Sunday, March 19, 2017

ကြက်

ကြက်
"""""""
မှော်ဆန်သော ကြက်၏အကြောင်းတရားကို ဖော်ပြရမည်ဆိုပါလျှင် အနောက်ဥရောပ၌ အနတ်ရောင်ကြက်ကို အလွန်မှ အထွဋ်အထိတ်ထားကြသည်။ရှေးပြင်သစ်သားတို့သည် လောကီအစီအရင်ပြုလုပ်လိုသောအခါ ညဥ့်သန်ခေါ်င်ယံအချိန်တွင် လမ်းဆုံလမ်းခွ၌ ကြက်ရောင်းမည်ဟု သုံးကြိမ်အော်ကြသည်။ထိုအခါ မကောင်းဆိုးဝါးက ငွေထုတ်ပိုက်ကာ ထိုကြက်နတ်ကို လာဝယ်သည်ဟူ၏။တရုတ်တို့၏ ကြက်အယူအဆတွင်
မူ ကြက်ဖနီရုပ်ပုံကို ချိတ်ဆွဲထားလျှင် မီးကွင်းနိုင်ပြီး ခေါ်င်တလားအပေါ်တွင် ကြက်အဖြူကိုတင်ထားပါက မကောင်းဆိုးဝါးကို နှင်ထုတ်နိုင်သည် ဟူ၏။ကျွန်တော်တို့၏ မြန်မာလောကီ ဆေးပညာတွင်လည်း ကလေးကို ခမည်းပေးသောအခါ ကြက်ကို အသုံးပြုတတ်ကြသည်။ထိုထက်ထူးခြားသည်မှာ သရေခေတ္တရခေတ် ငါတစ်ပါးမင်းသည် သိဒ္ဓိဓာတ်ရှိသော ကြက်ဦးခေါ်င်းကို ဘုန်းကြီးကျောင်းသားအရွယ်က စားခဲ့သောကြောင့် ဘုန်းကံထက်မြက်သည်ဟူပေသည်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်