နှံကောင်တစ်ကောင်ရဲ့ပစ္စူပ္ပန်(J)
(J)
(Kglayရဲ့ ရင်ထဲမှအသံ)
ကောင်မလေးရေ..နင့်ရဲ့..အပြုံးတွေနဲ့...မျတ်လုံးတွေနဲ့...ငါဟာ..ညထဲမှာ ..ရေတိမ်နစ်ခဲ့ရပြီ။
တစ်ဆိတ်လောက် ခွင့်ပြုပါလားဟာ။ငါတို့ကြား
က သူငယ်ချင်းဆိုတဲ့ဂုဏ်ပုဒ်ကို ဆွဲဖြုတ်ချင်လို့။
ပြီးတော့ ငါ့အပေါ်စိတ်ဆိုးစိတ်ကောက်ချင်နေ
တဲ့ နင့်ရဲ့မသိစိတ်လေးကို အနိုင်ပေး
ကြည့်ချင်လို့။လူတွေ ပြောချင်နေ
ကြတဲ့ ငါ့တို့နှစ်ယောက်ရဲ့အကြောင်းကို လိုလို
လားလား ခွင့်ပြုချင်နေလို့...။ဒါတွေကို တရားဝင် အသိအမှတ်ပြုဖို့က နင့်ဘက်ကပဲ ကျန်တော့လို့၊အမုန်းတွေထပ်မစိုက်ပျိုး
ပါနဲ့တော့လို့ တောင်းဆိုပါရစေဟာ။
ကောင်မလေးရေ....နင့်နဲ့ငါဟာ၊
ဒီဇင်ဘာ၃၁ ရက်နဲ့..ဇန်နဝါရီ ၁ရက်လိုမျိုးများ
လား၊ဒီနေ့နဲ့မနက်ဖြန်ဆိုပေမယ့်..ငါတို့ကြားမှာ သက္ကရာဇ်တစ်ခုကတော့ ကျိန်းသေပေါက် ခြားသွားခဲ့ရတယ်။အဲလိုနဲ့ ငါဟာ နင့်ပြောတဲ့အ
တိုင်း အရူးလုံးလုံး ဖြစ်ခဲ့ရတယ်။ဘာဖြစ်ဖြစ် နင်မမှားပါဘူးကွယ်။

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်