မင်းဆက်ဝေ=
တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ၅
ဆရာတာရာမင်းဝေ၏ ထိုစာအုပ်မှ လူနှင့်ကမ္ဘာပတ်လမ်းဆိုသောခေါ်င်းစဉ်အောက်
တွင် စတင်တွေ့ရသောအတွေးအခေါ်တစ်ခုမှာ_
( လောကထဲမှာ လမ်းလျှောတ်နေသော
သချိုင်းမှတ်တိုင်များကို
လူဟုခေါ်သည်။pg_10)ဟူ၍ဖြစ်သည်။ယင်း
အတွေးအခေါ်မှာ လူ၏အဓိပ္ပါယ်ကို ဆရာတာရာ
မင်းဝေက မော်ဒန်ဆန်ဆန်ဖြင့် ဖွင့်ဆိုလိုက်ခြင်း
ဖြစ်သည်။ထိုအဓိပ္ပါယ်သည်အလွန်မှ လေးလေးနတ်နတ်၇ှိလှသာကြောင့် အလုံစုံဖွင့်ဆို
ပြဖို့၇ာ ခက်ခဲံလှပေသည်။လူသည် တစ်နေ့နေ့
တွင်သေရမည်မှာမုချဖြစ်သည်။ထိုကြောင့်သေခြင်း
ကိုစောင့်ဆိုင်းနေရသော မှတ်တိုင်တစ်ခုပင်ဖြစ်
သည်။သို့သော်စောင့်ဆိုင်းနေရာတွင် လူဟူသည်
ငြိမ်သက်၍စောင့်ဆိုင်းနေရခြင်းမျိုးမဟုတ်။ လှုပ်
ရှားရုန်းကန်ပြီး ဘ၀ကိုဖြတ်ကျော်သွားလာနေရ
သောကြောင့် လူဟူသည် လမ်းလျှောတ်သွားနေ
သောမှတ်တိုင်ပင်ဖြစ်ပေတော့သည်။ထိုနောက်
ထပ်ပြီးတွေ့ရသော ဆရာ၏အတွေးအခေါ်တစ်ခု
မှာ_
(အက်တမ်ဗုံးတစ်လုံး ပေါ်က်ကွဲပြီးနောက်
နောက်တစ်လုံးထပ်ပေါ်က်လုပေါ်က်ခင်
ကြားကာလကိုသာ ငြိမ်းချမ်းရေးဟု
လူတို့ခေါ်ဆိုလာကြရပေမည်။pg_10)ဟူ၍
ဖြစ်သည်။မှန်ပါသည်။ယနေ့ကမ္ဘာသည် ငြိမ်းချမ်း
ခြင်းမရှိဖြစ်နေသည်။အကြမ်းဖက်မူပေါ်င်းမြောက်
များစွာဖြင့် ၊ကပ်ရောဂါပေါ်င်းမြောက်မြားစွာဖြင့်
လူသားတို့မှာ အသက်ရှင်နေထိုင်လျှက်ရှိရာ ငြိမ်း
ချမ်းခြင်းဟူသည် တစ်ခဏတာသာ ရနိုင်ပေ
တော့သည်။ထိုအကြောင်းကို ဆရာတာရာမင်းဝေ
က ထိထိရောက်ရောက်ရေးသားပြခဲ့ခြင်းဖြစ်
သည်။ထပ်၍ _
(စိတ်ရှိလက်ရှိ ဆွဲဖြဲခံလိုက်ရသော
ဘူဖဲတစ်ချပ်လို ဘ၀သည်ပြဲထွက်သွား၏။
Pg_10)ဟု ဆရာတာရာမင်းဝေကရေးဖွဲ့
ပြန်သည်။ထိုစာသားသည် အလွန်တရာမှမော်ဒန်
ဆန်လွန်းပါသည်။

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်