Thursday, June 13, 2013

စာရေးဆရာဖြစ်ဖို့ ဆိုလျှင် ငါ့ စာဖတ်၇်ျ မမြတ်တိုင်စေ မရှုံးစေသား ပျင်းပြေနှစ်ခြိုက် တွေးထိုက်ဖွယ်များ တစ်ပုဒ်တစ်လေ တွေ့ ငြားပေမူ စာပေကျေးကျွန် ငါဝတ်ပွန်ပြီ ငါမွန်အမြတ် ငါအတတ်ဟု စာဖတ်သူပေါ် ခေါ်င်းကိုကျော်၇်ျ ငါသောဆရာ မလုပ်ပါတည်း။ ။ (တက္ကသိုလ်ဘုန်းနိုင်) စာရေးဆရာဖြစို့ အတွတ် ရေးလိုစိတ်ပြင်းပြရမည်ဟု အများသူငါက ယူဆခဲ့ ကြသည်။ သို့ သော်စာရေးဆရာသည် စာရွတ်ပေါ် တွင် ရေးနေရုံမျှနှင့် မပြီးချေ။ အပင်ပန်းခံနိုင်ရမည်။ ဇွဲရှိရမည်။ အင်အားနှင့်အချိန်ကို စနစ်တကျအသုံးပြုတတ်ရပေမည်။ (လူထုဦးလှ၏လူတစ်လုံးမှ) ယင်းနှင့်စပ်လျဉ်းပြီး အရှင်ဇ၀န(မေတ္တာရှင်)၏ လမ်းညွှန်ပြပုံမှာ မှတ်သားဖွယ်အလွန်ကောင်းသည်။ ထိုလမ်းညွှန်ချက်တွင် အ ချက်(၄)ချက်နှင့်ကိုက်ညီအောင် ရေးရမည်ဟူ၏ ယင်း(၄)ချက်မှာ (၁)စိတ်ဝင်စားအောင်ရေးရမည်။ (၂)စာလုံးတိုင်းကိုနားလည်အောင်ရေးရမည်။ (၃)အနှစ်သာရပါအောင်ရေးရမည်။ (၄)လိုရင်းတိုရှင်းရေး၇မည်ဟူ၏ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ကမူ စာလုံးတစ်ရာနှင့်ရေးရမည့်နေရာတွင် တစ်လုံးတည်းနှင့် အဓိပ္ပာယ်သိအောင် ရေးနိုင်သူကိုစာရေးကောင်းသူဟု ခေါ်နိုင်သည်။ သို့ သော် စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာရန်မှာ စာရေးကောင်းရုံနှင့်မပြီးချေ။ စာရေးဆရာတစ်ယောက်ဖြစ်လာရန်အခက်အခဲပေါ်င်းများစွာကိုကျော်ဖြတ်ရသေး၏ ဥပမာ ငွေကြေးအခြေအနေ၊ လူမူအသိုင်းအ၀ိုင်း၊ မ ကျော်ကြားခင် ဂုဏ်သိဏ္ခ၊တို့ အပြင် အလွန်တရာမှလေ့လာရခြင်း၊အချိန်ပေးရခြင်းတို့ ကို ကြုံတွေ့ ခံစားရမည်ဖြစ်သည်။ ထိုသို့ အခက်အခဲများ ကျော်လွှားရမူနှင့်ပတ်သတ်ပြီး ဆရာမောင်ပေါ်ထွန်းက သူ၏ ပါရမီပဲဆိုပါတော့ဆောင်ပါးတွင် စာပေရေးသားမူအတတ်ပညာမှာ နှစ်ရှည်လများကျင့်သားရပြီးသော ပုဂ္ဂိုလ်များစာံတို့ က အခက်အခဲဟူသမျှကို စိတ်ရှည်လက်ရှည်ဖြင့် ခံနိုင်ရည်ရှိသူများသာလျှင် အနုစာပေကိုဖန်တီးနိုင်သောသူဖြစ်မည်ဟုဆိုသည်။ သို့ ရာတွင်ခြူတစ်ပြားမှမရှိဘဲ ငတ်ပြတ်မွှဲတေသူသာလျှင် စာရေးဆရာဖြစ်ရန်သင့်တော်သော အရည်အချင်းရှိသည်ဟု ဆိုလျှင်ကား ထိုစကားသည်အရူးစကားသာဖြစ်ချေသည်။ မည်သို့ ပင်ဆိုစေ စာရေးဆရာဖြစ်လိုသောဆန္ဒတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်မျိုးရှိရပေမည်ဟူ၏ ဥပမာပြရလျှင်ကွယ်လွန်သူ စာ ရေးဆရာကြီး ဂျွန်ခရေဖီသည် အလွန်ဇွဲကောင်းသော စုံထောက်ဝထ္ထူရေးဆရာဖြစ်သည်။ သူကိုယ်တိုင်ေ၇းထားသော ပထမဦးဆုံးစုံထောက်ဝထ္ထူကိုထုတ်ရန် စာအုပ်တိုက်များသို့  ကမ်းလှမ်းဆက်သွယ်ခဲ့ ရာ စာပေတိုက်များက သူ၏၀ထ္ထူကို (၇၄၃)ကြိမ်တိတိပယ်ချခဲ့ သည်။ သို့ သော် သူသည် အားမလျော့ဘဲ ဆက်လက်အားထုတ်လေရာ စုံထောက်ဝထ္ထူပေါ်င်း (၅၄၉)အုပ်ကို ကလောင်အမည်(၁၅)မျိုးဖြင့် ရေးသားထုတ်ဝေနိုင်သည့်အထိအောင်မြင်ခဲ့ ပေသည်။ စာရေးဆရာဖြစ်ရန်လိုအပ်ချက် စာအုပ်ကိုမကြည့်ဘဲနေသည့်ရက်ကျွန်တော်တွင်မရှိ စာအုပ်သည် ကျွန်တော်၏အသက်၊ စာအုပ်သည်ကျွန်တော်၏ဘ၀။ စာအုပ်ရေးနိုင်သလောက်ရေးပြီး တိုင်းပြည်နှင့်လူမျိုးကို တိုးတတ်အောင်လုပ်မည်။ ကျွန်တော်သည် အသက်ရှင်နေထိုင်နိုင်ရန်စာမရေး၊ စာရေးရန်သာအသက်ရှည်ဖို့ ဆုတောင်းသည်။ (ဒဂုန်ရွှေမျှား) အောင်မြင်သော စာရေးဆရာတစ်ယောက်ဖြစ်ရန်အတွတ် ပထမဦးဆုံးလိုအပ်ချက်မှာ စာမရေးဘဲမနေနိုင်လောက် အောင် ရေးချင်နေသည့်စိတ်များဆူပွတ်နေရပေမည်။ ဒုတိယအချက်အနေဖြင့် စာပေ၀မ်းစာပြည့်စုံရပေမည်။ ထိုသို့ စာပေ၀မ်းစာပြည့်စုံရန် အတွတ်စာအုပ်မျိုးစုံကိုဖတ်ရမည်ဖြစ်သည်။ဘာသာရေး၊စီးဟွးရေး ၊ လူမူရေး၊နိုင်ငံရေး အားလုံးကိုသိနေဖို့ လိုသည်။ သို့ မှသာ မည်သည့် အကြောင်းအရာကိုရေးရေး ဂန္ဓာဝင်မြောက်မည်ဖြစ်သည်။ သို့ သော်စာအုပ်ထဲက ဖော်ပြချက်အတိုင်းကို လိုက်နာနေဖို့ ကမလိုချေ။ မိမိဆုံးဖြတ်ချက်ဖြင့်မိမိမှန်ရာကို ရွေးချယ်တတ်ရမည်ဖြစ်သည်။သာဓကတစ်ခုအနေဖြင့် သန်းထိုက်စိုးရေးသော စာအုပ်ကြီးသမားတစ် ယောက်၏ဖွင့်ဟ၀န်ခံချက်တွင်- ကျွန်မကျောင်းသားတွေဖတ်ရမည့်စာအုပ်စာရင်းကိုပြန်ကြည့်မိသည်။ စာရေးဆရာက(၂၅)ယောက်၊စာအုပ်ကတစ်ရာ ကျော်ရှိသည်။ ထိုစာရင်းကိုမြင်မှ ကျွန်မစာအုပ်စင်နှစ်စင်ပေါ်က မဆံမပြဲအယ်ထွက်နေသောစာအုပ်များကိုသတိထားမိသွားသည်။ကျွန်မမှာ ဂျွန်ဂါဒီနာ၏ The art of fiction (၀ထ္ထူရေးနည်းအနုပညာ) ၀ီလျံစတုန်း၏ The craft of writing (၀ထ္ထူရေးနည်းနိသ-ရည်း) ဒေါ်ရိုသီဘ ရန်ဒီ၏ Be coming a writer (ကျွန်မ စာရေးဆရာ)များအပြင် Art and Fearဆိုသည့်စာအုပ်သေးသေးလေးတစ်အုပ်ပါရှိနေသည်။ စာအုပ်စင်နှစ်စင်လုံးပြည့်နေသည့်စာအုပ်များက ကျွန်မကိုဘာလုပ်၊ဘာမလုပ်နဲ့ ဟုလမ်းညွှန်နေသည်။ ကျွန်မကလည်း စာအုပ်တွေက ပြောသမျှအားလုံးခေါ်င်းထဲထည့်သည်။ ထိုစာအုပ်များ၏ကောင်းမူကြောင့် စာရေးဖို့ ထိုင်ပြီဆိုလျှင် ဘယ်သူအတွတ်ရေးမှာလဲ ဆိုသည်ကို စဉ်းစားရမည့်အစား ဈေးကွတ်ကိုအရင်တွတ်သည်။ ခေါ်င်းထဲရှိအိုင်ဒီယာများကို ချမရေးရသေး ဘယ်ထုတ်ဝေသူနှင့် သွားချိတ်ရမလဲကိုအ ရင်စဉ်းစားသည်။ ထိုသို့ စာအုပ်အားကိုးစိတ်ကြောင့် ကိုယ်ကိုကိုယ်ယုံကြည်မူလျော့ကာ အပြင်ဖိအားတွေများလာခဲ့ သည်။ ကျွန်မအ တွတ် ထိုစာအုပ်များက ဆရာသမားများနှယ်ဖြစ်လာသည်။ ဘာကိုအာရုံစိုက်ရမယ်၊ ဘာကိုဖယ်ထုတ်ပစ်ရမယ်နဲ့  ယင်းတို့ ကနည်း ပေး လမ်းညွှန်နေကြသည်။ သို့ သော် ထိုစာအုပ်တွေကို ကျွန်မ ဘယ်လောက်ဖတ်ဖတ် စာရေးတိုင်းအလိုမကျဖြစ်နေရဆဲဖြစ် သည်ဟု ဖော်ပြ ထားသည်ကိုသတိပြုသင့်ပေသည်။ယင်းနှင့်ပတ်သတ်ပြီးဆရာကြီး၇ှိန်ကလည်း ၇သစာပေဆိုင်ရာ ဒသ-နအမြင်အမျိုးမျိုးဟူသောဆောင် ပါးတွင် စာများစွာဖတ်ပြီး ထိုစာတွင် ဖော်ပြပါရှိသောအကြောင်းအရာအားလုံးသည် အကုန်အမှန်ဟုယူဆရ်ျမရချေ။ စာတွေ့ ဟူသည် စာမှာတွေ့ သောအမြင်ဖြစ်ပြီး စာရေးသူကပြီင်္းစလွယ်ရေးလိုက်သောအခါ အမှားများပါသွားတတ်သည်။ ဥပမာ- ယနေ့ မဂ္ဂဇင်းတစ်ခု၏ ဘာသာရေးဆောင်းပါးတစ်ခုတွင် အဇာတသတ်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ခြေဖ၀ါးတွင် ဓါးခွဲဆားသိပ်ပြီးသတ်စေသည်။ ဟုေ၇းသားဖော်ပြခဲ့ သည်။ အမှန်မှာအဇာတသတ်မင်း၏ဖခင်သည် သုဒ္ဓေါဒနမင်းကြီးမဟုတ်၊ ဗိမ္ဗိသာရမင်းကြီးသာဖြစ်သည်။ သို့ သော် စာရေးသူသည် အမှတ်တမဲ့  ဘုရင်အမည်ကိုမှားရေးသည်။ ယင်းကိုစာပြင်ဆရာအယ်ဒီတာက အမှားကိုသတိမထားဘဲ အမှားအတိုင်း မဂ္ဂဇင်းတွင်ထည့်သည်။ထိုအရာကိုစာရေးဆရာပေါ်က်စတစ်ဦးမှ အမှန်ထင်ပြီးကိုးကားပြန်ရေးပါက အမှားပေါ်အမှားဆင့်သွားပေ တော့သည်။ စာရေးဆရာဟူသည် စာအုပ်ထဲကအတိုင်း လိုက်လုပ်စရာမလို သိဖို့ ၊ဗဟုသုတရဖို့ အတွတ်သာ စာကိုများများဖတ်ရမှာ ဖြစ်သည်။ ယခုလက်ရှိပေါ်က်ရောက်အောင်မြင်နေသော စာရေးဆရာမှန်သမျှသည် စာဖတ်ဝါသနာကြီးလှပါသည်ဟူသောသူများထက် ဆယ်ဆမကစာဖတ်ခဲ့ သူများပင်ဖြစ်ပေသည်။ စာေ၇းဆရာဖြစ်ရန်အတွတ် နောက်ဆုံးလိုအပ်ချက်မှာ ကိုယ်တွေ့ ဗဟုသုတရှိခြင်း(သို့ ) လူကိုဖတ်ခြင်းပင်ဖြစ်သည်။ လူကိုဖတ်ခြင်းဆိုသည်မှာသူတစ်ပါး၏အတွေ့ အကြုံများကို စိတ်ဝင်တစားနားထောင်ခြင်းကိုဆိုလိုသည်။ များသောအားဖြင့်စာကိုဖတ်ပြီး လူကိုမဖတ်သောစာရေးဆရာတို့ ၏ ရေးသားချက်များသည် ဆားမပါသောဟင်းကဲ့ သို့ ပေါ့ ပျတ်ပျတ်ဖြစ် နေတတ်သည်။ သို့ သော်လောကတွင်ကိုယ်တိုင်တွေ့ ကြုံရသောအတွေ့ အကြုံလောက် စိတ်ချရခြင်းမရှိသည်ကိုသတိပြုရပေမည်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်