Wednesday, August 27, 2014

အက်ဆေး ၁၁ရောဂါ ၂ ကျွန်တော်မှာမဆိုသောဝေ!ဟာ၇နှင့်ပတ်သတ်ပြီး တနင့်တပိုးခံစားခဲ့ရသော အဖြစ်ဆိုးတွေ၇ှိခဲ့ဖူးသည်။ ထိုအ နာဟောင်းများသည် ပြန်လည်တူးဖော်တိုင်း ရင့်နင့်စရာမှအပ ဘာမှရှာဖွေမတွေ့ရှိပေ။ထိုအပြင် လွမ်းဖျားလွမ်းနာကျခဲ့ရ သော ထိုနေ့၇က်များသည် စိတ်ကျရောဂါစွဲကပ်ခဲ့သူလိုဖြစ်ခဲ့ ရ၏ ထို မ ဆိုသောအမျိုးသမီးမှပေးခဲ့သော ဒဏ်ရာမှကျက် နေပြီဆိုသော်ငြားလည်း ထိခိုက်မိတိုင်းတော့ နာကျင်နေဆဲ ဖြစ်သည်။ဆိုရလျှင်ကိုလေးဖြူသီချင်းကဲ့သို့ပင်။ အပေါ်ယံရှပ် ထိသောဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ် ဆိုတာမျိုးပင်ဖြစ်သည်။ အခုလည်း အချစ်ဆိုတာကိုမကြောက်သောကျွန် တော်သည် နောက်ထပ် မ တစ်ယောက်ကိုချစ်မိပြန်သည်။ သို့ သော်ကျွန်တော်အချစ်သည် ကြောက်ရွံ့ ခြင်းများနှင့် တွင်းအောင်းနေရသောဖားတစ်ကောင်ကဲ့သို့ ပင်ဖြစ်၏တစ်ခါ သေဖူးသောကြောင့် ပျဉ်းဖိုးကိုနားလည်နေမိလေရာ ထပ်မံခံ စားရမည့်အချစ်၏ ဘေးထွက်ဆိုးကျိုးကိုသေလောက်အောင် ကြောက်နေမိသည်။သို့ သော်လည်းထိုအခြေအနေဆိုးမှကျွန် တော်ရုန်းထွက်နိုင်ခဲ့သည်။မ က ကျွန်တော်ကိုနားမလည်ဟု ဆိုသည်။ပြဿနာမဟုတ်ပါ။အပြစ်လည်းမတင်ပါ။ထိုကဲ့သို့  စကားမျိုးကို ကျွန်တော်အမေအပါအ၀င် အမျိုးသမီးပေါ်င်း မြောက်မြားစွာကကျွန်တော်ကိုပြောခဲ့ပြီးဖြစ်သည်။ နားလည်အောင်ကြိုးစားပေးရသောအလုပ် သည် အလွန်စိတ်ပင်ပန်းသောအလုပ်မှန်းကျွန်တော်သိသည်။ ထို့ ကြောင့်မည်သူကိုမျှ ကျွန်တော်အားနားလည်ပါပေးဖို့  တောင်းဆိုနေမည်မဟုတ်ပါ။ထိုမတောင်းဆိုမူကြောင့်ပင် ကျွန်တော်သည်နားလည်ခြင်းကို မခံစားခဲ့ရသောလူတေလေ လေးဖြစ်ရသည်။ကျွန်တော်အိမ်မက်များ အစိမ်းသေခဲ့ခြင်း ကြောင့် မနက်တိုင်းကို တံခါးခေါ်က်ဖို့ ကျွန်တော်ကြောက် သည်။သို့ သော်လည်းကျွန်တော် မ ကိုချစ်နေသည်။ယင်း မှအတိတ်ကမနှင့်ဘာမှမဆိုင်။ပြောချင်သည်မှာ ကျွန်တော် သည် မများနှင့်သာ တိုက်ဆိုင်နေခြင်းကိုဆိုလိုသည်။ကျွန် တော်သည်အတိတ်က မ တစ်ယောက်ကိုချစ်ခဲ့ဖူးသလို ယခုလည်းမတစ်ယောက်ကိုချစ်နေသည်။ထိုကြောင့် အတိတ် ကခံစားဖူးသလို ယခုခံစား၇မည်ကို အလွန်အမင်းကြောက်ရွံ့ နေတော့သည်။ July19.2014 Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်