Sunday, April 26, 2015

အလွမ်းဖြင့်​နေထိုင်​ခြင်း

နှစ်​​ရောင်​စပ်​ထား​သော​ကောင်းကင်​(၄)
အလွမ်းဖြင့်​နေထိုင်​ခြင်း

ညီမ​လေး​ရေ.......
မျတ်​လွှာချထားတဲ့ လဟာ
နွေညကဗျာကို
တိုးတိုးညှင်းညှင်း​လေးရွတ်​လို့
တိမ်​​မျှော်​​တွေ​တောင်
လ​ရောင်​မှာ ယိမ်းနွဲ့ကခုန်​​နေကြ
ငါရင်​ဘတ်​​ပေါ်မှာက
နှင်းဆီတစ်​ခင်းဟာ
ဘယ်​လို​ကြောင့် ရနံမသင်းခဲ့ရတာလဲကွယ်​။

ညီမ​လေး​ရေ.....
ပန်းပျိုးလက်​ဟာ
မုန်းတိုင်းကို မျတ်​နှာချင်းမဆိုင်​ရဲပါဘူး
ရင်​ကိုဝင်​တိုက်​ခဲ့တဲ့ ​လေ​ပြေက
ဦးတည်​ချက်​ ဝိုးတဝါးမို့
ကြယ်​​တွေရဲ့ စစ်​ဆင်​​ရေးမှာ
အ​ကောင်​ဆုံးသီချင်းတစ်​ပုဒ်​နဲ့
ငါ လွမ်း​နေခဲ့မိပါတယ်​ကွယ်​......။

ညီမ​လေး​ရေ.....
မီးဖွဲ့​လေး ဘယ်​အချိန်​ထ​တောက်​မလဲဆိုတာ
ငါအတွတ်​​တော့ ရင်​ထိတ်​စရာ
တကယ်​ပါ
လေ​ပြေ​တွေ ကုန်​ခမ်းသွားတဲ့
ဟောဒီ ည​နေခင်​ကိုမှ
ငါက..ခုန်​မင်​မိခဲ့သူဆို​တော့လည်း
ဆုတ်​မိလို့ ဆူးတဲ့
ဒဏ်​ရာက ​သွေးတစ်​စက်​စက်​ကျခဲ့
ရသကိုးပါးထဲ
ခါးသက်​ခြင်းကို ချိုမြိန်​ဖြစ်​ခဲ့တာ​တောင်
ဝင်​သက်​မှာ မင်းအပြုံး
ထွက်​သက်​မှာ မင်းအမုန်း​တွေနဲ့
ငါဘဝဟာ...​ခြောက်​ခြားစရာပါကွယ်​....။

ညီမ​လေး​ရေ......
တကယ်​ရတဲ့ ဗလာသက်​သက်​ကိုမှ
ငါ တယုတယ ပိုး​မွေးသလို ​မွေးခဲ့သူပါ
ည​နေခင်းက သူ့ဆီလာမယ့် အ​မှောင်​ကို​ထွေး​ပွေ့
ငါဆုတ်​ထားတဲ့ ​မျော်​လင့်ချက်​​တွေက​တော့
ည​နေခင်း​လေး​ရှေ့
ဝရုန်းသုန်းကားနဲ့ ခုန်​​ပေါ်က်​​နေ......။

ညီမ​လေး​ရေ......
ကြမ်းပြင်​​ပေါ်မှာ​တော့ အက်​ကွဲစ​တွေနဲ့
ငါ အပြုံးမပျတ်​ခဲ့ဘဲ
ညီမ​လေးအတွတ်​လို့
ရည်​မှန်းရင်းနဲ့ လွမ်း​နေခဲ့တယ်​ကွယ်​.......။
မင်းဆက်​​ဝေ
မှတ်​ချက်​။ ။ယင်းကဗျာသည်​ ၂၀၀၉ ခုနှစ်​​လောက်​က အလုပ်​တစ်​ခု
တွင်​ ဝါသနာတူ သူငယ်​ချင်း ဝင်းကိုနှင့် အတူစပ်​ဆိုခဲ့ခြင်းဖြစ်​သည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်