တာရာမင်းဝေအား လေ့လာခြင်း - မင်းဆက်ဝေ
သူနှင့် ကြံဖန်တွေးတတ်မူ
***
ဆရာတာရာမင်းဝေဟာ ကြံကြံဖန်ဖန်ရှာဖွေတွေးတတ်သူ တစ်ယောက်ဖြစ်ကြောင်းကို သူ့စာအုပ်အများစုမှာ ရှာဖွေတွေ့ရှိရပါတယ်။ ကြံကြံဖန်ဖန်တွေးတာများ ဘာထူးခြားလို့လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ဟုက်ကဲ့ ။ အဲဒီ ကြံကြံဖန်ဖန်အတွေးတွေကို လက်ဆုပ်လက်ကိုင် ဖမ်းထားဖို့က အတော်ခက်ပါတယ်။ အဲဒါကိုပဲ ပြန်ရေးပြဖို့ဆိုတာကလည်း အတော်ခက်ပါတယ်။ သူ့အတွေးလေးတွေကို ကြည့်ကြည့်ပါ။
(လူ့လောကို ဘာတွေနဲ့ ဖွဲ့စည်းထားသနည်းဆိုတော့ မေးခွန်းရှိခဲ့ဖူးပါသည်။ "အမည်နာမတွေ၊ အခေါ်အဝေါ်တွေနှင့် ဖွဲ့စည်းထားသည်။"ဟူသော အဖြေရှိခဲ့ဖူးပါသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ "ဟိုဘက်က ဟာကြီးကို ဒီဘက်ကဟာကြီးက ကိုက်လိုက်တာ အဲဒီလိုကြီး ဖြစ်သွားတယ်။ "ဆိုလျှင် မကောင်းပါ။ ညွှန်ပြသူမရှိလျှင် နားလည်မည်မဟုတ်ပါ။ နာမည်တွေ၊ အခေါ်အဝေါ်တွေက အရေးကြီးနေပါတော့သည်။)(ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ....)
ဒါက အမည်နာမအားဖြင့်အရေးပါပုံကို ကြံဖန်ပြီး သူက ပေါ့ပေါ့ပါးပါးတွေးလိုက်တာပါ။ ပြောရရင် သူရဲ့အဲဒီလို ကတ်ကတ်သတ်သတ် တွေးတောမူတွေကို သူရဲ့စာအုပ်အများအပြားမှာ တွေ့ရှိရတယ်ဆိုပေမယ့် သူရဲ့အဲဒီအတွေးတွေဟာ စာဖတ်သူတွေအတွက် ချုပ်နှောင်ခံထားရတဲ့စိတ်ကို လွတ်မြောက်သွားစေနိုင်စွမ်း ရှိနေတာက အမှန်ပါ။ သူ့ရဲ့ ကြံဖန်အတွေးလေးတွေဟာ စာဖတ်သူတွေအတွက် ပျော်စရာကောင်းခဲ့ပါတယ်။
နောက်ထပ်လည်း သူ၏ ကြံကြံဖန်ဖန်အတွေးတစ်ခုကို ထပ်ကြည့်စေချင်ပါသည်။
( ကျွန်တော် ပြဿနာ တစ်ခုခု ကြုံသည်အခါ "ဒုက္ခ"ဟု ကျွန်တော်မညည်းပါ။ "သုခဝင်ပေါ်က်"ဟု ကျွန်တော် နာမည်မှည့်ထားပါသည်။ ပျင်းတတ်လျှင် ပျင်းရိငြီမွေ့ဖွယ်ကောင်းသော ကျွန်တော်စာဖတ်ခန်းလေးကို "အနုပညာဓာတ်ခွဲခန်း"ဟု အမည်တပ်လိုက်ခြင်းဖြင့် ကျွန်တော်ဘာသာ နေသာထိုင်သာ ရှိရပါသည်။)(ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ)
ဆရာ တာရာမင်းဝေသည် ဒုက္ခကို သုခဝင်ပေါ်က်ဟု၎င်း၊ စာကြည့်ခန်းလေးကို အနုပညာဓာတ်ခွဲခန်းဟု၎င်း ကြံကြံဖန်ဖန် နာမည်ပေးပြတာပါ။ ဖြစ်တော့လည်း ဖြစ်နိုင်တာပါပဲ။ လူအများက ဒုက္ခပြီးရင်သုခလာတယ်လို့ ဆိုကြတာကို၊ အဲဒီတော့ သုခဝင် ပေါ်က်ပေါ့။ စာကြည့်ခန်းကြတော့ အနုပညာဓာတ်ခွဲခန်းတဲ့။ ဒါတွေကြောင့်လည်း သူဟာ နာမည်မသေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေရတာပါ။
နောက်ထပ်လည်း ရှိပါသေးတယ်။
("တောထဲမှာ ထင်းရှာမတွေ့ခဲ့ဘူးလား။"
"ဟင့်အင်း.. ကျွန်တော် တောထဲမှာ သစ်ပင်တွေပဲ မြင်ခဲ့တယ်။"
"သစ်ပင်တွေဟာ ထင်းမဟုတ်ဘူးလား။"
"မဟုတ်ဘူး ထင်ပါတယ်။ သစ်ပင်နဲ့ ထင်းကြားမှာ ပုဆိန်တစ်လတ်ခြားသေးတယ်လေ။")
(ကျွန်တော် တူးဖော် ခဲ့သော မြေစိုင်ခဲများမှ) ပုဆိန်တစ်လတ် ခြားသေးတယ်တဲ့။ လူချင်းတူပေမယ့် အမြင်ချင်းတော့ မတူကြပါဘူး။ ဟုတ်ပါတယ်။ သစ်ပင်ကို ခုတ်လှဲပြီးမှ သစ်ပင်ဟာ ထင်းဖြစ်ရတာပါ။ မခုတ်လှဲသရွေ့တော့ သစ်ပင်ဟာ သစ်ပင်ပါပဲ။ ထင်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ လူတွေဟာ ကိုယ့်လိုအင်ဆန္ဒကိုပဲ ဦးစားပေးနေကြတဲ့အခါ အမှန်ကို မမြင်နိုင်ကြတော့ပါဘူး။ ကိုယ်ထင်းလိုချင်ရုံ သက်သက်အတွက် သဘာဝရဲ့အမွေအနှစ်ဖြစ်တဲ့ သစ်ပင်တွေက အလကားသေဆုံးပေးရမယ်ဆိုတာ ပြန်တွေးကြည့်တော့လည်း မတရားပါဘူး။ လူတွေရဲ့ ဒီလို လောဘဇော တွေကြောင့်ပဲ ရာသီဥတုတွေ ပျတ်စီးလာရတာပါ။ လူတွေက အသုံးမဝင်တဲ့ ပစ္စည်းလို့ ယူဆထားပေမယ့် သဘာဝတရားကြီးအတွက်တော့ အရာအားလုံးဟာ သူ့သဘောနဲ့သူ အသုံးဝင်နေကြပါတယ်။ ဒါတွေကို ဆရာတာရာမင်းဝေက အလေးအနတ်ထားပြီး ဖော်ထုတ်ပြလိုက်တာပါ။ ဒါပေမယ့် ဒီလိုဖော် ထုတ်ပြရာမှာ သူရဲ့ ကြံဖန် တွေးတော်မူလေးက အလွန်မှ သဘောကျစရာ ကောင်း နေပါတယ်။ ရှိပါသေးတယ်။ နောက်ထပ် ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းတဲ့ သူ့ရဲ့ အတွေးလေးတွေပေါ့။
("ခဂ္ဂါ"
"ဘာလဲ"
"ငါမသိတာတစ်ခု နင့်ကိုမေးမလို့"
"ဘာမေးမလို့ လဲ။"
"သုညဟာ စုံဂဏန်းလား၊ မဂဏန်းလား" )
(ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လတ်မှ) ဒီအတွေးလေးတွေက ပေါ့ပေါ့ပါးပါးလေးတွေနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်ခဲ့တဲ့ အချက်တွေဆိုတာ ငြင်းလို့မရပါဘူး။ တစ်ခါတစ်လေ သူဟာ အဲလိုပေါ့ပေါ့ပါးပါးအတွေးလေတွေနဲ့ ခရီးထွက်နေတဲ့လူတစ်ယောက်လို့တောင် ထင်မြင်မိပါတယ်။ သူ့ဟာ ဆပ်ပြာပူဖောင်းလေးလိုမျိုး ပေါ့ပေါ့ပါးပါးအတွေလေးတွေနဲ့ စာတွေအများကြီးရေးနိုင်ခဲ့တာဟာ ချီးကျူးစရာပါ။ သူစာအုပ်တွေထဲက သူ့အတွေးလေးတွေကို ဆက်လတ်ထုတ်ဖော်ပေးပါ့မယ်ခင်ဗျ။
(မင်းဆက်ဝေ)

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်