Sunday, November 16, 2014

မင်းဆက်ဝေ-တာရာမင်းဝေ၏စာပေခံယူချက်နှင့်အမြင်များ၃ နောက်ထပ် ဆရာတာရာမင်းဝေက (နိုင်ငံခြားကခိုးချတယ် ၊ အနောက်တိုင်းကို အထင်ကြီးတယ်ပေါ့လို့  စွတ်စွဲတဲ့ သူတွေကိုစိတ်ဆိုးပေမယ့် အစွတ်စွဲခံရတာကိုမဟုတ်လို့  ၀မ်းနည်းတယ်။ ၊ကျွန်တော်တို့ ဟာမော်ဒန်ခေတ်ကြီးထဲမှာ မွေးဖွားပြီး ဖြစ်လာလာရတဲ့ လူငယ်တွေပါ။ ကျွန်တော်တို့ အပေါ်မှာ Modern Sensory Effect များ စွာဟာနေ့ စဉ်နဲ့ အမျှ သက်ရောက်နေပါတယ်။ မော်ဒန်အာရုံခံစားမူတွေ နဲ့ အတူ ကျွန်တော်တို့ ရပ်တည်ရှင်သန်နေပါတယ်။ ဒါဟာအရှိတရား(Being)ပါ။(pg-24))ဟုရေးပြပြန်သည်။ယင်းမှာမော်ဒန်နှင့်ဆိုင်သောအနူပညာရပ်များသည် ခိုးချခဲ့ ခြင်းမဟုတ်ဟု သူကဆိုခဲ့ ခြင်းဖြစ်သည်၊။မြန်မာမော်ဒန်က မြန်မာမော်ဒန်၊အင်္ဂလိပ်မော်ဒန်ကအင်္ဂလိပ်မော်ဒန်ပင်ဖြစ်သည်။ မည်သူကိုမည်သူ ကမျှ ခိုးချခဲ့ ခြင်းမဟုတ်။ခိုးချဖို့ အချိန်လည်းပေးနိုင်ကြမည်မထင်ပါ။ အကြောင်းမှာ မိမိအနုပညာဖန်တီးမူအကြောင်းကိုသာ အစဉ်အမြဲတွေးတောကြံဆနေရသောကြောင့် သူများတွေးတောကြံဆထားသည်ကို ဂရုစိုက်ရအောင်မအားလပ်ကြသောကြောင့် ပင်ဖြစ်သည်။ထိုအရာကို ဆရာတာရာမင်းဝေက ပြန်လည်ချေပလိုခြင်းပါပင်။ ဆရာတာရာမင်းဝေ၏၏ အကြောင်းကိုကြည့်လျှင် ဆရာတာရာမင်းဝေသည် စာရေးဆရာမမနော်ဟရီနှင့်အိမ်ထောင်ကျခဲ့ ပြီး ခရစ်နှစ် နှစ်ထောင်ပြည့်နှစ် ဧပြီလ(၃)ရက်တွင် သားယောကျာ်းလေးတစ်ဦးဖွားမြင်ခဲ့ သည်။ဆရာတာရာမင်းဝေသည်ငယ်စဉ်ကတည်းက အောင်မြင်ချင်စိတ်အရမ်းများခဲ့ သူဖြစ်ပြီး အဆင့်(၁)မှမရလျှင် စားမေးပွဲကိုဝင်မဖြေချင်သူဖြစ်သည်။ သူ ဘ၀တွင် ထူးချွန်မူသာ အမြင့်ဆြုံးရောက်အောင် တတ်နိုင်သောလှေကားဟု သူယုံကြည်ထားခဲ့ သည်။ သို့ သော် နောက်ထပ်စဉ်စားစရာတစ်ခုကို သူထပ်တွေ့ ခဲ့ ပြန်သည်။ ယင်းမှာ အမြင့်ဆုံးရောက်ပြီး မကျအောင်ထိန်းထားနိုင်ခြင်းကသာ ပညာဟူ၏ ထိုနောက်သူကောက်ချက်ချခဲ့ သည်က အကြိမ်ကြိမ်ပြန်တတ်နို်င်ခြင်းကပိုပြီးလေးနတ်ပြင်း ထန်သ်ာဟူ၏။(ဆက်ရန်)

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်