Tuesday, September 5, 2017

သူနှင့်ကျွန်တော်

တာရာမင်းဝေအား လေ့လာခြင်း - မင်းဆက်ဝေ
သူနှင့်ကျွန်တော်
***
"တာရာမင်းဝေ မသေပါ...
ကျွန်တော် သူ့ ကို မြင်နေရ၏။"
(မင်းဆက်ဝေ)
ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝတုန်းကပေါ့ ကျွန်တော်တို့ထက် အသက်နည်းနည်းကြီးသူတွေက တာရာမင်းဝေရဲ့စာအုပ်တွေအကြောင်းကို အရမ်းပြောခဲ့ကြပါတယ်။ အဲဒီအခါ ကျွန်တော်က ကလေးအတွေးနဲ့ တာရာမင်းဝေရဲ့ စာအုပ်တွေဟာ ဘယ်လောက်ကောင်းနေလို့လဲပေါ့။ အရင်ကတော့ အိမ်မှာ စာအုပ်အဌားဆိုင်လေး ဖွင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖတ်ဖြစ်တာက မောင်စိန်ဝင်း၊ မောင်လှမျိုး၊ လယ်တွင်းသား စောချစ်၊နေနော်၊ ကလျာ၊ လွန်ထားထား၊ ရှင်မိုး တို့ပါ။ တာရာမင်းဝေတော့ မပါဘူး။ စာအုပ်ဆိုင် မဖွင့်တော့တဲ့နောက်မှာတော့ ဒီလောလူပြောများနေတဲ့ တာရာမင်းဝေ ဖတ်ကြည့်ဦးမှပဲလို့ တွေးတောပြီးစာအုပ်ဆိုင်မှာ သွားဌားပြီး ဖတ်ကြည့်ပါတယ်။ အဲဒီမှာ ဒုက္ခရောက်တာတော့ပါပဲ။ ကိုယ်ဖတ်ဖူးနေကျဝထ္ထူတွေနဲ့ သူရေးတဲ့ဝထ္ထူက အများကြီး ကွဲပြားလို့ နေလေရဲ့။

ဆရာတာရာမင်းဝေ ရေးထားတဲ့ စာကြောင်းတွေက ကျွန်တော် ဦးနှောက်သေးသေးလေးနဲ့ ဘာတစ်ခုမှ နားမလည်ဘူးဖြစ်နေလေရဲ့။ မြန်မာစာနဲ့ ရေးထားတာပါပဲ ၊ အဲဒါ ငါဘာလို့နားမလည်ရတာလဲလို့ ကလေးအတွေးနဲ့လည်း တွေးမိတယ်။
ဒီလို နဲ့ မကျေနပ်လို့ နှစ်ခေါ်က်၊ သုံးခေါ်က် ပြန်ဖတ်ပါတယ်။ ဝထ္ထူသာ ပြီးသွားတယ် ။ ဆိုလိုရင်းကို နားမလည်ပြန်ဘူး။ အဲဒါနဲ့ နောက် တာရာမင်းဝေ ဌားမဖတ်တော့ဘူးကွာ ဆိုပြီး ကျွန်တော်နေလိုက်တယ်။ တခြားစာရေးဆရာတွေဖြစ်တဲ့ နီကိုရဲတို့၊ ဒဂုန်ရွှေမျှားတို့ကို လျှောတ်ဖတ်တယ်။
ဒါပေမယ့် အကြောင်းတိုက်ဆိုင်သွားတိုင်းမှာ တာရာမင်းဝေရဲ့
အဲဒီနားမလည်နိုင်တဲ့ စာကြောင်းတွေက ကျွန်တော် ဦးနှောက်ထဲမှာ တဝဲလည်လည်ပေါ်ပေါ်လာ
တယ်။ အဲဒီစာကြောင်းဟာ ဘယ်လိုအဓိပ္ပါယ်ရှိတာလဲ ဆိုတာကို ကျွန်တော် နားလည်ချင်နေမိတယ်။ စာသားလေး တစ်ခုကိုတော့ ကျွန်တော်မှတ်မိနေပါ
တယ်။ အဲဒီစာသားကတော့..
လူတစ်ချို့ဟာ အပြင်ထွက်တဲ့အခါ ဖိနပ်ရှာကြတယ်။
လူတစ်ချို့ကျတော့ အပြင်ထွက်တဲ့အခါ ခြေထောက်ရှာကြတယ်။တဲ့......။
အဲဒီတုန်းက ကျွန်တော်ကလည်း ခလေးဆိုတော့ စာတွေနှံနှံစပ်စပ် မဖတ်ဖြစ်သေးပါဘူး။ ဒီအဓိပ္ပါယ်ကိုလည်း မဖော်နိုင်ဘူး ဖြစ်နေတယ်။ တွေးရင်း၊ တွေးရင်းနဲ့  ဒါဟာ နတ်နဲလွန်းတဲ့ စာကြောင်းပဲဆိုတာ နားလည်လာရတယ်။ ဒါပေမယ့် ဘာအဓိပ္ပာယ်လည်းဆိုတာ ကျွန်တော် နားမလည်သေးဘူး။ အဲဒီနောက်ပိုင်းမှာတော့ အစက မဌားတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ တာရာမင်းဝေ စာအုပ်ကိုပဲ မရမက ဌားဖတ်လာပါ
တော့တယ်။ အဲဒီတော့ ကျွန်တော်ကို မေးချင်ပါလိမ့်မယ်။ ဌားဖတ်ပြီဆိုတော့ တာရာမင်းဝေရဲ့စာတွေကို နားလည်သွားလို့လားလို့။ ဟင့်အင်း။ ကျွန်တော် အမှန်အတိုင်းပဲ ဝန်ခံမယ်။ သူ့စာတွေ ဖတ်တိုင်း ဖတ်တိုင်း နားမလည်ခြင်းတွေပဲ ပိုပိုတိုးလာနေတယ်။ ဒါပေမယ့် အဲဒီနားမလည်တဲ့အရာတွေကို တစိမ့်စိမ့်ပြန်တွေးနေရတာကပဲ ကျွန်တော်ကြိုက်လာရတဲ့ အကြောင်းရင်း ဖြစ်ပါတော့တယ်။

ကျွန်တော်နည်းနည်းအရွယ်ရောက်လာတဲ့နောက် ဆရာတာရာမင်းဝေရဲ့ ရေးပုံရေးနည်းဟာ ဘာဆိုတာ နည်းနည်းသဘောပေါ်က်လာပါတယ်။ အဲဒီနောက်ပိုင်းကာလတွေမှာ ကျွန်တော်ဟာ သူရဲ့အမာခံ ပရိတ်သတ်ဖြစ်သွားပါပြီ။ နောက်ဆုံး ကဗျာရေးတော့လည်း သူ့ကိုကြိုက်မိလို့ မင်းဆက်ဝေဆိုပြီး နာမည်ပေးလိုက်တယ်။ ကျွန်တော်လည်း သူ့လိုမျိုး အတွေးတွေ ရဲတင်းပစ်ချင်တယ်။

အခုထိပေါ့ ။ ကျွန်တော်တို့ဟာ ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေကို အခေါ်က်ခေါ်က်အခါခါ ပြန်လည်ဖတ်ရူနေကြရဆဲပါ။ ဖတ်ရူတိုင်းလည်း ရိုးသွားတယ် မရှိပါဘူး။ အတွေးအခေါ် တစ်ခုမဟုတ်၊ တစ်ခု ရနေတာချည်းပါပဲ။ ပြီးတော့ ဆရာတာရာမင်းဝေရဲ့ လတ်ဆတ်တဲ့ စကားလုံးတွေ၊ ပြေပြစ်တဲ့ အရေးအသားတွေနဲ့ သူ့ရဲ့ စာပေခံယူချက်တွေဟာ ကျွန်တော်တို့ သဘောကျနှစ်ခြိုက်ရတဲ့ အကြောင်းရင်းခံတွေပဲ ဖြစ်ပါတော့တယ်။ ဒီတော့ ကျွန်တော်ဟာ ဆရာတာရာမင်းဝေကို နှစ်သက်သူပီပီ သူ့ကောင်းကြောင်းတွေကို ဖော်ကောင်လုပ်ချင်တာကြောင့် ဒီစာအုပ်ကို ရေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ နေရာတွေမှာတော့ သူနဲ့ကျွန်တော် ခံယူချက်တွေကွဲပြားနေတာမျိုးတွေ ရှိပါတယ်။ အဲလိုရှိပေမယ့် ကျွန်တော်ပုဂ္ဂိုလ်စွဲပြီး အတင်းချည်း လိုက်ရေးထားတာမျိုးမရှိပါဘူး။ ကျွန်တော်အမြင်ကိုပါ ကျွန်တော်ထည့်သွင်းဖော်ပြထားပါတယ်။
ဖတ်ကြည့်ပါ။ ပြီးတော့ သုံးသပ်ပါ။ ညံဖျင်းခဲ့တယ်ဆိုရင်တော့ ကျွန်တော် အပြစ်သာ ဖြစ်ပါကြောင်း............။
July28.2017
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်