Saturday, July 26, 2014

Eassay16

အက်​​ဆေး၁၆
သံသယ

ကျွန်​​တော်​စိတ်​မှာကျွန်​​တော်​အရမ်းမုန်းတဲ့အချက်
တစ်​ချက်​ရှိပါတယ်​။အဲဒါက အလွန်​မှ သံသယစိတ်​များပြား
နေခြင်းပါ။အဆိုးဆုံးက လူတိုင်းကို ကျွန်​​တော်​လွယ်​လွယ်​နဲ့
မယုံတတ်​ဘူးဖြစ်​​နေပါတယ်​။လူတိုင်းဟာ တစ်​ချိန်​ချိန်​ကျရင်
ကျွန်​​တော်​ကိုဒုက:)​ပေးလိမ့်​မယ်​လို့ ကျွန်​​တော်​ထင်​​နေမိပါ
တယ်​။ဒါကလည်း ကျွန်​​တော်​ဖြတ်​သန်းခဲ့၊ထိ​တွေ့ ဆက်​ဆံခဲ့
ရတဲ့ပတ်​ဝန်းကျင်​​ကြောင့်​လည်းပါပါလိမ့်​မယ်​။ဘာကိုပဲလုပ်
လုပ်​ ငါလုပ်​နိုင်​မှာမဟုတ်​ဘူးဆိုတဲ့သံသယ​တွေ၊ဒီလူဟာငါကို
တကယ်​အ​ကောင်း​ပြောတာမှဟုတ်​ရဲ့လားဆိုတဲ့သံသယ​တွေ၊
သူငါကိုတကယ်​ချစ်​ရဲ့လားဆိုတဲ့သံသယ​တွေ၊အဲဒီလိုသံသယ
တွေနဲ့ကျွန်​​တော်​မီး​လောင်​မြိုက်​​နေပါတယ်​။ဒါ​ကြောင့်​ဘဝမ
အေးချမ်းနိုင်​ပါဘူး။
စကားတစ်​ခွန်း​တော့ကြားဖူးပါတယ်​။ဆိုက​ရေး
တီး​ပြောတာ​လေ။ဒဿနအစစ်​အမှန်​ဟူသည်​ သံသယထား
တတ်​ခြင်းမှဖြစ်​​ပေါ်လာသည်​တဲ့။ဒီလိုဆိုရင်​​တော့သံသယမြင်
တာကပဲ​ကောင်းသလိုလိုပါ။ဘယ်​လိုဖြစ်​ပါ​စေ သံသယဟာ
လူကိုအထီးကျန်​​စေပါတယ်​။ခံစားရတဲ့ဒဏ်​ရာ​တွေများလာ
လေ​လေ သံသယစိတ်​ပိုကြီးမားလာ​လေ​လေပါပဲ။ထိုအတူ
အ၇ူံးဟာလည်းသံသယကိုဖြစ်​​စေပါတယ်​။ဆုံးရှုံးမူများတဲ့လူ
တွေမှာ သံသယစိတ်​များတာဟာ အ​ကြောင်းမဲ့သက်​သက်​မ
ဟုတ်​ပါဘူး။ကျွန်​​တော်​ဆုံးရှုံခဲ့ရသမျှအတွတ်​ ဘာကိုမှကျွန်
တော်​လက်​လွှတ်​မခံချင်​ဘူး။ဒါဟာသံသယဖြစ်​​စေတဲ့အ
ကောင်းဆုံး​လောင်​စာတစ်​ခုပါပဲ။ဘယ်​လိုပဲဖြစ်​ဖြစ်​ သံသယဆို
တာ ​လောဘ၊​ဒေါသ၊​မောဟကိုကြီးထွား​စေတာမို့  အပြီးတိုင်
ပယ်​ဖျတ်​သင့်​ပါတယ်​။ဒါ​ပေမယ့်​ ဒီ​ရောဂါဟာ ကျွန်​​တော်​အ
တွတ်​ဘိန်းစွဲသလိုဖြစ်​​​နေ​​တာ ဘယ်​သူသိနိုင်​မှာလဲ​လေ။
26.7.14
မှတ်​ချက်​။ ။လတ်​လွှတ်​ဆုံးရှုံးရတာများ​လေ​လေ
သံသယစိတ်​ပိုကြီး​လေ​လေ။
မင်းဆက်​​ဝေ

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်