ကျွန်တော်အမြင်များ ၂
ဝေမှုူးသွင်၏စာအုပ် ၃ အုပ်
တစ်နေ့တွင် ကျွန်တော်သည်အလုပ်
အားသောကြောင့် ကျွန်တော်ယခင်လုပ်ခဲ့ဖူး
သော ပန်းဆိုးတန်းရှိစာအုပ်အဟောင်းတန်း
များရှိထွက်လာခဲ့သည်။ထိုနေရာရောက်တော့
ယခင်အလုပ်ရှင်က ကျွန်တော်ကိုပြန်အလုပ်
လုပ်ရန်ပြန်ခေါ်သည်။ကျွန်တော်လည်း ယခု
အလုပ်မှာအဆင်ပြေနေသောကြောင့် မလုပ်
တော့ဟုငြင်းလိုက်သည်။ထိုနောက် ဒီတိုင်းပြန်
ထွက်လာရမှာ အားနာသောကြောင့် တစ်အုပ်
(၂၀၀)နှင့်ရောင်းချနေသော စာအုပ်အပုံထဲမှ
စာအုပ် ၃ အုပ်ဝယ်ယူကာပြန်ထွက်လာခဲ့
သည်။ထိုစာအုပ် ၃အုပ်မှာ ဝေမှုးသွင်ရေးသား
သော ဧဒင်ဥယျာဉ်၏နောက်ဆုံးနေ့၊မိုးအယ်
ဘမ်နှင့် သူငယ်ချင်းလွယ်အိတ်ထဲကချစ်သူဆို
သောစာအုပ်သုံးအုပ်ဖြစ်သည်။ဝေမှုးသွင်၏
စာအုပ်များမှာ ယခင်ကစာအုပ်အဌားဆိုင်မှာ
ဌားရမ်းဖတ်ရှုခဲ့ရပြီး လက်ရာကောင်းခဲ့သော
စာရေးဆရာတစ်ယောက်ပင်ဖြစ်သည်။သို့ 
သော် ယခုမူ သူစာအုပ်များသည် အဘယ်
ကြောင့် စာအုပ်အပေါတန်းတွင် ပေါချင်းလော
ချင်းရောက်နေရသည်မသိချေ။ထိုကြောင့်အ
ဖြေသိရန် သူစာအုပ်များကို စိတ်ဝင်တစားဖတ်
ရှုကြည့်လိုက်သည်။
ဦးစွာ ကျွန်တော်သည်ဧဒင်ဥယျာဉ်၏
နောက်ဆုံးနေ့ဆိုသောစာအုပ်ကိုစတင်ဖတ်ရှု
လိုက်သည်။ထိုစာအုပ်ကိုဖတ်ရခြင်းမှာ အားရ
ကျေနပ်စရာကောင်းသောရသကိုပေးနိုင်ခြင်းမ
ရှိပေ။ထိုစာအုပ်တွင် စာရေးဆရာ၏အရေးအ
သားများသည် သာမန်ထက်ထူးခြားပေါ်လွင်မူ
မရှိသလို၊ ဇတ်အိမ်ဖွဲ့ထားမူမှာလည်း ခိုင်ခံမူမ
ရှိပေ။သူ ဇတ်အိမ်ဖွဲ့ထားပုံမှာ နာမည်ကျော်၇ုပ်
ရှင်မင်းသမီးတစ်ယောက် သူ့၏ရည်းစားနှင့်ချစ်
တင်နှောသောvideoကို အခြားတစ်ယောက်မှ
အသုံးချပြီး မင်းသမီးအားငွေညှစ်သောဇတ်
လမ်းပင်ဖြစ်သည်။မင်းသမီးသည် ငွေတောင်း
သောသူကိုပထမအကြိမ်တွင် ငွေဆယ်သိန်း
ပေးခဲ့သည်။ဒုတိယအကြိမ်မှာမူ မင်းသမီး
သည် သူ့ချစ်သူနှင့်ပေါ်င်းပြီး ငွေတောင်းသူကို
အမိဖမ်းလေသည်။ဇတ်လမ်းတည်ဆောက်ပုံမှာ စိတ်ဝင်းစားဖွယ်ကောင်းသောလည်း စာရေး
သူမှာ စာဖတ်သူစိတ်လှုပ်ရှားအောင်ရေးဖွဲ့နိုင်
ခြင်းမရှိခဲ့ပေ။ထိုသို့ ဖြစ်ရခြင်းမှာ စာရေးဆရာ
သည်ဇတ်လမ်း၏ tempoကိုမြှင့်မပေးနိုင်ခြင်းက
အဓိကအမှားပင်ဖြစ်သည်။ငွေညှစ်သောသူ
သည် မင်းသမီးဆီမှပထမအကြိမ်ငွေညှစ်သော
အခါ သေချာအကွတ်ကျကျစီစဉ်ပြီးငွေကိုရယူ
သွားသည်။ထိုနေရာမှစတင်ပြီး စာရေးဆရာ
သည်ဇတ်လမ်းကိုပြန်လည် ဇတ်ရှိန်မမြှင့်တော့
ပေ။သာမန်ကာလျံသာရေးဖွဲ့တော့သည်။အမှန်
ဆိုလျှင် သူ၏၀ထ္ထူထဲတွင် မင်းသမီး၏
ကြောက်၇ွံ့ခြင်း၊စိုးရိမ်ခြင်း အပူဗျာပါဒမီးလောင်
ကျွမ်းခြင်းနှင့်အတူ ရှက်ရွံခြင်းဆိုသောခံစား
ချက်များအပြင် ထိုမင်းသမီးဘာလုပ်ရင်
ကောင်းမည်နည်း၊မည်သို့ စီစဉ်အားထုတ်မည်
နည်းဆိုသောအချက်များကို ထည့်သွင်းထား
သင့်ချေသည်။သို့သော် စာရေးဆရာက အဓိက
ဇတ်ကောင်ဖြစ်သောမင်းသမီးကို ရုပ်သေးရုပ်ပ
မာထားပြီး ငွေညှစ်သောသူ၏ ပုံစံအတိုင်းသာ
လိုက်နာကျင့်သုံးစေခဲ့ကာ မင်းသီး၏လွတ်
မြောက်ရန်ကြိုးပမ်းအားထုတ်မူကို လုံးစေ့ပတ်
စေ့မဖော်ပြသောကြောင့် ၀ထ္ထူမှာသေဆုံးသွား
ရချေသည်။အကယ်၍သာစာရေးဆ၇ာသည်
သူ၏၀ထ္ထူကို ကျွန်တော်တင်ပြသကဲ့သို့ ရေး
ဖွဲ့နိုင်ခဲ့မည်ဆိုလျှင် ထိုဝထ္ထူသည်အကောင်း
ဆုံးလက်ရာတစ်ခုဖြစ်လာမည်မှာမလွဲဧကန်ဖြစ်တော့သည်။(ဆက်ရန်)
ဝေမှုူးသွင်၏စာအုပ် ၃ အုပ်
တစ်နေ့တွင် ကျွန်တော်သည်အလုပ်
အားသောကြောင့် ကျွန်တော်ယခင်လုပ်ခဲ့ဖူး
သော ပန်းဆိုးတန်းရှိစာအုပ်အဟောင်းတန်း
များရှိထွက်လာခဲ့သည်။ထိုနေရာရောက်တော့
ယခင်အလုပ်ရှင်က ကျွန်တော်ကိုပြန်အလုပ်
လုပ်ရန်ပြန်ခေါ်သည်။ကျွန်တော်လည်း ယခု
အလုပ်မှာအဆင်ပြေနေသောကြောင့် မလုပ်
တော့ဟုငြင်းလိုက်သည်။ထိုနောက် ဒီတိုင်းပြန်
ထွက်လာရမှာ အားနာသောကြောင့် တစ်အုပ်
(၂၀၀)နှင့်ရောင်းချနေသော စာအုပ်အပုံထဲမှ
စာအုပ် ၃ အုပ်ဝယ်ယူကာပြန်ထွက်လာခဲ့
သည်။ထိုစာအုပ် ၃အုပ်မှာ ဝေမှုးသွင်ရေးသား
သော ဧဒင်ဥယျာဉ်၏နောက်ဆုံးနေ့၊မိုးအယ်
ဘမ်နှင့် သူငယ်ချင်းလွယ်အိတ်ထဲကချစ်သူဆို
သောစာအုပ်သုံးအုပ်ဖြစ်သည်။ဝေမှုးသွင်၏
စာအုပ်များမှာ ယခင်ကစာအုပ်အဌားဆိုင်မှာ
ဌားရမ်းဖတ်ရှုခဲ့ရပြီး လက်ရာကောင်းခဲ့သော
စာရေးဆရာတစ်ယောက်ပင်ဖြစ်သည်။သို့ 
သော် ယခုမူ သူစာအုပ်များသည် အဘယ်
ကြောင့် စာအုပ်အပေါတန်းတွင် ပေါချင်းလော
ချင်းရောက်နေရသည်မသိချေ။ထိုကြောင့်အ
ဖြေသိရန် သူစာအုပ်များကို စိတ်ဝင်တစားဖတ်
ရှုကြည့်လိုက်သည်။
ဦးစွာ ကျွန်တော်သည်ဧဒင်ဥယျာဉ်၏
နောက်ဆုံးနေ့ဆိုသောစာအုပ်ကိုစတင်ဖတ်ရှု
လိုက်သည်။ထိုစာအုပ်ကိုဖတ်ရခြင်းမှာ အားရ
ကျေနပ်စရာကောင်းသောရသကိုပေးနိုင်ခြင်းမ
ရှိပေ။ထိုစာအုပ်တွင် စာရေးဆရာ၏အရေးအ
သားများသည် သာမန်ထက်ထူးခြားပေါ်လွင်မူ
မရှိသလို၊ ဇတ်အိမ်ဖွဲ့ထားမူမှာလည်း ခိုင်ခံမူမ
ရှိပေ။သူ ဇတ်အိမ်ဖွဲ့ထားပုံမှာ နာမည်ကျော်၇ုပ်
ရှင်မင်းသမီးတစ်ယောက် သူ့၏ရည်းစားနှင့်ချစ်
တင်နှောသောvideoကို အခြားတစ်ယောက်မှ
အသုံးချပြီး မင်းသမီးအားငွေညှစ်သောဇတ်
လမ်းပင်ဖြစ်သည်။မင်းသမီးသည် ငွေတောင်း
သောသူကိုပထမအကြိမ်တွင် ငွေဆယ်သိန်း
ပေးခဲ့သည်။ဒုတိယအကြိမ်မှာမူ မင်းသမီး
သည် သူ့ချစ်သူနှင့်ပေါ်င်းပြီး ငွေတောင်းသူကို
အမိဖမ်းလေသည်။ဇတ်လမ်းတည်ဆောက်ပုံမှာ စိတ်ဝင်းစားဖွယ်ကောင်းသောလည်း စာရေး
သူမှာ စာဖတ်သူစိတ်လှုပ်ရှားအောင်ရေးဖွဲ့နိုင်
ခြင်းမရှိခဲ့ပေ။ထိုသို့ ဖြစ်ရခြင်းမှာ စာရေးဆရာ
သည်ဇတ်လမ်း၏ tempoကိုမြှင့်မပေးနိုင်ခြင်းက
အဓိကအမှားပင်ဖြစ်သည်။ငွေညှစ်သောသူ
သည် မင်းသမီးဆီမှပထမအကြိမ်ငွေညှစ်သော
အခါ သေချာအကွတ်ကျကျစီစဉ်ပြီးငွေကိုရယူ
သွားသည်။ထိုနေရာမှစတင်ပြီး စာရေးဆရာ
သည်ဇတ်လမ်းကိုပြန်လည် ဇတ်ရှိန်မမြှင့်တော့
ပေ။သာမန်ကာလျံသာရေးဖွဲ့တော့သည်။အမှန်
ဆိုလျှင် သူ၏၀ထ္ထူထဲတွင် မင်းသမီး၏
ကြောက်၇ွံ့ခြင်း၊စိုးရိမ်ခြင်း အပူဗျာပါဒမီးလောင်
ကျွမ်းခြင်းနှင့်အတူ ရှက်ရွံခြင်းဆိုသောခံစား
ချက်များအပြင် ထိုမင်းသမီးဘာလုပ်ရင်
ကောင်းမည်နည်း၊မည်သို့ စီစဉ်အားထုတ်မည်
နည်းဆိုသောအချက်များကို ထည့်သွင်းထား
သင့်ချေသည်။သို့သော် စာရေးဆရာက အဓိက
ဇတ်ကောင်ဖြစ်သောမင်းသမီးကို ရုပ်သေးရုပ်ပ
မာထားပြီး ငွေညှစ်သောသူ၏ ပုံစံအတိုင်းသာ
လိုက်နာကျင့်သုံးစေခဲ့ကာ မင်းသီး၏လွတ်
မြောက်ရန်ကြိုးပမ်းအားထုတ်မူကို လုံးစေ့ပတ်
စေ့မဖော်ပြသောကြောင့် ၀ထ္ထူမှာသေဆုံးသွား
ရချေသည်။အကယ်၍သာစာရေးဆ၇ာသည်
သူ၏၀ထ္ထူကို ကျွန်တော်တင်ပြသကဲ့သို့ ရေး
ဖွဲ့နိုင်ခဲ့မည်ဆိုလျှင် ထိုဝထ္ထူသည်အကောင်း
ဆုံးလက်ရာတစ်ခုဖြစ်လာမည်မှာမလွဲဧကန်ဖြစ်တော့သည်။(ဆက်ရန်)
posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်