အက်ဆေး၁၅
ပြေး
ကျွန်တော်နောက်ကိုလူတစ်ယောက်ပြေးလိုက်
နေပါတယ်။သူ ဘာကြောင့်ကျွန်တော်နောက်ကိုပြေးလိုက်နေ
မှန်းကျွန်တော်မသိဘူး။ကျွန်တော်မှာ သူကိုကြောက်ရွံ့စိတ်
တွေဝင်ပြီးေ့၇ှကိုမရပ်မနားပြေးနေမိပါတယ်။သူ ကျွန်တော်
ကိုမှီသွားလို့ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးက ကျွန်တော်ကို
ခြောက်လှန့်နေပါတယ်။ပြေးရလွန်းလို့  ကျွန်တော်အလွန်အ
မင်းမောပန်းလာပါတယ်။ခဏဖြစ်ဖြစ်အနားလိုချင်မိပါတယ်။
ဒါပေမယ့်ကျွန်တော်နောက်ကလိုက်နေတဲ့သူဟာ မောပန်းပုံ
မပေါ်ပါဘူး။သူ ကျွန်တော်နောက်ခပ်လှမ်းလှမ်းကနေပြေး
လိုက်လာတုန်းပါပဲ။ေ့၇ှမှာလှေကားတွေတွေ့တယ်။ချောက်
ကမ်းပါးတွေတွေ့တယ်။ကျွန်တော်ကျော်ဖြတ်ခဲ့တယ်။ကျွန်
တော်ကျော်ဖြတ်သလို ကျွန်တော်နောက်ကလူကလည်း
လိုက်ကျော်ဖြတ်တယ်။တစ်ခါတစ်လေ လမ်းအချိုးအကွေ့
များတဲ့နေရာမျိုးရောက်ရင် ကျွန်တော်သူကိုမျတ်ခြေဖျတ်
ကြည့်တယ်။ဒါပေမယ့် သူဟာ ပြတ်ကျန်ခဲ့ခြင်းမရှိဘဲ
နောက်ကနေမှန်မှန်လိုက်နေနိုင်တုန်းပါပဲ။
အဲဒီနောက်မှာ ကျွန်တော်ဟာချွေးဒီးဒီးကျ
နေသလို ရေဆာလောင်မူကလည်းအထွတ်အထိတ်ကို
ရောက်လာပါတယ်။ရှေ့မှာအလွန်မာယာများတဲ့တောနတ်ကြီး
တစ်ခု။ကျွန်တော် ဆက်ပြေးတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်
တော်နောက်လိုက်နေတဲ့သူလောက် ကြောက်စရာမကောင်း
လို့ ကျွန်တော်ယူဆထားမိတယ်။ကျွန်တော်ဘယ်လောက်ထိ
တောင်ဆက်ပြေးနေရဦးမယ်မသိဘူး။ခြေထောက်တွေကပြို
လဲကျချင်နေပါပြီ။ပြေးရင်းနဲ့  မရောက်ဖူးတဲ့လမ်းတွေကို
ကျွန်တော်ရောက်ခဲ့သလို ရောက်ဖူးပြီးသားလမ်းများကိုလည်း
ထပ်တွေ့ရတယ်။တချို့ လမ်းတွေဟာ အရမ်းကြမ်းတမ်းနေ
လို တစ်ချို့ လမ်းတွေကျပြန်တော့လည်း အရမ်းကိုကောင်း
မွန်နေတယ်။ကျွန်တော်အဲဒီလောက်ဇွဲကောင်းကောင်းနဲ့ပြေး
နေတာတောင် ကျွန်တော်နောက်ကလူက လိုက်နေနိုင်တုန်း
ပါပဲ။ဒီပုံအတိုင်းဆိုကျွန်တော်လဲကျသွားတော့မယ်ထင်ပါရဲ့။
နောက်ဆုံး ပြေးလာလိုက်တာ ကျွန်တော်ဟာ
အလွန်ပြန့်ပြူးတဲ့ သဲသောင်ပြင်တစ်ခုပေါ်ရောက်လိုလာပါ
တယ်။အဲဒီမှာ ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက် သဲတွေ
ချည်းပါပဲ။ကျွန်တော်အတော်လေးခြေကုန်လက်ပန်းကျလာ
တယ်။ဒါကြောင့်အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။
ကျွန်တော်နောက်ကလိုက်နေတဲ့သူမရှိတော့ဘူး။သူဘယ်
ရောက်သွားတာလဲ။ကျွန်တော်ဇဝေဇဝါဖြစ်လာတာကြောင့်ရှေ့
ကိုပြန်လှည့်လိုက်တယ်။အဲဒီမှာကျွန်တော်နောက်လိုက်နေတဲ့
သူဟာကျွန်တော်ကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတယ်။ကျွန်
တော် သူမျတ်နှာကိုကြည့်ပြီး အတော်ကလေးကိုရူးသွပ်သွား
ချင်လာတယ်။အဲဒီလူရဲ့ မျတ်နှာဟာ ဘာကြောင့်များ ကျွန်
တော်နဲ့ လာဆင်နေရပါလိမ့်။
July26.2014
Minsetwai

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်