မင်းဆက်ဝေ တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ၎
ဆရာတာရာမင်းဝေက သူကိုယ်သူအစွန်း
ရောက်သူဟု ၀န်ခံခဲ့ဖူးသည်။ထိုအချက်ကြောင့်
ဆရာတာရာမင်းဝေကို ကျွန်တော်ပိုလေးစားသွား
မိသည်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်မှာ
လည်းအစွန်းရောက်သောစိတ်ရှိသောကြောင့်ဖြစ်
သည်။ထိုသို့အစွန်းရောက်သမားများအတွတ် ဆ
ရာတာရာမင်းဝေ၏ဒသ¿နက ဓားတစ်လတ်ကို
အထက်မြဆုံးသွေးချင်လျှင် အစွန်ဆုံးဦးချွန်ဆီ
ရွေ့လျားရမှာပဲဟူ၏ထိုဒသ¿နသည် သူ၏စိတ်ကို
ကျောက်သားကဲ့သို့ခိုင်မာအောင်ပြုလုပ်ပေးနိုင်ခဲ့ပုံ
ပင်။
ဆရာတာရာမင်းဝေသည် အားနာတတ်
သောသူတစ်ယောက်လည်းဖြစ်သည်။ထိုကြောင့်သူ့
ကိုသူမိတ်ဆွေများက ဆူပူတတ်ကြသည်။သူကိုယ်
တိုင်လည်း ထိုသို့စိတ်သဘောထားကြီးမူမှာနေရာ
တိုင်း မကောင်းကြောင်း သိသည်။ သို့သော် သူ
သည်အားမနာတတ်သောသူများကို အရှုံးပေးစမြဲ
ဖြစ်သည်။ယင်းမှာ သူသည် အနုပညာကို ဖတ်
တွယ်ရင်း ဒုက္ခနွံအနစ်ခံကာ ပေးဆပ်ပြခြင်းပင်
ဖြစ်သည်။
ဆရာတာရာမင်းဝေသည် ကွယ်လွန်
သွားခဲ့သည့်အထိ ခံယူချက်ကိုမကျိုးပေါ်က်အောင်
ထိန်းထားနိုင်ခဲ့ပြီး ကွယ်လွန်သွားသည့်အထိအနု
ပညာအပေါ်ရူးသွပ်ပြနိုင်ခဲ့သည်။ ထိုအတွတ် ကျွန်တော်တို့မှသူကိုလေးစားအားကျမိသည်။ ထို
ကြောင့်သူ၏ခံစားချက်များကို ထပ်မံပြီးဖော်ထုတ်
ပြချင်မိသည်။ထိုအတွတ် ဆရာတာရာမင်းဝေ၏
စာအုပ်ထဲမှ ၂၀၀၆ခုနှစ်က ထုတ်ဝေခဲ့သော မျဉ်း
ဖြောင့်ဧရိယာဟု အမည်ပေးထားသော စာအုပ်ကို
ရွေးချယ်တင်ပြချင်ပါသည်။ထိုစာအုပ်သည် ဆရာ
တာရာမင်းဝေက သူ၏အတွေးအခေါ်ပေါ်င်းများ
စွာဖြင့် ထုံးမွှန်ရေးဖွဲ့ထားခဲ့ချေသည်။(ဆက်ရန်)

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်