Thursday, January 29, 2015
ကဗျာလူသား ၁၂
နေရာ
စိတ်ပျတ်စရာနေ့စွဲတွေကြားမှာ
ငါ လေးလံ
ပင်ပန်းချိနဲ့လွန်းလိုက်တာ
အဲဒီထဲကမှ
ဖုန်တွေက တထောင်းထောင်းထ
ဆိုင်ကယ်တွေ တ၀ီဝီနဲ့ဆိုတော့
မနက်ဖြန် ဒီနေရာကကျွတ်ထွတ်သွားဖို့
ဆုတွေတောင်း..........။
ဘာမှပြောစရာမရှိပေမယ့်
ငါအသက်ရှုကျပ်တယ်
နေရထိုင်ရ ကျဉ်းကျုပ်တယ်
သဟဇာတ ကင်းမဲ့တယ်
ငါ ဘယ်မှာ
ငါဘယ်လိုနေရမလဲ.... ..
အဲဒါတွေ တွေးရင်း
အနည်မထိုင်အောင်
ဆုတွေတောင်း............။
ညကျတော့ရောဘာထူးသေးသလဲ
ရှစ်နာရီ ငါးဆယ့်ငါးမီနစ်
ဖုန်ထူထူလမ်းမှာ
ခွေးတစ်ကောင် ကြောင်တစ်မြီးမှမရှိလို့
ကြယ်ကြည့်ပြီး ကဗျာစီရင်း
မနက်ဖြန်လာမယ့်
စားဝတ်နေရေး ပြေလည်ရေးကိုပဲ
ဆုတွေတောင်း..........။
မင်းဆက်ဝေ
Nov27.2014
Labels:
ကဗျာလူသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်