Thursday, October 30, 2014

my sight 2

ဝေမှုးသွင်​၏စာအုပ်​ ၃အုပ်​ ၂

နောက်​ထပ်​ ​ဝေမှုးသွင်​၏မိုးအယ်​ဘမ်​ဆို
သောစာအုပ်​ကိုထပ်​ဖတ်​ဖြစ်​သည်​။ထိုမိုးအယ်
ဘမ်​ဆို​သော စာအုပ်​တွင်​မူ စာ​ရေးဆရာ​ဝေမှုး
သွင်​ကိုချီးကျုးရမည်​ဖြစ်​သည်​။ထိုစာအုပ်​တွင်
သူ၏ပင်​ကိုယ်​လက်​ရာကိုပြန်​မြင်​​တွေ့ရသည်​။
ထိုစာအုပ်​၏ဇတ်​လမ်းအကျဉ်းမှာ စာ​ရေးဆရာ
တစ်​​ယောက်​​တွေ့ကြုံ​နေရ​သည့်​ ထူးခြား​သော
အဖြစ်​အပျတ်​တစ်​ခုကို ​ရေးဖွဲ့တင်​ပြထားခြင်း
ဖြစ်​သည်​။ထိုစာအုပ်​တွင်​ စာ​ရေးဆရာက စာ
ဖတ်​သူကို ၀ထ္ထူတစ်​အုပ်​လုံး လက်​ကမချဘဲ
ဖတ်​ချင်​​အောင်​ ​ရေးဖွဲ့ပြနိုင်​ခဲ့သည်​။ထိုစာအုပ်
ထဲတွင်​ ကျွန်​​တော်​အထူးသ​ဘောကျမိသည်
မှာ ၀ထ္ထူထဲမှ ဇတ်​​ကောင်​ဖြစ်​​သော စာ​ရေးဆ
ရာ၏ခံယူချက်​ဖြစ်​သည်​။ထိုဇတ်​​ကောင်​ စာ​ရေး
ဆရာ၏ခံယူချက်​များကို ​ဝေမှုးသွင်​ကပုံ​ဖော်​ပြ
ထားသည်​မှာ
(ယခု ဒီဘက်​နှစ်​​တွေမှာ စာ​ပေ
လောကကို သရဲတ​စ္ဆေ၀ထ္ထူ​တွေ ​ခေတ်​စား​နေ
၏ဂီတ​လောကမှာပင်​ သရဲ၊တ​စ္ဆေအ​ကြောင်း
တွေ သီချင်းထဲထည့်​ဆိုကုန်​ကြပြီ၊ ဒါ​ပေမယ့်
အဆိုးဝါးဆုံးက​တော့ စာ​ပေ​လောက တစ်​ချို့
စာ​ရေးဆရာများသည်​သူထက်​ငါ စာအုပ်
ရောင်း​ကောင်း​အောင်​ မဟုတ်​ကဟုတ်​က​တွေ
လျှောတ်​​ရေးပြီး ​ကြေညာ​နေကြတာ​တွေ့ကြ၏
သူက​တော့ အချစ်​၀ထ္ထူ​ရေး​သော စာ​ရေးဆရာ
တစ်​ဦးသာဖြစ်​သည်​ ။ သူလည်း သရဲဝထ္ထူဆို
ပြီး ဘုရားသမိုင်း​တွေ၊ဥစ္စာ​စောင့်​၊သိုက်​​စောင့်
အ​ကြောင်း​တွေ၊နိုင်​ငံခြားမှ လူသတ်​ကား၊၀ိ
ညာဉ်​ကား​တွေကို အဆင်​​ပြေသလို ဟိုနည်း
နည်း ဒီနည်းနည်း ဒါမှမဟုတ်​ အစအဆုံးကူးချ
ကာ လုပ်​စားလျှင်​ရပါသည်​။သို့ ​သော်​မလုပ်​ချင်
အဲဒီလိုမဟုတ်​မဟတ်​​တွေလုပ်​ဖို့  သူစိတ်​ဓာတ်
မကျ၊ခွက်​လည်းမကျ​ချေ။pg.8.)ဟူ၏ထိုစာအ
ရေးအသားသည်​ စာ​ရေးဆရာတစ်​​ယောက်​၏
စာ​ပေခံယူမူကို ထိထိမိမိ​ရေးဖွဲ့ပြနိုင်​ခဲ့ခြင်းပင်
ဖြစ်​သည်​။
ဝေမှုးသွင်​၏ မိုးအယ်​ဘမ်​ထဲမှ အထူး
ခြားဆုံးဖြစ်​စဉ်​မှာ ဇတ်​​ကောင်​မင်းသမီးသည်
ကားတိုက်​ခံရပြီး​ဆေးရုံ​ပေါ်တွင်​ တစ်​လ
လောက်​သတိလစ်​​နေခဲ့သည်​။ထိုအ​ကြောင်း
ကိုစာ​ရေးဆရာကမြှပ်​ကွတ်​လုပ်​ပြီး စာဖတ်​သူကိုစိတ်​၀င်​စား​အောင်​ ​ရေးဖွဲ့ပြခဲ့ခြင်း
ဖြစ်​သည်​။ဆေးရုံတတ်​​နေရ​သော ​ကောင်​မ
လေးတွင်​ အမွှာညီမတစ်​​ယောက်​ရှိ​နေသည်​။
သို့ ​သော်​ထိုအမွှာညီမမှာ​သေဆုံးခဲ့ပြီဖြစ်​သည်
။ထို​နောက်​၀ထ္ထူထဲမှ ဇတ်​​ကောင်​စာ​ရေးဆရာ
သည်​ ၀ိညာဉ်​မ​လေးနှင့်​ချစ်​ကြိုးသွယ်​မိ​ချေ
သည်​။ထိုဝိညာဉ်​မ​လေးသည်​ ​ဆေးရုံ​ပေါ်မှာ
ရောက်​​နေ​သော ​ကောင်​မ​လေး၏၀ိညာဉ်​လား
၊​သေဆုံးနှင့်​ပြီး​သော​ကောင်​မ​လေး၏၀ိညာဉ်​လားဆိုသည်​ကိုမူ ​ဝေခွဲမရ​အောင်​​ရေးထားသည်​။
ထိုသို့​ရေးခြင်းကပင်​ ထိုဝထ္ထူ၏ဇတ်​ရှိန်​ကိုမြင့်
မား​စေခဲ့ပြီးဝထ္ထူ​ကောင်းတစ်​ပုဒ်​ဖြစ်​​စေခဲ့ပါ
သည်​။
ကျွန်​​တော်​သည်​ တစ်​ဆက်​တည်းမှာပင်
တတိယစာအုပ်​ဖြစ်​​သော သူငယ်​ချင်းလွယ်
အိတ်​ထဲကချစ်​သူကို ထပ်​ဖတ်​ကြည့်​မိသည်​။
ထိုဝထ္ထူမှာဇတ်​လမ်းတည်​​ဆောက်​ပုံရိုးရိုးရှင်း
ရှင်းဖြစ်​ပြီး အ​ရေးအသားကိုအဓိကအားပြု
သောပုံစံမျိုးဖြစ်​သည်​။သို့ ​သော်​ စာ​ရေးဆရာ
၏အ​ရေးအသားများသည်​ ဆရာမင်းလူ၏အ
ရေးအသားနှင့်​ဆင်​တူ​နေသည်​ဟု ကျွန်​​တော်
သံသယ၀င်​မိ​ပေသည်​။ ယင်းမှာ​ဝေမှုူးသွင်
ကိုယ်​တိုင်​ကပင်​ ဆရာမင်းလူကိုတုပ​ရေးခဲ့သ
လော၊သို့ မဟုတ်​ တိုက်​ဆိုင်​မူပဲ​လောဆိုသည်
ကိုမူ မခန့်​မှန်းနိုင်​ပါ​ချေ။မည်​သို့ ပင်​ဖြစ်​ဖြစ်​ ထို
ဝထ္ထူထဲတွင်​ ကျွန်​​တော်​ကြိုက်​မိ​သောကဗျာ
တစ်​ပုဒ်​ရှိ​နေခဲ့သည်​။ထိုကဗျာမှာ_
နေမင်းကြီးက မှတ်​ညဏ်​မ​ကောင်းဘူး
တစ်​ခါတစ်​​လေမှာ
သူရုတ်​သိမ်းဖို့  ​မေ့ကျန်​သွားတဲ့
လမ်းမထက်​က နင့်​အရိပ်​​ဟောင်းများကို
ငါ တယုတယဖွတ်​ထားမယ်​။
(အသံတိတ်​မိုနို​လော့ဂ်​ ၃ မှ) ဖြစ်​သည်​။
ကျွန်​​တော်​၏​ဝေဖန်​မူများသည်
မည်​သူတစ်​ဦးတစ်​​ယောက်​ကို ပျတ်​​စေလို
သောဆန္ဒမျိုးမဟုတ်​ဘဲ စာ​ရေးဆရာတစ်
ယောက်​တစ်​​ယောက်​ ဖန်​တီးပြ​သောအနုပညာ
ပစ္စည်းကိုသာ ​ကောင်းသည်​၊မ​ကောင်းသည်
ဝေဖန်​ပြခြင်းသာဖြစ်​သည်​။ထို​ကြောင့်​အမှားဖြစ်​ခဲ့ပါက ၀န်​ခံ​တောင်းပန်​မူပြုရင်း ​ဝေမှုးသွင်
လည်း ဒီထက်​မကစာ​ကောင်းများစွာ​ရေးဖွဲ့နိုင်
ပါ​စေဟု ဆန္ဒပြုမိပါသည်​။
Jan18.2014
Minsetwai

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်