Wednesday, October 14, 2015

မင်းဆက်​​ဝေ=စနစ်​မရှီ​သောဝါကျများ၅

မင်းဆက်​​ဝေ=အဇ္စူတ္တရိုင်း
စနစ်​မရှိ​သောဝါကျများ ၅

ငါဟာ တိတ်​တဆိတ်​ငို​ကြွေးခဲ့ရသူပါ...
တကယ်​​တော့
အချစ်​ဆိုတာ ငို​ကြွေးဖို့သက်​သက်​ပဲလား
အဲဒီမျတ်​ရည်​​တွေနဲ့ပဲ
ငါကဗျာစပ်​ခဲ့မိတယ်​...........။
(ငါ့ရင်​ခွင်​မှာ တစ်​​ရေးအိပ်​ခွင့် နင်​မလို​လား​ပေမယ့်
နင့်ဆံနွယ်​​တွေကို နမ်းရှိုက်​ခွင့်ရဖို့ ငါလိုလား​နေမိတယ်
ငါ့ပခုံးကိုမှီပြီး စကားတီးတိုး​ပြောဖို့ နင်​မ​တောင့်တ​ပေမယ့်
နင့်လတ်​တစ်​ဖတ်​ကိုဆွဲပြီး ခ​ယောင်းလမ်းကိုဖြတ်​ဖို့ ငါ​တောင့်တတယ်
ငါကဗျာ​တွေကိုတယုတယ သိမ်းထားဖို့ နင်​မမက်​​မော​ပေမယ့်
နင့်ရဲ့အပြုံးတစ်​ခုကို ငါ့ရင်​မှာ သိုဝှတ်​ထားဖို့ ငါမက်​​မောမိတယ်
ငါရဲ့မျတ်​ဝန်းအိမ်​ စကားကို ဘာသာပြန်​ဖို့ နင်​မကြိုးစား​ပေမယ့်
နင့်ဆု​တောင်းတိုင်းကို ဖြည့်ဆည်း​ပေးနိုင်​ဖို့ ငါကြိုးစားတယ်
ငါ့ရဲ့အမှတ်​တရ​တွေကို နင်​လွယ်​လွယ်​ ဖျတ်​သိမ်းလိုက်​​ပေမယ့်
နင့်ရဲ့ရနံကစ အရိပ်​အဆုံး အကုန်​ ငါ အမြတ်​တနိုးသိမ်းထားတယ်​။)
အဲဒီလို​ပေါ့
ကဗျာဆရာတစ်​​ယောက်​ဟာ
အချစ်​ကို လိုတာထက်​ပိုပြီး
ခံစားတတ်​ခဲ့တယ်​....။
ဒါ​ကြောင့်
ငါဆိုတဲ့​ကောင်​ဟာ
ရေ ကြည်​ တစ်​​ပေါ်က်​ဖြစ်​​နေရင်​​တောင်
သူ့ရဲ့လက်​ခုတ်​တွင်းထဲ
မိုက်​ရူးရဲပြီး ခုန်​ဆင်း​နေဦးမယ်​ကွယ်​...........​။
(ဆက်​ရန်​ရှိသည်​။)

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်