Thursday, July 2, 2015

Snow hninn-အတ္တ​နေဝင်​ချိန်

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်းကင်​(၂၃)
*အတ္တနေ၀င်ချိန်*

လာသူတွေလည်းထပ်လာတယ်
သွားသူတွေလည်းသွားကုန်ပြီ
နေနေတဲ့သူတွေလည်း
အသက်ကိုထမ်းထားရတာနဲ့တင်
ပင်ပန်းနေကြပြီလေ....
အတ္တကိုလည်းရွက်ထားသေး
လောဘကိုလည်းမလွတ်ချနိုင်သေး
ဒေါသနဲ့လည်းမကင်းနိုင်သေး
ပင်ပန်းပြီးရင်းပင်ပန်းပြီလေ....
ဦးတည်ချက်အမျိုးမျိုးနဲ့
ရည်ရွယ်ချက်အမျိုးမျိုးနဲ့
ဘ၀ထဲမှာကျင်လည်နေကြတာ
ချိန်ခွင်တစ်ခုအလည်ရောက်တုန်း
အထုပ်နှစ်ခုထည့်ချိန်ကြည့်တော့
ချိန်ခွင်ကြီးချက်ချင်းပဲလျှာထွက်သွားတယ်....
ဒါကိုပဲ
ကိုယ်နဲ့မဆိုင်သလိုလှည့်ထွက်သွားလိုက်တာ
ကမ္ဘာကြီးတခြမ်းပိုစောင်းသွားသလိုပဲ
ကမ္ဘာမြေသာငိုညည်းတတ်မယ်ဆို
ကန္တာရမှာ ရေလွှမ်းမလားပဲ....
သံဝေဂတွေ
အသိတရားတွေဆိုတာ
စာအုပ်မှာပဲပုံနှိပ်ပြီး
အလှကြည့်ရတယ်များ
မှတ်နေလားမသိပါဘူး
နေ၀င်ချိန်ထိကို
မမောသေးပါဘူးဆိုပြီး
ငါဆိုတဲ့အတ္တဆောင်းထားတုန်းပဲ......
ဘ၀ဟာ ပြေးလမ်းတစ်ခုဆိုရင်လည်း
လမ်းမှာ ကျောက်တုံးလေးတွေ့ရင်တောင်
ဖယ်ရှားပေးခဲ့ဦး....
ဘေးရှောင်ပြီးသွားသူတွေများနေလို့
အိုဇုန်းလွှာတွေပေါက်ကုန်တာပေါ့.........
ဒါကြောင့်မီးစာကုန်ရေခမ်းလို့ပဲဖြစ်ဖြစ်
နေ၀င်ချိန်ရောက်လို့ပဲဖြစ်ဖြစ်
လူတကာငေး မောရအောင်
ကိုယ့်ရဲ့နေ၀င်ဆည်း​ဆာလေးလှပစေဖို့
"အတ္တ" ကိုဦးစွာနေ၀င်ခွင့်ပေးလိုက်ပါလား.......
Snow hninn

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်