အက်ဆေး၁၄
ချစ်ခဲ့ဖူးသည်
ငါလိုချင်တယ် မေတ:)ာစစ်စစ်
ငါရချင်တယ် သစ:)ာစစ်စစ်
သို့ သော်
လောကမှမည်သူမျှမပေးနိုင်ခဲ့
ထိုကြောင့်
ငါကိုယ်ငါသာပြန်ပေးရာ၏
ရာဇ၀င်ထဲမှာတော့ မယ်သီတာအတွတ် ဒဿ
ဂိရိနှင့်ရာမတို့ စစ်ခင်းခဲ့ကြသည်။ထိုနည်းတူစွာ မိန်းမတစ်
ယောက်အတွတ် သူသည်လည်းသူ့သူငယ်ချင်းနှင့်စစ်ခင်းခဲ့ရ
ဖူးသည်။သို့ သော် ထိုဇတ်လမ်းတွင် သူ့ ကဒဿဖြစ်ခဲ့ရ၏
သူ့ ရဲ့ တစ်ခုခုဆိုတာ
ငါရဲ့  တစ်ခုခုပါ။ရုတ်တရတ်တော့ သူစကားကို မ နားမလည်ခဲ့။ထိုအတွတ်သူရှင်းပြနိုင်ခဲ့သည်။မ ၀မ်းနည်း
လျှင် သူလည်းဝမ်းနည်းမည်။မငိုရင် သူလည်းငိုမည်ဟူ၏
တစ်ချိန်တစ်ခါက သူသည် မရဲ့မျတ်ရည်များကိုကြည့်ပြီး
နှလုံးသားရော၊ဦးနှောက်ရော အတုံးအရုံးကျဆုံးခဲ့ရသည်။
ထိုနောက်သူ၏အချစ်များသည်ကြယ်တွေအတိုင်းတစ်မိုးသား
လုံးပွင့်ဝေလာကာ မ လက်ကိုဆွဲကိုင်ဖို့  ကြိုးစားလို့ အား
ထုတ်တော့သည်။လှပသော နည်းဗျုဟာပေါ်င်းများစွာနှင့်
ခံစားအသက်ဝင်နေသောစကားလုံးများ သူ အသုံးချမိခဲ့သည်
မောင့်ကို
၇င်ထဲကဖွင့်မပြောပြတတ်အောင်ချစ်တယ်။
ဝဇီရာ၇ုပ်ရှင်ရုံထဲမှာ ပြောခဲ့တဲ့မစကား သူတစ်သက်
မေ့တော့မည်မဟုတ်ချေ။ထိုစကားကြောင့် သူအသက်ခဏ
ပျောက်သွားသလိုတောင်ထင်မိသည်။ထိုကြောင့်ပင် မနှင့်အ
တူ ဆူးလေကားမှတ်တိုင်ခုံများတွင် ထိုင်စကားပြောရခြင်းမျိုး
ကိုသူမြတ်နိုးသည်။ပြီးတော့တောင့်တသည်။အားလုံးဆုံးရှုံး
သွားရင်တောင် သတိရခွင့်တော့သူမှာရှိပါသည်။သို့ သော်
သူမျတ်ရည်တွေတော့ မမြင်မည်မဟုတ်ချေ။
နင်ကငါ့ကိုချစ်တာမဟုတ်ဘူး
နင့်အက်တကိုနင်ချစ်တာတဲ့လား။
မ ပြောထွက်၇က်လိုက်တာ။ဟုတ်သည်။သူသည် မကိုအလွန်အမင်းချစ်သော သူ့ ၏အတ်တကိုေ့၇ှတန်းတင်ခဲ့
မိသည်။မ အတွတ် အလွန်မှစိတ်၇ူပ်ဖွယ်ကောင်း
နေလိမ့်မည်။
မိုးစက် ငါ့ကိုမေ့လိုက်ပါတော့တဲ့
မသည် အင်လျားကန်ဘောင်ပေါ်မှာ အရာအား
လုံးသူ့ ရှေ့မှပစ်ချထားခဲ့ပြီးပျောက်ကွယ်သွား
သည်။သူေ့၇ှမှာအရာအာလုံးဝေဝါးခဲ့ရသည်။သူ၏ကဗျာစာ
သားအတိုင်းသူအလိုရှိသောသူက သူ့ ကိုအလိုရှိသလို
ပြန်စီရင်သွားခဲ့သည်။သို့ သော်ထိုစီရင်မူဟာ သူ့အတွတ်အမြဲ
တမ်း အမှတ်ရစရာဖြစ်နေမှာတော့ အလွန်မှကျိန်းသေနေ
ပါသည်။
Oct25.2008
Minsetwai

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်