Thursday, October 27, 2016

ယဇ်ပူဇော်ခြင်း

ယဇ်​ပူ​ဇော်​ခြင်း
လူတို့သည်​ သမိုင်းခရီးရှည်​ကြီးကို ချီတတ်​လာကြရာတွင်​လူသားသည်​သာမန်​နည်းဖြင့်​​ဖြေရှင်းမရ​သော အရာများကို သဘာဝ​ဘောင်​အတွင်းမှ ခက်​ခဲပင်​ပန်းစွာ ​ဖြေရှင်းခြင်းထက်​ သဘာဝ၏ပြင်​ပမှဖြစ်​​သော တန်​ခိုးအာနိသင်​ တစ်​ခုခုဖြင့်​​ဖြေရှင်းလျှင်​ ​အောင်​နိုင်​မည်​ဟု ယူဆခဲ့ကြသည်​။ထို​ကြောင့်​ လူသားတို့သည်​သဘာဝ​ဘေး၊​ရောဂါ​ဘေးစသကဲ့သို့​သော အန္တရာယ်​မျိုးမှ လွတ်​ကင်း​အောင်​ နတ်​များကို ပူ​ဇော်​ပသခဲ့ကြသည်​။ထိုကဲ့သို့ပူ​ဇော်​ကြရာမှ ယဇ်​ပူ​ဇော်​ခြင်း အစပျိုးခဲ့ခြင်းဖြစ်​သည်​။ထိုယဇ်​ပူ​ဇော်​​သော အလုပ်​များကို ​မှော်​ဆရာများနှင့်​နတ်​ဆရာများက လုပ်​ကိုင်​ကြသည်​။ဥ​ရောပတိုက်​ရှိ အချို့်ဂူများတွင်​ လူရုပ်​၊တိရိစ္ဆာန်​ရုပ်​များနှင့်​အတူ လက်​ဖဝါးအရာများကိုပါ ​တွေ့ရှိရတတ်​သည်​။ထိုလက်​ဖဝါးရာများသည်​ ဂူနံရံတွင်​ ထင်​ကျန်​​စေရန်​ ​စေးကပ်​​သောအရည်​တစ်​မျိုးထဲ၌ လက်​ကိုနှစ်​ပြီး နံရံ​ပေါ်တွင်​ အရာ​ပေးခဲ့ခြင်းဖြစ်​သည်​။ထိုထင်​ကျန်​​နေ​သော လက်​​ချောင်းအရာများတွင်​ ထူးခြား​နေသည်​မှာ လက်​ထိတ်​ဖျားများ ပြတ်​​နေခြင်းပင်​ဖြစ်​သည်​။ယင်းကို ပညာရှင်​သု​တေသီများက ​ရှေးဦးလူသားတို့သည်​မိမိလက်​ထိတ်​ကို မိမိပြန်​လှီးပြီး ယဇ်​ပူ​ဇော်​ခြင်းဖြစ်​သည်​ဟု ယူဆခဲ့ကြသည်​။အချို့ကမူ ကိုယ်​​ရေပြား​ရောဂါသည်​များ ပြုလုပ်​ခြင်းဖြစ်​သည်​ဟု ​စောဒကတတ်​ကြသည်​။အ​ကြောင်းမှာ ကိုယ်​​ရေပြား​ရောဂါခံစားရသူများသည်​လက်​ထိတ်​များကိုဖြတ်​၍ ယဇ်​ပူ​ဇော်​ခြင်းဖြင့်​​ရောဂါ​ပျောက်​ကင်းလိမ့်​မည်​ဟု ထင်​မှတ်​ခဲ့ကြသည်​။ထိုသို့​သော အ​လေ့အထမျိုးကို ​ခေတ်​အလွန်​​နောက်​ကျ​သော ​ဒေသများတွင်​ ​တွေ့ရှိ​နေရဆဲဖြစ်​သည်​။ဆိုက်​ပရပ်​စ်​တွင်​လည်း က​လေးများ၏အ​သွေးအသားဖြင့်​ ယဇ်​ပူ​ဇော်​​သော ဓ​လေ့ရှိသည်​။ထိုအပြင်​ဘုရားတည်​ခြင်း၊​ကျောင်း​ဆောက်​ခြင်း၊အိမ်​​ဆောက်​ခြင်းအမူများတွင်​လည်း ​မှော်​ဆရာများက သိုးများကို ယဇ်​ပူ​ဇော်​တတ်​ကြသည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်