Monday, August 19, 2013

မင်းဆက်ဝေ-အစွန်းရောက်သူများ Posted by မိုးစက်အောင် on August 4, 2013 at 10:22pm View Blog ယနေ့ ကမ္ဘာတွင် အစ္စလာမ်ကိုလေ့လာသုံးသပ်သော စာအုပ်အတော်များများထွက်ရှိနေပြီဖြစ်သည်။ အစွန်းရောက် အစ္စလာမ်တို့ ၏ အခြေခံ ၀ါဒသည် သီရိုကရေစီ(Theocracy) ဘာသာရေးအာဏရှင်စ နစ်ဖြစ်သည်ဟု ပညာရှင်တို့ ကသုံးသပ်ကြသည်။ ထိုသုံးသပ် ချက်ကြောင့်အငြင်းဟွးမူများလည်းပေါ်ထွက်လာခဲ့ ပါသည်။အငြင်းဟွးရခြင်းတွင်ထိုဘာသာရေးအာဏရှင်စနစ်သည် အစ္စ လာမ်ဝါဒ မှာပင် အခြေခံကျကျ အမြစ်တွယ်ရှိနေသောကြောင့်နှင့် ခေတ်သစ်အစွန်းရောက် ၀ါဒီသမားတို့ က အနောက်တိုင်းမှစွန့် ပယ် ထားသော ဖက်ဆစ်စနစ်နှင့် ကွန်မြူနစ်စနစ်တို့ မှ ပုံတူကူးယူပြီး အစ္စလာမ်အဆောင်အယောင်နှင့် အစ္စလာမ်သင်္ကေတနှင့် အစ္စလာမ်ဘာ သာစကား တို့ ဖြင့် ပြန်လည်အသုံးချနေခြင်းများကြောင့်ပင်ဖြစ်သည်။ အချို့ သောပညာရှင်တို့ ကအစ္စလာမ်သည် human Sacrifier လူသားစွန့် လွှတ်အနစ်နာခံယဇ်ပူဇော်ခြင်းနှင့်ဂျီဟတ် ဆိုသောဝေါဟာရတို့ ကိုထောက်ပြကြသည်။ထိုဂျီဟတ်ဆိုသောဝေါဟာရ မှာ အဓိပ္ပာယ်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ မိမိကိုယ်တွင်းရှိသော မကောင်းသောစိတ်ဓါတ်များကိုချိုးနှိမ်ရန် တစ်သက်လုံးလုပ်ဆောင်ရခြင်း နှင့်နောက်တစ်မျိုးမှာ ကိုယ်ကအမှန်တရားကိုလုပ်နေသော လည်း တစ်ဖက်ဖက်ကကျူးကျော်လာပါက လှပသောနည်းဖြင့်ပြန်လည်တုန့် ပြန်ခြင်းဟူ၏ ထိုကြောင့် ယင်းဘာသာ၏အခြေခံစည်းမျဉ်း သည်မူလအစကပင်လွဲချော်နေကြောင်းထင်ရှားကာ အစွန်းရောက်ရခြင်းပင်ဖြစ်သည်။ ထိုအစွန်းရောက်ဝါဒီသမားတို့ သည် ဂေါ့ ဒ်၏ တစ်ဦးတည်းသောကိုယ်စားလှယ်ဟု မိမိကိုယ်မိမိယူဆနေကြသူများ လည်းဖြစ်သည်။ ယင်းတို့ ၏ဆရာကြီးအေဗရာဟမ်ကိုကြည့်လျှင်သူမွေးဖွားစဉ်က လူတို့ သည်မှားယွင်းသော ဂေါ့ဒ်တို့ ကိုကိုးကွယ် နေကြသည်။သူသည်ဂေါ့ဒ်၏အထူးပုဂ္ဂိုလ်ဖြစ်သည်။တစ်နေ့ တွင်ဂျီဟိုဗာက အေဗရာဟမ်ထံကြွလာကာ သူနှင့်သူဆွေမျိုးသားချင်းတို့ ကို အားရ်မှစွန့် ခွာပြီး အခြားတိုင်းတစ်ပြည်သို့ သွားရောက်နေထိုင၈်ရန်နားချသည်။ ထိုအတိုင်းသွားရောက်နေထိုင်ကြရာ ယင်းတို့ ကိုဂေါ့ဒ်က အစစအရာရာကူညီပေးနေသည်။ သို့ နှင့်အေဗရာဟမ် အသက်တစ်ရာ ပြည့်လျှင် သားတစ်ယောက်မွေးဖွားသည်။ ထိုသား၏အမည် ကိုအိုင်ဇက်ဟုခေါ်သည်။အိုင်ဇက်ကြီးပြင်းလာသော ဂေါ့ ဒ်က အေဗရာဟမ်ကို သူ၏သားအား တောင်ထိပ်တစ်ခုသို့ ခေါ်သွားကာ ဒါးဖြင့်ခုတ်သတ်ပြီး ယဇ်ပူဇော်ရန်အမိန့် ပေးလေသည်။ အေဗရာဟမ်မှာယူကြုံးမရဖြစ်သောလည်း ဂေါ့၏စကားကိုမြေ၀ယ်မကျနားထောင် ရမည်ဖြစ်သောကြောင့် တောင်ထိပ်တွင်သူ၏သားကိုဓါးဖြင့်ခုတ်ရန်ရွယ်စဏ် တမန်တော်တစ်ဦးပေါ်လာကာ ကလေးနေရာတွင်သိုးဖြင့်အစားထိုးစီမံစေခဲ့ သည်။ ထိုမှ Scapegoat ယဇ်ပူဇော်ခံသိုးငယ်ဆိုသော အီဒီယံစကားပေါ်လာခြင်းဖြစ်သည်။ (ဆက်ရန်) Views: 162

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်