နှံကောင်တစ်ကောင်ရဲ့ပစ္စုပ္ပန်(G)
(G)
ငါနဲ့ငါ့ဇတ်ကောင်မှာ အခက်အခဲတစ်ခုရှိနေပါပြီ။အဲဒါ
က ကောင်မလေးဟာ ချစ်ကံဆိုးကို ဒီပုံစံအတိုင်းနဲ့
တော့ ပြန်ကြိုက်လာတော့မှာမဟုတ်ပါဘူး။ဒီတော့ ငါ့ဘက်က အပြောင်းအလဲတစ်ခုကို လုပ်သင့်နေပြီ။
အဲဒီအပြောင်းအလဲကြောင့် ကောင်မလေးရဲ့ အမြင်
တွေ ပျောက်သွားနိုင်တယ်လေ။အဲဒီနာရီဆိုင်လေးထဲ
မှာ ချစ်ကံဆိုးကိုမှ စိတ်ကစားနေတဲ့ ချာတိတ်မလေး
တစ်ယောက်တော့ ရှိနေပါသေးတယ်။ လူတွေအားလုံး
က ချစ်ကံဆိုးကို အလေးထားမဆက်ဆံကြပေမယ့် ရွှေ
ရည်ဆိုတဲ့ အဲဒီချာတိတ်မလေးကတော့ မျတ်စိကန်းစွာ
နဲ့ပဲ ငါ့ဇတ်ကောင်ကို ကြိုက်နေတယ်လေ။ဒီတော့ ငါ ဒါကို အသုံးချရပါ့မယ်။
ကဲ...အခု ရွှေရည်ဆိုတဲ့ချာတိတ်မလေးနဲ့ ချစ်ကံဆိုးအပေးအယူ တည့်နေပါပြီ။
မကြာခင်မှာ သူတို့နှစ်ယောက်
အဆင်ပြေသွားမယ်ဆိုတာကို ငါ တပ်အပ်ပြောရဲပါ
တယ်။ဒါပေမယ့် ကောင်မလေးဘက်က အသံတွေ ပိုမိုတိတ်ဆိတ်သွားတယ်။ပြီးတော့ မျတ်လုံးတွေက သူစိမ်းဆန်သွားတယ်။ ဒါကို ချစ်ကံဆိုးက တုန်လှုပ်ခြောက်ခြားပြီ နောက်ပြန်ဆုတ်ချင်နေတယ်။ငါက ဒီလို ဘယ်အဖြစ်ခံမလဲ။ကောင်မလေး ရင်ထဲမှာ မနာလိုစိတ်တစ်ခု ဝင်ရောက်နေပြီလို့ ငါထင်တယ်။ဒါကြောင့် ချစ်ကံဆိုးကို ပိုပြီးရှေ့ဆက်တိုးစေခဲ့တယ်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်