မင်းဆက်ဝေ စာပေဖြင့်ခရီးသွားခြင်း
လောကတွင်လူအဖြစ်ကိုရခဲ၏
ထိုထက် အတတ်ပညာအရပ်ရပ်ကိုပိုပြီးရခဲ၏
ထိုထက် ဆရာသမားအဖြစ်ကိုပိုပြီ;ရခဲ၏
ထိုထက် စာဆိုပညာရှင်က၀ိဘ၀ကိုပိုပြီးရခဲ့ ၏
(မိကျဒပ္ပကျမ်း)
စာရေးဆရာဟူသည်
စာရေးဆရာဟူသည် မည်သို့ သောလူစားမျိုးပါနည်း။ ထိုမေးခွန်းမှာ အလွန်တရာမှ ရိုးစင်းလွန်းသလို ယင်းနှင့်ပတ်သတ်သော ခံယူချက်ဖွင့်ဆိုချက်များမှာလည်း အလွန်တရာမှနည်းပါးလွန်းချေသည်။ခေတ်ကြီးသာလျှင် တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲသွားသည်။
စာရေးဆရာတစ်ယောက်၏ အရေးပါမူမှာတော့ ပြောင်းလဲရွေ့ လျားသွားခြင်းမရှိပေ။
စာရေးဆရာဟူသည်က ညဏ်ပညာနည်းပါးသောဒေသများတွင် အသိညဏ်ပညာကိုဖြန့် ဝေပေးသောသူလည်းဖြစ်သည်။ သူတို့ သည် လူ့ ဘ၀၏ပျော်တော်ဆက်များအဖြစ်လည်းကောင်း၊ ဘ၀၏အရှုပ်အထွေးများကို ရှင်းလင်းပေးသောသူအဖြစ်လည်းကောင်း၊
ယဉ်ကျေးမူအဟောင်းများကို ဖုတ်ကြဉ်းသဂြိုလ်ပေးသူအဖြစ်လည်းကောင်း၊တိမ်းမြုပ်နေသောလူ့ သမိုင်းကို ဖော်ထုတ်ပေးနိုင်သော ရှေးဟောင်း သုတေသနပညာရှင်များလည်းမည်ပေသည်။
စာရေးဆရာဟူသည် ပုံမလောင်းရသေးသော ၊ မစည်းလုံးသေးသော ရုပ်ဝထ္ထူများကို စနစ်တကျပုံစံထုတ်ပေးနိုင်သော ပန်းပု
ဆရာတစ်ယောက်လည်းဖြစ်သည့်အပြင် လူသားတို့ ၏စိတ်ဓါတ်ကို ပိုင်နိုင်ဆုတ်ကိုင်မိရန် စစ်ဆင်နေသောသူရဲကောင်းဖြစ်သလို ငြီမွေ့ 
ဖွယ်လူ့ ဘ၀ကို သာယာစိုပြေအောင်အားထုတ်ပေးသောကဗျာစာဆိုလည်းဖြစ်သည်။ ထိုအပြင် ဂီတစာဆိုတစ်ယောက်လည်းမည်ပြန်ပြီး
လောကဓံမုန်တိုင်းအတွင်းမှ ဘ၀အဓိပ္ပာယ်ကိုဖော်ထုတ်ပေးနိုင်သော ဒသ-နတွေးခေါ်ရှင်လည်းဖြစ်ပေသည်။
စာရေးဆရာဟူသည် လူငယ်များအား ပျော်မွေ့ ဖွယ်ရာမျာူးကို လမ်းညွှန်ပေးနိုင်သလို ဆေးကိုပေးသောသမားတော်လည်းဖြစ်
သည်။ နောက်ဆုံးကုန်ကုန်ပြောရလျှင် ရေချိုးကန်တစ်ခုကိုလည်းကောင်း၊ အဖိုးတန်သစ်တောတစ်ခုကိုလည်းကောင်း ၊ပျတ်စီးစေမည့်ဘေး
မှ ကာကွယ်စောင့်ရှာက်ပေးနေသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဖြစ်သလို လူတို့ မှီတင်းရန် ကမ္ဘာသစ်တစ်ခုကိုတွေ့ လိုတွေ့ ငြား အာကာသသို့  ပျံတတ်ရှာဖွေပေးနေသော အာကာသသူရဲကောင်းလည်းမည်ကာ မိမိကိုယ်ကို လူ့ လောက၏ အထင်ကရသတ္တ၀ါကြီးဟု ထင်နေကြသူများမှာလည်း ထိုစာရေးဆရာများပင်ဖြစ်ပေသည်။
(Irving Stong)
ယင်းမှာစာရေးဆရာ (Irving Stong) ၏ ဖွင့်ဆိုထားချက်ပင်ဖြစ်သည်။ သူ၏ဖွင့်ဆိုချက်မှာ အလွန်တရာမှ အနှစ်သာရပြည့်ဝကာ ကောင်းလွန်းလှပေသည်။ သို့ သော် ထိုအဓိပ္ပာယ်များလောက်ဖြင့်စာရေးဆရာတစ်ယောက်၏ ဘ၀ကို ပုံမဖော်
နိုင်သေးပေ။ စာရေးဆရာ၏နတ်ဝန်းသော အသိပညာတို့ သည်(သို့ ) ရှာဖွေစူးစမ်းထားသော ဗဟုသုတတို့ သည် အလွန်တရာမြင့်မားစွာ အသုံးပြုခံထားသောကြောင့် စာရေးဆ၇ာတို့ သည် ဗဟုသုတနှင့်အသိပညာကိုဦးထိပ်ထားသူ ၊ စောင့်ရှောက်သူ စသကဲ့ သို့  ထုတ်ဖော်နိုင်
သည့်အပြင် ရသပိုင်းဆိုင်ရာခံစားချက်များကို ထုဆစ်ပေးနေသူ ၊ လူသားများကိုလူသားပိုဆန်စေသူ၊ စိတ်ကူးသစ်စေသူဟု ထပ်မံဖြည့်စွတ်
ရပေမည်။ သို့ သော်စာရေးဆရာတိုင်း အကောင်းချည်းတော့မဟုတ်ပေ ၊ထိုအချက်ကိုဆရာတတ်တိုးကဖော်ထုတ်ပြခဲ့ သည်။
စာရေးဆရာသည် သူရေးသမျှအကောင်းချည်းမဖြစ်နိုင်သလို အဆိုးချည်းလည်းမဖြစ်နိုင်ပေ။စာရေးဆရာတစ်ယာက်
ေ၇းသောစာသည် စာကောင်းစာညံဟူပြီးမခွဲခြားသင့်။ စာကောင်းစာညံသည် ဆုံးဖြတ်ချက်နှင့်ဝေဖန်ချက်များအပေါ်တွင်တည်၏ စာကောင်းပင်ဖြစ်ဖြစ် ၊စာညံပင်ဖြစ်ဖြစ် စာရေးဆရာအဖို့ ကား ထိုစာဖြစ်လာရန် အားထုတ်ရသည်ချည်းဖြစ်သည်။ သူ ဘောပင်ကိုင်၊ ခလုတ်တစ်ချက်နှိတ်ရုံမျှဖြင့် စာတစ်ပုဒ်ထွက်လာခဲ့ သည်မဟုတ်ပေ။
စာရေးဆရာသည်သူ့ အမြင်ကို သူလေးစားစွာဖော်ပြအပ်၏ သူအမြင်ကိုမိမိက သဘောမတူချင် နေနိုင်သည်။
သူအမြင်ကို သူအမြင်ပဲဟုလေးစားအပ်၏ မိမိအမြင်ကိုလည်းလေးစားလိုလျှင် သူအမြင်ကိုလည်းလေးစားရပေမည်။ သူစာကိုမကြိုက်
လျှင်လွှတ်ပစ်နိုင်သည်။ သို့ မဟုတ်မိမိ၏အမြင်နှင့် မတူကြောင်းချေပနိုင်သည်။ သို့ သော်စွတ်စွဲခြင်း၊ဆဲေ၇ခြင်း၊တံဆိပ်ကပ်ခြင်းတို့ ကိုမူ မလုပ်သင့်ချေ။ ယင်းမှာစာဖတ်သူနှင့်စာရေးသူတို့ ကြား နာလည်မူထားရမည်အချက်ဟုဆိုခဲ့ ပေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်