Tuesday, July 21, 2015

Snow hninn=စိတ်

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်းကင်​(27)
စိတ်

လောကကြီးရေ...........
'ကံ' ဆိုတဲ့ လမ်းညွှန်မှုအောက်မှာ........

အဆင်မပြေမှုကို
နေတတ်မှုနဲ့
အလဲအလှယ်လုပ်ခဲ့ပြီ......

အတားအဆီးတွေကို
အပြုံးလေးနဲ့ကျော်လွားရင်း
အလဲအလှယ်လုပ်ခဲ့ပြီလေ....

ရင်မှာမွန်းကျပ်မှုတွေကို
မျှော်လင့်ချက်လေးတွေနဲ့
အလဲအလှယ်လုပ်ခဲ့ပြီ....

လုပ်ချင်တာတွေကို
လုပ်သင့်တာတွေနဲ့
အလဲအလှယ်လုပ်ခဲ့ရပြီလေ....

အလွဲတွေကိုလည်း
ကျေနပ်မှုလေးတွေနဲ့
အလဲအလှယ်လုပ်ခဲ့ရပြီလေ....

ပျော်ရာမှာနေချင်တာလေးကို
တော်ရာမှာနေခြင်းဖြင့်
အလဲအလှယ်လုပ်ခဲ့ရပြီလေ....

လော က ကြီး ရေ.........
ငါ့ အိမ် မက် လေး
ငါ ဖြစ် ချင် တဲ့ အိမ် မက် လေး
ငါ တမ်း တ ဆုံး အိမ် မက် လေး ကို
ဘာ နဲ့ မှ အ လဲ အ လှယ် မ လုပ် နိုင် ဘူး နော်
ငါ ရ အောင် ယူ ပြ မယ်...................
Snow hninn

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်