Monday, February 15, 2016
နှံကောင်တစ်ကောင်ရဲ့ပစ္စုပ္ပန်(E)
(E)
အဲဒီ ကောင်မလေးပေါ့.....
မာနမကြီးသယောင်ယောင်နဲ့ မာနကြီးခဲ့တာ..
(ခလေးကလည်း ဆန်ချင်သေး)။သူမရဲ့ ပါးနှစ်
ဖက်မှာ သွေးကြောစိမ်းစိမ်းလေးတွေကလည်း ယှတ်ပြေးနေသေး။ဂုတ်သားက မွှေးညှင်းလေး
တွေများ လူကိုအသဲယားအောင် ပြုနေသလိုပါ
ပဲ။ဒါကြောင့် ချစ်ကံဆိုးတစ်ယောက် ကောင်မလေးကို ရင်ဘတ်ထဲမှာ ခွဲပြီးသိမ်းထား
ဖို့ ကြိုးစားလာခဲ့တော့တာပေါ့။ဒါပေမယ့် သိတဲ့
အတိုင်း ကောင်မလေးဟာ ချစ်ကံဆိုးကို အထင်မကြီးပါဘူး။ပြောရရင် စဉ်စားရမယ့် စာရင်းထဲတောင်မထည့်ပါဘူး။ဒါပေမယ့် ငါ့ရဲ့ စွမ်းဆောင်ပေးမူကြောင့် ချစ်ကံဆိုးနဲ့ ကောင်မလေးဟာ တော်တော်ကြီး ရင်းရင်းနှီးနှီး
ကို ခင်ပါတယ်။အဲဒီ ခင်မင်မူကပဲ ချစ်ကံဆိုးကို စည်းတစ်တန်ခြားလိုက်တာကြောင့် အခြေမလှ
စွာနဲ့ပဲ ချစ်ကံဆိုးဟာ ကောင်မလေးရဲ့ အဖြူရောင် နေ့သစ်ထဲ တိုးဝင်ဖို့ ကြိုးစားရင်း၊ ကြိုးစားရင်း အိမ်မက်တွေ ၊ စိတ်ကူးတွေနဲ့ အရူးရင့်လာပါတော့တယ်။
Labels:
အဇ္စှူတ္တရိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်