Sunday, May 21, 2017

အစွမ်းထက်ဂါထာများ

အစွမ်းထက်ဂါထာများ
***
၁။အန္တရာယ်ကင်းဂါထာ
"စိနော အဘေဇ္ဇကာယောပိ၊နတ္တိ လောဟိတသူဒနံ။
တဒေဝ ဝစနံ သစ္စံ၊ ဝန္ဒေဘံ ၊ လောကနာယကံ။
တေန သစ္စေန ပုညေန ၊ ဟောတု မေ ဧယမင်္ဂလံ။"
(ဤဂါထာတော်သည် မြတ်စွာဘုရား၏ ကိုယ်ခန္ဓာတော်ကို မည်သူမျှ မဖျက်စီးနိုင်ကြောင်း သစ္စာဆို၍ ဆုတောင်း သော ဂါထာဖြစ်သည်။ ယင်းဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်ပါက လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝ၍ ဘေးအန္တရာယ်ပေါင်းမှ ကင်းဝေစေနိုင်သည်။ ဤဂါထာတော်ကို ရွှေတိဂုံ စေတီတော်ကြီး၏ ကြေးစလောင်းတွင် ရေးထိုးထားလေသည်။)

၂။အချုပ်အနှောင်မှ လွတ်မြောက်စေသောဂါထာ
"နမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောံသိ သဗ္ဗဒိ။ သမ္ဗာဓပ္ပဋိပန္နောံသ္မိ၊ တဿ မေ သရဏံ ဘဝ။"
"ဤဂါထာတော်သည် လနတ်သားနှင့် နေနတ်သားတို့အား အသူရိန် နတ်မင်းကြီးမှ ဖမ်းဆီးချုပ်နှောင်ထားရာ ဘုရားရှင်ထံသို့ အာရုံပြု၍ ရွတ်ဖတ်ပူဇော်ခဲ့ကြ၍ အနှောင်အဖွဲ့မှ လွတ်မြောက်ခွင့်ရခဲ့သော ဂါထာဖြစ်သည်။ လွန်စွာ တန်ခိုးထက်မြက်၍ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်နိုင်စွမ်းရှိသော ဂါထာဖြစ်သည်။)

၃။ကျည်မထွက် ဂါထာ
"မရာရိဗလဝဿဋ္ဌာ၊ ကုဏ္ဌာ နာနာဝိာယုဓာ။
လဇ္ဇမာနာညဝေဝေန ၊ဇိနပါဒါနတာ တဝ။
ဧတေန သစ္စဝဇ္ဇေန၊ ပရိပရိဝဇ္ဇန္တု အာဝုဓာ။"
(ဤဂါထာတော်မှာ မြက်ဗုဒ္ဓ၏ ဘုန်းတော် ၊ ကံတော် ၊မေတ္တာပါရမီတော်တို့၏ အစွမ်းသတ္တိထူးကြောင့် မာရ်နတ်သား၏ လက်နတ်မျိုးစုံတို့မှာ လက်နတ်အသွင်ပျောက်၍ ပန်းများအသွင်ဖြင့် ဘုရားရှင်၏ ခြေတော်အစုံကို ဦးခိုက်ပူဇော်ရပုံကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ဤဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်ပါက ရန်သူတို့မှ ပစ်ခတ်ကြသော လက်နတ်မှ လွဲစေနိုင်လေသည်။)

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်