နှစ်ရောင်စပ်ထားတဲ့ကောင်းကင်(၁၂)
ဦးနှောက်ဟာ အလုပ်မလုပ်သေးဘူး
တွေးတရ်....တွေးတရ်......တွေးတရ်.....
ရေးတရ်......ရေးတရ်.......ရေးတရ်........
စာလုံးတိုင်းဟာ သောက်မြင်ကပ်စရာ ကောင်းလောက်အောင်
ဦးနှောက်နဲ့ ဘောလ်ပင်ကြားမှာ
Super glue နဲ့ ကပ်ထားသလို
ကပ်ညှပ်ခိုနေရဲ့..........။
ထွက်ပါ....ထွက်ပါ.....ထွက်ပါ......
အတိတ်....ပစ္စုပ္ပန်.....အနာဂတ်....
တစ်ခုမှ ငါ့အနားမကပ်ပဲ ရန်သူဆန်နေကြတာများ
ငါဟာ Coma ဝင်နေသူလို........
ပေါလောမျောနေရဲ့.......။
ရှိပါစေတော့
Coffee တစ်ခွက်
ဆေး ၁၅ လုံး
ဝီစကီ ၂ ပတ်
ဘီယာ ၁ ဗူး
အတိုင် ၁ တိုင်
ငါအတွတ် ဘာမှမထူးလာတော့ဘူး....။
ဘယ်မှာလဲ ငါ့စကားလုံးတွေ
နာမည်ပေးထားတော့ ကဗျာလူသား
ဘယ်သူမှ မကဲ့ရဲ့တောင် ငါကဲ့ရဲ့တယ်
ထွီ!
ငါကိုယ်ငါ ရွံလိုက်တာ...။
ဘာလဲ
သံပတ်ပေးတုန်းခဏ လည်တဲ့နာရီလား
မြှေက်ပေးတုန်းခဏ ကမိတဲ့မျောက်လား
အဲလို...ငါဟာဘာဆိုလားဆိုတော့
တူနဲ့ထုထုတ်တယ်
အတင်းဆွဲကလော်ထုတ်တယ်
မရမက အသည်းအသန်ညှစ်ထုတ်တယ်
နောက်ဆုံး ခြေစုံကန်ပြီး
လည်ချောင်းရိုးတွေ ကျိုးကြေသွားတဲ့အထိ နှိုက်ထုတ်တယ်
တကယ်တော့....
ဘာစကားလုံးမှမရှိတဲ့ ဦးနှောက်ပျတ်...ပါပဲ..။
ဒီလိုနဲ့
ပြတင်းပေါ်က်က ကြယ်တွေခုန်ဆင်းသွားတာသိမှ
ငါ အသိတရားရတာဟာ
ရှက်လိုက်တာ ကဗျာဆရာ ငါ့နှယ့်...
ဒီတစ်ညအတွတ်....
ကဗျာမရေးဖြစ်တော့ဘူး ထင်ပါတယ်လို့.....။
Api11.2015
Minsetwai
ဦးနှောက်ဟာ အလုပ်မလုပ်သေးဘူး
တွေးတရ်....တွေးတရ်......တွေးတရ်.....
ရေးတရ်......ရေးတရ်.......ရေးတရ်........
စာလုံးတိုင်းဟာ သောက်မြင်ကပ်စရာ ကောင်းလောက်အောင်
ဦးနှောက်နဲ့ ဘောလ်ပင်ကြားမှာ
Super glue နဲ့ ကပ်ထားသလို
ကပ်ညှပ်ခိုနေရဲ့..........။
ထွက်ပါ....ထွက်ပါ.....ထွက်ပါ......
အတိတ်....ပစ္စုပ္ပန်.....အနာဂတ်....
တစ်ခုမှ ငါ့အနားမကပ်ပဲ ရန်သူဆန်နေကြတာများ
ငါဟာ Coma ဝင်နေသူလို........
ပေါလောမျောနေရဲ့.......။
ရှိပါစေတော့
Coffee တစ်ခွက်
ဆေး ၁၅ လုံး
ဝီစကီ ၂ ပတ်
ဘီယာ ၁ ဗူး
အတိုင် ၁ တိုင်
ငါအတွတ် ဘာမှမထူးလာတော့ဘူး....။
ဘယ်မှာလဲ ငါ့စကားလုံးတွေ
နာမည်ပေးထားတော့ ကဗျာလူသား
ဘယ်သူမှ မကဲ့ရဲ့တောင် ငါကဲ့ရဲ့တယ်
ထွီ!
ငါကိုယ်ငါ ရွံလိုက်တာ...။
ဘာလဲ
သံပတ်ပေးတုန်းခဏ လည်တဲ့နာရီလား
မြှေက်ပေးတုန်းခဏ ကမိတဲ့မျောက်လား
အဲလို...ငါဟာဘာဆိုလားဆိုတော့
တူနဲ့ထုထုတ်တယ်
အတင်းဆွဲကလော်ထုတ်တယ်
မရမက အသည်းအသန်ညှစ်ထုတ်တယ်
နောက်ဆုံး ခြေစုံကန်ပြီး
လည်ချောင်းရိုးတွေ ကျိုးကြေသွားတဲ့အထိ နှိုက်ထုတ်တယ်
တကယ်တော့....
ဘာစကားလုံးမှမရှိတဲ့ ဦးနှောက်ပျတ်...ပါပဲ..။
ဒီလိုနဲ့
ပြတင်းပေါ်က်က ကြယ်တွေခုန်ဆင်းသွားတာသိမှ
ငါ အသိတရားရတာဟာ
ရှက်လိုက်တာ ကဗျာဆရာ ငါ့နှယ့်...
ဒီတစ်ညအတွတ်....
ကဗျာမရေးဖြစ်တော့ဘူး ထင်ပါတယ်လို့.....။
Api11.2015
Minsetwai
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်