Friday, October 28, 2016

ဟေတီမှာမှော်ပညာ

ဟေတီမှ​မှော်​ပညာ

အာဖရိကရှိ ​ဟေတီဟုအမည်​ရ​သော ကျွန်းစုတွင်​ ဗူးဒူး(voodoo)ဆို​သော အမည်​နာမဖြင့်​ ​မှော်​၊က​ဝေ၊စုန်း၊ အထက်​လမ်း၊​အောက်​လမ်း၊ပညာမျိုးစုံနှင့်​ ပညာရှင်​မျိုးစုံ ထွန်းကားလျှက်​ရှိ​ပေသည်​။
ဗူဒူး( Voodoo)သည်
လူသိများ​သောဓ​လေ့နှင့်​စိတ်​ကူးယဉ်​စာအုပ်​များတွင်
ခေတ်​သစ်​​အောက်​လမ်း​မှော်​ပညာတစ်​ခုအ​ဖြစ်​​ဖော်​ပြခံရ​သော ပညာတစ်​မျိုးဖြစ်​သည်​။
မည်​သို့ပင်​ဖြစ်​ဖြစ်​ ထိုပညာရပ်သည်
စုန်းတို့၏ပြုစားခြင်း သို့မဟုတ်​ ကျိန်​စာတိုက်​ခြင်းများဖြင့် လက်​​တွေ့​အောက်​လမ်းပညာကို လက်​ခံကျင့်​သုံးနေကြခြင်းပင်ဖြစ်သည်။
Voodooတွင်​ကွဲပြား​သော ကိုယ်​ပိုင်​သမိုင်း​ကြောင်းနှင့်​ယဉ်​​ကျေးမူများရှိသည်​။ယင်းတွင်​ ​ခေတ်​သစ်​စုန်းများ၏ယဉ်​​ကျေးမူများ အနည်းငယ်​ပါဝင်​ပတ်​သတ်​​နေသည်​။ထို​ကြောင့်​ဥ​ရောပတွင်Gerald Gardner and Aleister Crowleyတို့ကဲ့သို့လက်​​တွေ့လိုက်​ပြုလုပ်​​သော ပညာရှင်​များ ​ပေါ်​ပေါ်က်​လာရခြင်းဖြစ်​သည်​။အကျိုးသက်​​ရောက်​မူမှာ ယင်းတို့သည်​ကိုယ်​ပိုင်​အမြင်​များဖြင့်​​အောက်​လမ်းနှင့်​​မှော်​ပညာအကြားတွင်​​မှော်​အတတ်​နှင့်​အတူ
ဗူးဒူးယဉ်​​ကျေးမူများကိုပြုလုပ်​လာကြသည်​။သူတို့သည်
မှော်နှင့်​နွယ်​​သော ကျိန်​စာတိုက်​ခြင်း၊ဖုတ်​သွင်းခြင်း၊အဆိပ်​ခတ်​ခြင်းများကဲ့သို့ မျိုးစုံ​သော ဗူဒူးပညာများကို
ခုံမင်​နှစ်​သက်​ကြသည်​။ထိုအတူ
ဟေတီသားတို့၏ ယုံကြည်​ချက်​မှာ ​ရောဂါသင့်​ဖျားနာခြင်းများသည်​ သာမန်​ဖြစ်​​ပေါ်လာရခြင်းမဟုတ်​ဘဲ မ​ကောင်းမူတစ်​ခုခု​ကြောင့်​ နတ်​ဆိုးတို့ ဒဏ်​ခတ်​ခြင်း (သို့)တစ်​ဦးဦးက ​လောကီပညာဖြင့်​ လုပ်​​ဆောင်​​နေခြင်း
ဖြစ်​သည်​ဟု ယုံကြည်​ထားကြသည်​။
ဟေတီသားတို့်သည်​ လူတစ်​ဦး
တစ်​​ယောက်​ကို ပြုစားလိုလျှင်​ ဘာရွှန်
ဆာမီဒီ(Baron Sarmedi)ဟူ​သော နတ်​က​ဝေသခင်​နှင့်​အ​ပေးအယူပြုလုပ်
ရသည်​။ထိုက​ဝေရှင်​က ပြုစားမည့်​သူကို အမှတ်​သညာမပြုမချင်း မည်​မျှစွမ်း​သော ပညာရှင်​ပဲဖြစ်​ဖြစ်​ ထိုသူအား
ကာကွယ်​တားစီးခြင်းမှ မတတ်​နိုင်​​ချေ။
ဟေတီတွင်​ ပြုစားမည့်​သူနှင့်
ပုံစံတူပြုလုပ်​ထား​သော အရုပ်​က​လေး
အား ထိခိုက်​​အောင်​လုပ်​ခြင်းဖြင့်​ အပြင်​​လောကတွင်​ အမှန်​တကယ်​ နာကျင်​​စေ​သော ပြုစားခြင်းမျိုးကို အများဆုံးပြုလုပ်​တတ်​ကြသည်​။
ထိုအတူ ​ဟေတီကျွန်းရှိ ​မှော်​ဆရာကြီးတစ်​ချို့သည်​ ပြုစားမည့်​သူ၏ရုပ်​ပုံကို ​ရေပုံးထဲရှိ​ရေတွင်​ ​ပေါ်လာ​အောင်​ မန်းမှုတ်​ပြီး ​ပေါ်လာ​သောရုပ်​ပုံကို ဓားနှင့်​ထိုးသည်​။
ထိုအခါ လက်​​တွေ့ဘဝတွင်​လည်း ပြုစားခံရသူမှာ ​ဓားထိုးခံရသကဲ့သို့ ​ဝေဒနာခံစားရပြီး သေဆုံးသွားရ​ပေသည်​။
ထိုသို့် ​သော်​ အတတ်​ပညာတို့သည်​ ယ​နေ့​ခေတ်​သိပ္ပံအမြင်​ဖြင့်​ ကြည့်​​သောအခါ ယုတ္တိကင်းမဲ့သည်​ဟု ယူဆဖွယ်​ရှိ​ချေသည်​။ထိုအတူ အချို့ကလည်း ပဉ္စလတ်​​မှော်​ပညာ
ဟူသည်​ အတိတ်​မှာ ကျန်​ခဲ့ပြီဟု ထင်​ထားကြသည်​။ထို​ကြောင့်​ ယခုကာလအတွင်း​ မှော်​အတတ်​ပညာ
ရှင်​တို့ ရှိ​နေသည်​ဆိုပါလျှင်​ သမာရိုးကျ ယဉ်​​ကျေးမူအသိုက်​အမြုံ၏ အပြင်​ဘက်​သို့ ​ရောက်​​နေသူဟုသာ
စွပ်​စွဲကြမည်​မှာ ကျိန်း​သေသည်​။သို့​သော်​ ​ဟေတီကျွန်းတွင်​မူ ​မှော်​ပညာအစွမ်းဖြင့်​ လက်​​တွေ့အကျိုးရလဒ်​တို့အား ရရှိ​နေကြပုံကို မျတ်​ဝါးထင်​ထင်
တွေ့မြင်​​နေရပြီဖြစ်​သည်​။ယင်း​ဟေတီကျွန်းတွင်​ဗူဒူးနတ်​ဆရာကြီးများအား ​တွေ့ဆုံရန်​မှာ ဆရာဝန်​နှင့်​​တွေ့ပြီး ရက်​ချိန်းယူရသကဲ့သို့ပင်​ဖြစ်​သည်​။ထိုနတ်​ဆရာတို့၏ ဗူဒူးပွဲဆိုသည်​မှာ ဘာသာ​ရေးပွဲသဘင်​များကဲ့သို့်ပင်​ရပ်​ကွတ်​သူ၊ရပ်​ကွတ်​သားအားလုံးပါဝင်​​သော အခမ်းအနားတစ်​ရပ်​ပင်​ဖြစ်​သည်​။ဟေတီတို့၏ ဗူဒူးပညာတွင်​​မှော်​ဆရာများနှင့်​နတ်​ဆရာများကို ခွဲခြားထားခြင်းမရှိ​ချေ။ထိုသူတို့သည်​​ရော​နှောပြီးအတူ​နေထိုင်​ကြသည်​။
ထို​ဟေတီကျွန်းသားများသည်​အမွှာက​လေးများကို အလွန်​အ​လေးအနတ်​ထားကြသည်​။ထိုအမွှာက​လေးများသည်​လူတစ်​ဝက်​နတ်​တစ်​ဝက်​​ရော​နေ​သောက​လေးများဟု ယင်းတို့်က ယူဆထားကြသည်​။
ကျွန်​​တော်
ကိုယ်​တိုင်​ပင်​ ယခု စာအုပ်​ကို ​ရေးတင်​​နေစဉ်​ အတွင်း​ gmailမှတစ်​ဆင့်​ ယ​နေ့​ခေတ်​တွင်​ ​မှော်​ပညာဆိုတာ
ရှိနိုင်​ပါ့ဦးမလား​။ရှိခဲ့လျှင်​ လက်​​တွေ့ကျကျ သိမြင်​နိုင်​မည်​လားဟု ဆက်​သွယ်​​မေးမြန်းခြင်းကို ခံခဲ့ရပါ
သည်​။ထိုအတွတ်​ကျွန်​​တော်​အ​ဖြေတစ်​ခုသာ​ပေးခဲ့သည်​။ထိုအ​ဖြေမှာ ဟေတီကို ​လေ့လာကြည့်​ပါဟူ၏။ဟေတီတွင်​ မှော်​ပညာ၏ အစိတ်​အပိုင်းများကို အမှန်​တကယ်​​တွေ့မြင်​ရပါသည်​။ထိုအပြင်​​ဟေတီမှ ဗူဒူးပညာဖြင့်​စီမံ​ဖော်​စပ်​ထား​သော ​ဆေးဝါးများ၊အ​ဆောင်​များ၊ရုပ်​တုများ၊ဖ​ယောင်းတိုင်​များမှာ ​ရောင်းကုန်​ပစ္စည်းတစ်​ခုအဖြစ်​​တောင်​ ထွင်​ကျယ်​လာခဲ့ပြီဖြစ်​သည်​။ထိုပစ္စည်းများကို အင်္ဂလန်​နိုင်​ငံ၊လန်​ဒန်​မြို့၊ဟာ​​လေလမ်းရှိဆိုင်​တစ်​ဆိုင်​တွင်​ ​ရောင်​ချလျှက်​ရှိ​နေ​ချေသည်​။
အသို့ဆိုလျှင်​ ​မှော်​ပညာဟူသည်​ ယ​နေ့​ခေတ်​ထိ တည်​တံ​နေ​သေးသည်​မှာ အမှန်​ပင်​ဖြစ်​​တော့သည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်