Monday, December 7, 2015

ကော်​ကပ်​ထား​သောအတိတ်​၇

မင်းဆက်​​ဝေ_​ကော်​ကပ်​ထား​သောအတိတ်​ ၇
(G)
"​မောင်​ မကိုတမင်​သက်​သက်​အရွဲ့တိုက်​အနိုင်​လိုချင်​​နေတာလားဟင်​ ၊မရန်​ကုန်​က​နေဘယ်​သူကိုမှအ​ကြောင်းမကြားဘဲထွက်​သွားခဲ့တယ်​ဆိုတာကမရဲ့မိဘ​တွေကမန္တ​လေးကိုအတင်းပြန်​​ခေါ်သွားခဲ့ကြလို့ပါ၊​မောင့်ကို အ​ကြောင်းမဲ့သက်​သက်​ထားသွားတာမျိုးမှ မဟုတ်​တာ "
ထိုအ​ကြောင်းပြချက်​သည်​ ယုတ္တိမတန်​ပါ။ဆိုရလျှင်​ ထိုအပိုင်းအခြား
တွင်​ သူမသည်​ သူကိုဆက်​သွယ်​ချင်​စိတ်​ရှိခဲ့လျှင်​ ဘဝ၏အ​ကြောင်း
တရားတို့သည်​ တစ်​မျိုး​ပြောင်းလဲ သွားနိုင်​​သည်​။အခု​တော့
"​တော်​ပါ​တော့ဗျာ၊ခင်​ဗျား​ပြောတာ​တွေကိုဘာတစ်​ခုမှနားမလည်​လို့ပါ၊ပြီး​တော့ ​ကျေးဇူးပြုပြီး ​မောင်​လိုမ​ခေါ်ပါနဲ့။ဒါဟာကျွန်​​တော်​ချစ်​တဲ့သူ ​ခေါ်ခဲ့တာမို့ပါ"သူစကား​ကြောင့် သူမမှာ သူကိုအငြိုးကြီး​သော ​မြွေတစ်​​ကောင်​ဟုထင်​​နေမည်​လားမ​ပြောတတ်​​ချေ။ကိုဦးက​တော့
"မိုးစက်​ သူငယ်​ချင်း၊မင်းမှား​နေပြီ​နော်​"သူဂရုမစိုက်​ပါ။ယခုချိန်​တွင်​ သူ့သူငယ်​ချင်း ကိုဦးသည်​သူမဖက်​မှ​ရှေ့​နေဖြစ်​​နေ​လေ၏။သူ့၏​ရှေ့မှ လမ်းမ​ပေါ်တွင်​ ခိုများရုတ်​တရတ်​ ထပျံသွားကြ​လေပြီ။ခိုတို့၏ ​ခြေရာများလမ်းမ​ပေါ်မှာ ကျန်​ရစ်​ခဲ့​လေမည်​လား။
အကယ်​၍ ခိုများ​နောက်​တစ်​​ခေါ်က်​ ထို​နေရာသို့ ပြန်​ဆင်းသက်​လာ
ကြလျှင်​ ကျန်​ရှိခဲ့​သော​ခြေရာများ​ပေါ် ထပ်​တူကြ​လေမလားဟု သူ
ငြိမ်​သက်​ ​တွေး​တောကြည့်​နေမိခဲ့သည်​။
(ဆက်​ရန်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်