ကဗျာလူသား၅
စိတ်ကျရောဂါ
အချစ်ကြောင့် ငါကဗျာဆရာဖြစ်လာတာ
အလွမ်းကြောင့် ငါခံစားချက်တွေရလာတာ
ဒီတော့.....
မခံစားတတ်တဲ့ စက်ရုပ်ဆို
ငါဘ၀က ကောင်းမှာပါ။
အခုတော့....
ရေကုန်ရေခမ်းကြိုးပမ်းပြီးကာမှ
ရလဒ်က သုညကြွင်းခဲ့ပြီမို့
တိတ်တိတ်ဆိတ်ဆိတ်နဲ့
တိတ်တိတ်ကလေးပဲ လွမ်းမိတယ်။
ဒီလိုနဲ့
မင်းအမုန်းတွေဖိတ်ကျနေတဲ့ ညဆိုးတွေကြား
အိမ်မက်ဆိုးတွေ လက်ယက်ခေါ်နေလို့
ငါတော့
လိပ်တစ်ကောင်လို
ခေါ်င်းငုံပုန်းနေလိုက်ချင်တယ်ကွယ်။
ဘာဖြစ်ဖြစ်ပေါ့လေ
အလွမ်းတွေကို
ကဗျာနဲ့ ထွန်းညှီပူဇော်လိုက်တာကပဲ
သက်သာမူလေး ရစေပါလိမ့်မယ်။
Dec18.2014
Minsetwai
စိတ်ကျရောဂါ
အချစ်ကြောင့် ငါကဗျာဆရာဖြစ်လာတာ
အလွမ်းကြောင့် ငါခံစားချက်တွေရလာတာ
ဒီတော့.....
မခံစားတတ်တဲ့ စက်ရုပ်ဆို
ငါဘ၀က ကောင်းမှာပါ။
အခုတော့....
ရေကုန်ရေခမ်းကြိုးပမ်းပြီးကာမှ
ရလဒ်က သုညကြွင်းခဲ့ပြီမို့
တိတ်တိတ်ဆိတ်ဆိတ်နဲ့
တိတ်တိတ်ကလေးပဲ လွမ်းမိတယ်။
ဒီလိုနဲ့
မင်းအမုန်းတွေဖိတ်ကျနေတဲ့ ညဆိုးတွေကြား
အိမ်မက်ဆိုးတွေ လက်ယက်ခေါ်နေလို့
ငါတော့
လိပ်တစ်ကောင်လို
ခေါ်င်းငုံပုန်းနေလိုက်ချင်တယ်ကွယ်။
ဘာဖြစ်ဖြစ်ပေါ့လေ
အလွမ်းတွေကို
ကဗျာနဲ့ ထွန်းညှီပူဇော်လိုက်တာကပဲ
သက်သာမူလေး ရစေပါလိမ့်မယ်။
Dec18.2014
Minsetwai
posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်