Tuesday, February 9, 2016
နှံကောင်တစ်ကောင်ရဲ့ ပစ္စုပ္ပန်(D)
(D)
တကယ်တော့ ငါ ဖန်တီးခဲ့တဲ့ ငါ့ဇတ်ကောင် ချစ်ကံဆိုးဟာ လူ့အသိုင်းအ၀ိုင်းကြားမှာ အတော်
မှ မျတ်နှာငယ်ရတဲ့ကောင်ပါ။အလှအပကို မက်
မောသူတွေကြားမှာ သူပုံစံက အရိုင်းဆန်တဲ့
ဂျစ်ပစီတစ်ကောင်လိုပါပဲ။သူကို ကြည့်လိုက်ရင်
အမြဲတမ်း ညှင်းသိုးသိုး၊မှိုင်းတိုင်းတိုင်းနဲ့ အားရစ
ရာကို မရှိပါဘူး။အမြဲတမ်း ပိုက်ဆံမရှိတာက
လည်း သူရဲ့ အကျင့်တစ်ခုပါပဲ..။
ကဲ....ဒီတော့ ချစ်ကံဆိုးကို ဘယ်မိန်းမက အား
ကိုးချင်တော့မှာလဲ။ဘာဖြစ်ဖြစ် ဒီကောင်ကို အချစ်စစ်နဲ့တွေ့အောင် လုပ်ပေးရမယ့် တာဝန် က ငါ့မှာ ရှိပါတယ်။သူမှာ အသုံးမ၀င်တဲ့အခြားအ
ရည်အချင်းတွေရှိတယ်။အဲဒါပဲ ငါ အားကိုးရမှာပါ။
ချစ်ကံဆိုးဟာ အားနာတတ်တယ်။ပြီးတော့ သူ့မှာ မိန်းခလေးတစ်ယောက်စိတ်ဝင်စားမယ့်
ညို့ယူစွမ်းတဲ့ မျတ်ဝန်းတွေကို ပိုင်ဆိုင်တယ်။ဒါ
ကြောင့်လည်း သူကို မိန်းခလေးတွေက ခဏတစ်
ဖြုတ်တော့ စိတ်ကစားမိတတ်ကြတယ်။ရေရှည်
လက်တွဲဖို့ဆိုရင်တော့ ဘယ်သူမှမစဉ်းစားတော့
ပါဘူး။အဲလိုအခြေအနေမျိုးတွေထဲမှာပဲ ချစ်ကံဆိုးဟာ အချစ်နဲ့စတင်တွေ့ရှိခဲ့ပါ
တော့တယ်။
Labels:
အဇ္စှူတ္တရိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်