Tuesday, May 5, 2015

မင်းဆက်​​ဝေ_တစ်​ခါကချာတိတ်

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်းကင်​(၆)
တစ်​ခါကချာတိတ်


တစ်​ခါက ချာတိတ်​ပါ........
နေဝင်​မိုးချုပ်​မှာ စိတ်​ကူး​တွေဗရပွ...
အိမ်​မက်​ဖျာ​တွေ ခင်းပြီး....
ကိုယ်​တိုင်​ အငြိမ့်က..........။

တစ်​ခါက ချာတိတ်​ပါ....
လွတ်​ကျမှာစိုးတဲ့ ​မျော်​လင့်ခြင်း​တွေ
လက်​ထဲမှာ ​ကော်​နဲ့ကပ်
လူ​တွေအားလုံးရဲ့ ချဉ်​ဖတ်​.ချေးတတ်
တစ်​ခါကချာတိတ်​ပါ
အဆင်​မ​ပြေမူတွေ​ အထပ်​ထပ်
ဘဝက သံ​ချေးတတ်
လောကကို ​ဇောက်​ထိုး​နေကြည့်လျှက်​.....။

အဲဒီတစ်​ခါက ချာတိတ်ဟာ
အားလုံးကို မျတ်​ကွယ်​ပြုတတ်​ခဲ့ပြီ
အားလုံးဟာအတ္တကိုချစ်​ကြပါသည်။
အာလုံးဟာ ကိုယ်​အတွတ်​ကိုယ်​ရိုးသားလို့
အားလုံးဟာ အ​ပေးအယူကိုယ်​စီဆိုတာကို သိခဲ့ပါပြီ.....

ချာတိတ်
ဘဝရဲ့အရိပ်​ထဲက ချာတိတ်
လူ​တွေနဲ့အစွန်းမလွတ်​​သေးတဲ့ချာတိတ်
မျတ်​နှာကြက်​​ပေါ်မှာ
အိမ်​မက်​​တွေ ပန်​ချီ​ရေးထားတုန်းပဲ......။

ရင်​ဘတ်​ထဲမှာ မ​ကျေနပ်​ခြင်း​တွေနဲ့
တစ်​ခါတုန်းက ချာတိတ်
အခု တိုးတိုး​လေးလာ​ပြောတယ်
ငါကို မ​မေ့နဲ့..တဲ့.......။
Apil17.2015
Minsetwai
နှစ်​ဆန်းတစ်​ရက်​​နေ့တွင်​ ​ရွှေတိဂုံဘုရား​ပေါ်မှာ ရေးခဲ့ခြင်းဖြစ်​သည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်