Sunday, November 16, 2014

မင်းဆက်ဝေ-တာရာမင်းဝေ၏စာပေခံယူချက်နှင့်အမြင်များ၂ by minsetwai ထပ်ပြီးဆရာတာရာမင်းဝေက သူဝထ္ထူများအားဝေဖန်ခ့ရခြင်းအပေါ် ပြန်လည်ဖော်ပြပေးပြန်ရာ- (ကျွန်တော်နားလည် ယုံကြည်မိတဲ့ အတိုင်း ၀ထ္ထူတိုလေးတွေရေးခဲ့ ပါတယ် ။ ကျွမ်းကျင်တဲ့ဆရာသမားတွေက မော်ဒန်ဝထ္ထူတိုအဖြစ် သတ်မှတ်ကြပါတယ် ။ ကျွန်တော်ဖတ်မှတ်လေ့လာမူအရလည်း ကျွန်တော်ဝထ္ထူတိုတွေဟာ မော်ဒန်ဝထ္ထူတိုတွေ ရဲ့ အင်္ဂါရပ်တော်တော်များများနဲ့  သွားရောက်ကိုက်ညီနေတာကိုတွေါ့ရပါတယ်။ ဒီနေရာမှာကျွန်တော်ပြောချင်တာက ကျွန်တော်ရေးတတ် သလိုရေးလိုက်တာပဲဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ ကိုက်ညီအောင် မော်ဒန်ဖြစ်လာအောင်ဆိုပြီး ရေးတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်မှာ မော်ဒန်ဆေးကြိမ်လုံးမရှိပါဘူး။pg-23) (ကျွန်တော်ဝထ္ထူတိုတွေဟာ မော်ဒန်ဝထ္ထူတိုဟုတ်တယ်လိုပြောလာရင် ၇ယ်နေမှာဖြစ်သလို ။ မဟုတ်ဘူးလို့ ပြောလာရင်လည်း ရယ်နေမှာပါပဲ။ ဒီလိုဖြစ်နေတာကျွန်တော်တစ်ယောက်တည်းပဲလာလို့  ဆက်စဉ်စားတဲ့ အခါ ပြသ-နာကကြယ်ပြန့် လာပါတယ်။ တခြား လူငယ်တွေလည်း ကျွန်တော်လိုပဲရှိတယ်။ ကိုယ်ဘာသာအနုပညာဖန်တီးတယ် ။မော်ဒန်အနုပညာဆန်တယ်။အဲဒီမှာအစွတ်စွဲခံရတော့တာ ပဲ။pg-23) ရေးသားထား၏ ဆရာတာရာမင်းဝေသည် သူ့ ဘ၀၏စာပေခံယူချက်ကိုဖော်ပြရာတွင် သူ့ အတွတ်ကိုရှေ့တန်းမတင်ဘဲ လူငယ်တစ်ရပ်လုံးအ တွတ် ကာကွယ်ရပ်တည်ပေးသွားသည်ကို ထူးခြားစွာမြင်ရသည်။ မိမိခံစားချက်ဖြင့် မိမိပုံဖော်ခဲ့ သော အနုပညာက သူတစ်ပါးပြု လုပ်ထားသောပစ္စည်းနှင့် တူကောင်းတူပေလိမ့်မည်။သို့ သော် မိမိပြုလုပ်သောအနုပညာပစ္စည်းက မိမိကိုယ်ပိုင်ပစ္စည်းပင်ဖြစ်သည်။ အတုမဟုတ်ဟု ဆရာတာရာမင်းဝေက ချေပထားခဲ့ ခြင်းဖြစ်သည်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်