Wednesday, August 27, 2014
အက်ဆေး၁၂
ဘောင်လွတ်
တခါတရံတွင်ကျွန်တော်သည် သိမ်ငယ်စိတ်များ
နှင့်နပမ်းသတ်နေတတ်သည်။ ထိုအခါမျိုးတွင် ကျွန်တော်
ကိုယ်ကျွန်တော် လူတွေနှင့်အံမ၀င်သောလူတစ်ယောက်ဖြစ်
နေပြီလားဟုတွေးမိသည်။အကြောင်းမှာကျွန်တော်သည် လူ
တစ်ချို့ နှင့်စိတ်ပျတ်စွာဆက်ဆံနေ၇သောကြောင့်ဖြစ်သည်
လူတစ်ချို့ ကကျွန်တော်ကိုအလဲထိုးဖို့ စဉ်းစားနေကြသည်။
အချို့ ကျပြန်တော့ကျွန်တော်ကိုဘယ်လိုဦးကျိုးအောင်လုပ်
၇မလဲဟုအကြံထုတ်ကြသည်။အချို့ ကျပြန်တော့ ကျွန်
တော်ကိုဘယ်လိုကဲ့၇ဲ့၇မလဲလို့ တွေးတောနေကြသည်။တစ်
ချို့ ကျပြန်တော့လည်းကျွန်တော်ကို ဘာတွေသဘောကျ
သည်မသိ ကူညီတတ်ကြပြီးအချို့ ကျပြန်တော့လည်း ကျွန်တော်စိတ်ဓာတ် ဘယ်လို၇ှိမလဲလို့ စမ်းသပ်ပေါ်င်းသင်း
တတ်ကြသည်။ထိုသို့ စမ်းသပ်ပေါ်င်သင်းသူများထဲတွင် ကျွန်တော်ကိုမုန်းသွားသူများလည်းရှိသည်။ကြောက်သွားသူ
များလည်းရှိသည်။ထိုအတူကျွန်တော်ဒုက:)ကို အသေအ
ကြေခံပြီး ပေကပ်ပေါ်င်းသင်းသူများလည်း၇ှိနေ၏
အမှန်တကယ်မှာ ကျွန်တော်သည် လူအ
များနှင့်ေ၇ာထွေးမနေတတ်သေးသလို စကားကိုအဆင်ပြေ
အောင်ပြောဆိုတတ်သူလည်းမဟုတ်ပါ။ထိုကြောင့်အချို့ က
ကျွန်တော်နှင့်ဝေးရာကိုထွက်ပြေးသွားကြသည်။ကောင်းပါ
သည်။ဟန်ဆောင်ဆက်ဆံနေ၇သည်ထက် ခွာပြဲသွား၇
သည်ကအလွန်တရာမှပိုကောင်းပါသည်။လူ့ အသိုင်းအ၀ိုင်း
လူ့ စည်းကမ်း၊ လူ ယဉ်ကျေးမူ စသကဲ့သို့ သော ကြီးကြီး
ကျယ်ကျယ်စကားလုံးများသည် ကျွန်တော်နှင့်မည်သို့မျှမ
တတ်ဆိုင်ချေ။ထိုအတူ တစ်ခုပေး၊တစ်ခုယူဆိုသောစနစ်ဖြင့်
တည်ဆောက်ထားသော လူမူဆက်ဆံေ၇းသည် ယဉ်ကျေး
မူမရှိဟုသာကျွန်တော်မြင်မိပါသည်။အလုပ်၇ှင်တစ်ယောက်၊မန်နေဂျာတစယောက်က သူကိုကျွန်တော်မှ၇ို၇ိုသေသေဆက်
ဆံစေချင်၏ အသိမိန်းခလေးအချို့ က ကျွန်တော်သူတို့ကို
ဂရုစိုက်တာအလိုရှိချင်ကြသည်။သူငယ်ချင်းတို့ ကလည်း သူတို့ လုပ်သလိုလိုက်လုပ်စေချင်ကြသည်။ထိုကြောင့်ကျွန်
တော်အဝေးဆုံးကိုထွက်ပြေးတော့သည်။ကျွန်တော်မည်သူ
အတွတ်အသက်ရှင်နေမှန်းကျွန်တော်ကိုယ်ကျွန်တော်မသိပါ။
လူတွေကြားမှာနေရတာမွန်းကျပ်လှပါ၏ထိုဖြစ်တည်ခြင်း၏အ
ကြွင်းသည်ကျွန်တော်အတွတ်ဗရမ်းဗတာသာဖြစ်ပါသည်။
July29.2013
Minsetwai်
Labels:
my eassay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်