မြန်မာ မှော်ဂန္ဓာရီဂိုဏ်းများ
.................................
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မှော်၊ ဂန္ဓာရီ ပညာရပ်နှင့် ပတ်သက်ပြီး ဝိဇ္ဇာဂိုဏ်းများ၊ အထက်လမ်း ဂိုဏ်းများ မြောက်
မြားစွာ ရှိလေသည်။ ထိုသို့သော ဂိုဏ်းတို့သည် မည်သည့်ဂိုဏ်းက ပိုမိုထက်မြက်သည်ဟု မဆုံးဖြတ်နိုင်ချေ။ အကျင့်၊ သီလ၊ သမာဓိ အကောင်းဆုံးသော သူတို့၌သာ ပညာ သမာဓိ စွဲမြဲ လေသည်။ ထို ဂိုဏ်းဂဏ အသီးသီးတို့သည် ဗျည်း၃၃လုံးမှ မြေဓာတ်၊ လေဓာတ်၊ ရေဓာတ် စသဖြင့် ထုတ်ယူပြီး စမ ဟူသောအမည်ဖြင့် အင်းစီရင်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တို့၏ ပါဠိအက္ခရာများကို အင်းဆန်အဖြစ်နှင့် သွတ်သွင်းစီ မံခြင်း၊ ကိန်းဂဏန်းတို့ကို အင်းဆန်အဖြစ် သုံးစွဲ ခြင်း၊ မိတ်ဓာတ်၊နံဓာတ်များကို စီလျော်အောင် စီမံခြင်း ၊ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့မှ လာသမျှတို့ကို ဂါထာခေါ်၍ သုံးခြင်း၊ ဥုံ တပ်၍ မန္တန်ရွတ်ခြင်းတို့ကို ပြုလုပ်တတ်ကြသည်။ မည်သို့ပင်ဖြစ်ဖြစ် အထက်ဂိုဏ်း၊ အလယ်ဂိုဏ်း မှော်အတတ်ကို လေ့လာသူ မှန်သမျှသည် ကံငါးပါးကို လုံခြုံအောင် စောင့်ထိန်းရသူချည်း ဖြစ်သည်။ ထိုဂိုဏ်းများကို ထုတ်ဖော်ပြရမည် ဆိုလျှင်
ဝိဇ္ဇာ၎ပါးဂိုဏ်း၊ မဟာသမ္ဘောဓိဂိုဏ်း၊ ဖိုးသူတော်ဂိုဏ်း၊ အာဠာဝကဂိုဏ်း၊ ဂုမ္ဘာန်မှော်ဂိုဏ်း၊ မဟိဒ္ဓိဝင်ဂိုဏ်း၊ မနောမယ မဟိဒ္ဓိဂိုဏ်း၊ စမဂိုဏ်း၊ သရဏဂုံဂိုဏ်း၊ မန္တန်ဝိဇ္ဇာဂိုဏ်း၊ ပထမံဂိုဏ်း စသဖြင့် များစွာရှိလေသည်။ ထိုဂိုဏ်းများကို ပထမ ထူထောင်သော ပုဂ္ဂိုလ်တို့၏ စေတနာမှာ လူတို့၌ သမာဓိ စင်ကြယ်စေရန်နှင့် ပယောဂတို့မှ အနိုင်အထက် မပြုနိုင်စေရန် ၊ပါရမီ ပါရှိကလည်း ထွက်ရပ်သို့ စံမြန်းနိုင်စေရန် ရည်ရွယ်ခဲ့ကြခြင်းပင် ဖြစ်သည်။
Ref:
လက်တွေ့ပယောဂ ကုထုံးကျမ်း

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်