Wednesday, May 15, 2013

မင်းဆက်ဝေ-ELEVEN မှကိုသူရိန်လှိုင်ဝင်းသို .

.ယခုတစ်လော ဂျာနယ်တော်တော်များ များတွင် ပါဝင်နေသောအကြောင်းအရာမှာ အင်တာနတ်မှ လွတ်လပ်စွာထုတ်ဖောယ်ခွင့်နှင့်ရေးသားခွင့်များကိုဝေဖန်ထား သောအကြောင်းများသာဖြစ်နေသည်။ ထိုပြသာနာကိုရှင်းရန် ကျွန်တော်တို့  BLOGGER အားလုံးတွင်တာဝန်ရှိသည်ဟု ကျွန်တော်ယူဆမိသည်။ ထိုအတွတ် ELEVENနေ့ စဉ်သ တင်းစာတွင် ကိုသူရိန်လှိုင်ဝင်းက လူမူကွန်ယက်တွေဟာ ဥပဒေဘောင်၏အပြင်ဘက်မှာ ရှိနေသလားဆိုသော ဆောင်ပါးထဲတွင် အောက်ပါအတိုင်းရေးသားခဲ့ သည်။ လူမူကွန်ယက်များတွင်ရေးသားမူ၏ အဓိကဆိုးကျိုးမှာ ရေးသားမူ၏နောက်တွင် တာဝန်ယူမူတွေရှိဖို့ ပျတ်ကွတ် နေခြင်းဖြစ်သည်။ လူမူကွန်ယက်များသည် ဥပဒေ ဘောင်အပြင်ဘက်မှာ စိုးမိုးနေသလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကာအကွယ်ယူပြီး လူမူကွန်ယက် များပေါ်တွင် လူမျိုးရေး၊ဘာသာရေး ခွဲခြားလှုံဆော်မူများ လုပ်သည်။ ကောလဟလဖြန့် သည်ဟူ၏ ကိုသူရိန်လှိုင်ဝင်းကိုသိစေချင်သည်မှာ ကျွန်တော်တို့  BLOGGER များသည် လွတ်လပ်ခွင့်ကိုမြတ်နိုးသောကြောင့် ပုံနှိပ်ထုတ်ဝေခြင်းနှင့် စာမူစီစစ်ခြင်းများနှင့်ကင်းရာ အင်တာ နတ်ပေါ်သို့ ခြေချခဲ့ ကြခြင်းဖြစ်သည်။ကျွန်တော်တို့  BLOGGER များအပေါ်ဥပဒေသတ်မှတ်ရန်ဆိုသည်မှာ ကျွန်တော်တို့ သည် မကောင်းမူဖြစ်သာ Hacking လည်းမလုပ် ၊ အင်တာနတ်ပေးတတ်ပြီး ပြည်တန်ဆာအမူလည်းမပြု၊ လူကုန် ကူးခြင်းလည်းမလုပ်သလို မူးယစ်ဆေးဝါးလည်းအသုံးမချကြပါ။ ကိုသူရိန်လှိုင်ဝင်းက ဆက်၇်ျရေးသား ခဲ့ သည်မှာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့ အစည်းများကိုမမှန်မကန် ပုတ်ခတ်စော်ကားသည်။လူမူကွန်ယက်များပေါ်တွင်တာဝန်ယူမူကင်းမဲ့ စွာ ပြုမူကြသည်။ တာဝန်ယူမူကင်းမဲ့ သောအကြမ်း ဖက်မူကို အားပေးလှုံမူများကို ရခိုင်ပဋိပက္ခ၊မိတ္တီလာပဋိပက္ခ တို့ တွင် သိသိသာသာမြင်နိုင်သည်ဟူ၏ထိုအရေးအသား သည်အလွန်မှတစ်ဖက်သတ်ဆန်လွန်းနေပါသည်။အချို့ သော ဂျာနယ်များသည် သတင်းနှင့်ဓါတ်ပုံများကိုအင်တာနတ်မှ ယူငုင်သုံးစွဲကြသည်။ထိုအထဲတွင် ELEVEN လည်းကင်းနိုင် မည်မဟုတ်ချေ။အသို့ ဆိုလျှင်သတင်းလွတ်လပ်ခွင့်ရှိရန်မှာ လွတ်လပ်စွထုတ်ဖော်ပြခွင့်လိုပေသည်။စာဖတ်သူကကောင်း သည် မကောင်းသည်။ မှန်သည်မမှန်သည်ကိုခွဲခြားပေလိမ့် မည်။ထိုကြောင့် တစ်ဖတ်သတ်အမြင်များဖြင့်ဝါးလုံးရှည် သိမ်းရမ်းခြင်းမှာမဖြစ်သင့်ပေ။ နောက်ထပ်ကိုသူရိန်လှိုင်ဝင်းက ဓီမိုကရေစီစံနူန်းမြင့် သောအနောက်နိုင်ငံမှားတွင် အင်တာနတ်အရေးယူမူတွေရှိနေ သည်။ မှန်ပါသည် ထိုအရေးယမူများမှာ ပုဂ္ဂိုလ်ရေးစော်ကားမူ များသာဖြစ်ပြီး လွတ်လပ်စွာ ဘလော့ရေးသာခြင်းနှင့်မပတ် သတ်ပါ။ နောက်သတိပြုစေလိုသည်မှာကမ္ဘာကျော် ခရစ်ယာန်-မွတ်စလင်ပဋိပက္ခကြီးကိုဖြစ်စေခဲ့ သော Innocence of Muslims ဇတ်ကားကို ယူကျူ မှတဆင့် ဖြန့် ချိခဲ့ သော နာကိုလာဘတ်စဟလေအား အမေရိကန်တို့  ဘာကြောင့် အရေးမယူပါသနည်း။ သို့ သော်ပြောစရာရှိသည်က နာကို လာဘတ်စလေ ထောင်ကျခဲ့ သည်။ ယင်းမှာ ထိုဇာတ်ကား ကိုဖြန့် သောကြောင့် ထောင်ကျခဲ့ ခြင်းမဟုတ်ဘဲ ရုပ်ရှင် သရုပ်ဆောင်များကိုလိမ်လည်ခေါ်ယူရိုက်ကူးခဲ့ သောကြောင့် ပင်ဖြစ်သည်။ ထိုကြောင့် အင်တာနတ်ကိုဥပဒေပြဌာန်းမည်ဆိုခြင်း မှာမကောင်းမူများအတွတ်သာဖြစ်သင့်ပြီး လွတ်လပ်စွာထုတ် ဖော်ရေးသာသူများအတွတ် မဖြစ်သင့်ပေ။ ပုဂ္ဂိုလ်ရေးစော်ကား မူမရှိသော BLOGGER များ၏ ယူဆချက်များ၊၊ထင်မြင်ချက်များ ကို မည်သို့ မှ ပိတ်ဆို့ ခြင်း မပြုသင့်ချေ။နိုင်ငံတကာတွင်လည်း ထိုသို့ ပြုလုပ်သောကြောင့်ပြသာနာများတွေ့ ကြုံခံစား နေရပါကြောင်း ကိုသူရိန်လှိုင်ဝင်းကိုသိစေချင်ပါသည်။ နောက် ထပ်ပြီးပြောချင်သည်က ပြည်တွင်းရှိမြန်မာကွန်ယက်များ အနေဖြင့်လည်း မိမိဆိုဒ်ရှိ ဘလေ့ ဂါများကို ဒီထက်ပိုပြီး လွတ်လပ်ခွင့်ပေးရန်နှင့် ဘလော့ဂါများအား တာဝန်ယူတတ် အောင် အချင်းချင်းသဟဇာတဖြစ်အောင်နှင့် တစုတစည်းတည်း သွေးစည်းလာနိုင်အောင် ဘလော့ဂါများကို တွေ့ ဆုံဆွေးနျွေးပွဲ များပြုလုပ်ကာ ဖော်ထုတ်သင့်ပါကြောင်းအကြံပေးအပ်ပါသည်။ MAY _9.2013 12း50PM ဘလော့ဂါ မင်းဆက်ဝေ

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်