသည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်