Tuesday, June 25, 2013

စာရေးဆရာနှင့်စာဖတ်ခြင်း စာရေးဆရာဟူသည် စာအုပ်ထဲကအတိုင်း လိုက်လုပ်စရာမလို သိဖို့ ၊ဗဟုသုတရဖို့ အတွတ်သာ စာကိုများများဖတ်ရမှာ ဖြစ်သည်။ ယခုလက်ရှိပေါ်က်ရောက်အောင်မြင်နေသော စာရေးဆရာမှန်သမျှသည် စာဖတ်ဝါသနာကြီးလှပါသည်ဟူသောသူများထက် ဆယ်ဆမကစာဖတ်ခဲ့ သူများပင်ဖြစ်ပေသည်။ ထိုသို့ စာပေလေ့လာဆည်းပူးမူနှင့်ပတ်သတ်ပြီး အင်းဝခေတ်စာဆိုကျော်ရှင်မဟာရဌသာရ ကသု။စိ၊ပု၊ဘာ၊၀ိ၊လိ၊သိ၊ဇာ အက္ခရာရှစ်လုံးကို နေ့ တိုင်းလေ့လာဖို့  ကဗျာစပ်ဆိုသွားခဲ့ သည်။ထိုအဓိပ္ပာယ်မှာ သုမှာ သုဟေယျ =ကြားနာရာ၏ စိမှာ စိန္တောယျ=ကြံစည်ရာ၏ ပုမှာ ပုစ္ဆေယျ= မေးမြန်းရာ၏ ဘာမှာ ဘာသေယျ= ပြောဆိုရာ၏ ၀ိမှာ ၀ိစာရေယျ= စူးစမ်းဆင်ခြင်ရာ၏ လိမှာ လိစေယျ= ရေးသားရာ၏ သိမှာ သိက္ခေယျ= လေ့ကျင့်ရာ၏ ဇာမှာ ဇာရေယျ= နူတ်ငုံဆောင်ရာ၏တို့ ပင်ဖြစ်သည်။ စာပေပညာသည် လွန်စွာကျယ်ဝန်း၏ နတ်ရှိုင်း၏ခက်ခဲ၏ လျိုဝှတ်ဆန်းကြယ်၏ ထိုကြောင့်ဗဟုသုတ အနည်းငယ်နှင့် ရပ်တန့် မနေသင့်ချေ။ ဆက်ပြီးများသထက်များအောင် ၊သိအောင်အားထုတ်သင့်ပေသည်။ ထိုသို့ အားထုတ်ရာတွင်လည်း တဆင့်စ ကားကိုအများဆုံးအားကိုးရမည်။ ထိုတဆင့်စကားမှာလည်းစာအုပ်ထဲမှာရှိနေခြင်းကြောင့် စာအုပ်များစွာကိုဖတ်ရပေမည်။ ထိုသို့ စာဖတ်ရာတွင် ဆရာကြီးဦးရွှေအောင်က သူ၏စာဖက်သူများစာအုပ်တွင် စာပေမှာသုံးမျိုးရှိသလို စာဖတ်သူမှာလည်းသုံးမျိုးရှိသည်ဟုဆိုသည်။ စာပေ(၃)မျိုးမှာ ကွမ်းယာနှင့်တူသောစာပေ ကြံနှင့်တူသောစာပေ နို့ မလှိုင်နှင့်တူသောစာပေတို့ ဖြစ်သည်၊ ကွမ်းယာနှင့်တူသောစာပေမှာ ၀ါးပြီးလျှင်အရည်ေ၇ာအဖတ်ရောထွေးထုတ်ရသည်။ ဘာမှမျိုချလို့ မရချေ။ ထို ကြောင့်ယင်း စာပေကို လောကီ၊လောကုတ္တရာ ဘာမှအထောက်အကူမပြုဟုဆို၏ကြံနှင့်တူသောစာပေမှာ ၀ါးပြီးလျှင်အရည်ကိုမျိုချရပြီး အဖတ်ကို ထွေးထုတ်ရသည်။ ယင်းစာပေသည် လောကီ ကြီးဟွးရေးအတွတ်သာ အလေးထားပြီး လောကုတ္တရာနှင့်သံသရာအတွတ်တော့အသုံး မ၀င်ချေ။ နို့ မလှိုင်နှင့်တူသောစာပေမှာမူ အရည်ရောအဖတ်ပါနှစ်မျိုးစလုံးမျိုချရသောကြောင့် လောကီ၊လောကုတ္တရာနှင့် သံသရာအတွတ် ပါကောင်းလေရာယင်းစာပေမျိုးကိုရွေးဖတ်ရမည်ဟူ၏ သို့ သော် စာကြီးပေကြီးမှာ ချက်ချင်းကောက်ကိုင်ဖတ်ဖို့ မလွယ်ကူချေ ။ စာဖတ်ခြင်းမှာစာဖတ်သင်ရသေးသည်။ စာတစ်ခါမှ မဖတ်ဖူးသော လူတစ်ယောက်ကို အလွန်တရာမှလေးနတ်သော ကျမ်းစာအုပ်များပေးဖတ်လိုက်လျှင် နွားကိုပလာတာကျွေးသ လိုသာဖြစ်ပြီး စာကိုမုန်းတီးသွားပေလိမ့်မည်။ ထိုကြောင့်စာဖတ်သူများအနေဖြင့် စာဖတ်ခါစအချိန်တွင် မိမိစိတ်ကြိုက်ကိုရွေးချယ် ဖတ်နိုင်ပေသည်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်