Saturday, December 24, 2016

ဈာန်

ဈာန်
ဈာန်​ဟူသည်​မှာလည်း စိတ်​မှ​ပေါ်ထွက်​လာ​သော တန်​ခိုးသတ္တိပင်​ဖြစ်​သည်​။၁၇ ရာစုခန့်​က ကူပါတီနိုသား ဂျိုးဇက်​သည်​ လူအများ​ရှေ့တွင်​ ဈာန်​ပျံမူများ အကြိမ်​ကြိမ်​ပြုလုပ်​ပြခဲ့သည်​။ထိုဈာန်​ရရှိခြင်း၏အ​ကြောင်းရင်းတစ်​ခုမှာ ​ယောဂကျင့်​စဉ်​တစ်​ရပ်​ဖြစ်​​သောကမ္မဋ္ဌာန်းထိုင်​ခြင်းနှင့်​ကသိုဏ်းရူခြင်းတို့​ကြောင့်​ဖြစ်​သည်​။ထို​ကြောင့်​အိန္ဒိယရှိ​ယောဂီများမှာ ဈာန်​ဖြင့်​ပျံပြရာ၌အလွန်​တရာမှ နာမည်​ကြီးခြင်းဖြစ်​သည်​။ထိုသို့ဈာန်​ဖြင့်​ပျံကြရာတွင်​ စုန်းများလည်းပျံနိုင်ကြ​သည်​။အေဒီ၈၀၀ခုနှစ်​တွင်​အိုင်​ယာလန်​ရဟန်းအစည်းအ​ဝေးက ညဘက်​မိုး​ပေါ်ပျံခြင်းသည်​ခရစ်​ယာန်​အယူဝါဒနှင့်​မ​လျော်​ကန်​၊မကိုက်​ညီ​ကြောင်းဆိုဆုံးမခဲ့သည်​။ထိုထက်​ပို​စော​သောအချိန်​ကမူ ဗုဒ္ဓဘုရားရှင်​သည်​ရဟန်းသံဃာ​တော်​တို့ကိုပျံလွှားပြီးတန်​ခိုးပြခြင်းမျိုးမလုပ်​ကြရန်​တားမြစ်​ဆုံးမခဲ့သည်​။ထိုသို့တားမြစ်​ခြင်းမှာ ရဟန်းသံဃာများအပါ် အထင်​လွဲမူများရှိလာနိုင်​​သော​ကြောင့်​ပင်​ဖြစ်​သည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်