Thursday, July 16, 2015

Snow hninn=ဘာ​ကြောင့်လဲ

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်းကင်​(၂၅)
ဘာကြောင့်လဲ *


မဖြစ်နိုင်ဘူးဆိုတာသိသားနဲ့
ဘာကြောင့်တမ်းတနေတာလဲ...
မနီးစပ်နိုင်တော့ဘူးဆိုတာသိသားနဲ့
ဘာကြောင့်မျှော်လင့်နေတာလဲ...
မလွမ်းသင့်တော့ဘူးဆိုတာသိသားနဲ့
ဘာကြောင့်သတိရနေလဲ...
ခဏတာဆုံတွေ့ရပေမယ့်
နှလုံးသားမှာထာဝရအမြစ်တွယ်မိပါပြီ...
ဘာကြောင့်လဲ
အပြင်းစားဒဏ်ခတ်မှုတွေနဲ့
ငါဘာလို့ဆုံတွေ့နေရတာလဲ....
သေချာတာတစ်ခုကတော့
ငါ့နှလုံးသား
မင်းနောက်တစ်ကောက်ကောက်ပါသွားပြီဆိုတာပါပဲ...

19.2.2013

 

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်